ချိုချိုချဉ်ချဉ် ကနစိုးသီး
ကနစိုးသီးကို မြစ်ဝကျွန်းပေါ်မှာဘဲ ရတယ်ထင်မိတာ မှားသွားပြီ ဟုမ္မလင်းမှာလည်း ကနစိုးပင်တွေ တွေ့ရတယ်။ စျေးထဲမှာလည်း အတွဲလိုက်တွေရောင်းကြတယ်။ အလုံးရေ ၁၀၀ ကျော်လောက်ပါတဲ့အတွဲကို ၅၀၀ ကျပ်တဲ့။ စားကြည့်တော့ ချဥ်ချိုချိုအရသာ၊ မျက်စေ့တဖက် မှိတ်တော့ စျေးရောင်းသော ရှမ်းနီပျိုမ က ရယ်တယ်။ ချိုတာလည်းရှိတယ်တဲ့။ ကနစိုးသီးရဲ့ အင်္ဂလိပ်အမည်ကလည်း စိတ်ဝင်စားစရာ Burmese grape မြန်မာ့စပျစ်သီး တဲ့။
Baccaurea ramiflora
Family: Phyllanthaceae
English name: Burmese grape
Fruiting period: July
Location. Naung pa kyit,Homalin
ကနစိုးသီးက မိုးရာသီမှ ပေါ်တာ၊ အများကြီးလည်း မစားရဖူး။ ဟုမ္မလင်း က ဒေသခံ အမကြီးကတော့ ဘုံဇာသီးလို့ လည်း ခေါ်တယ် လို့ပြောပြတယ်။ အချိုးအစားများပြီး သေတတ်လို့တဲ့။ ဟုတ်တာမှန်တာ နောက်ထား ဒေသအခေါ် အမည်တခု ဗဟုသုတတော့ တိုးပြန်ပြီ။

ကနစိုးသီး မှာ အဓိကပါတာက ချဥ်သော ဓာတ် ဗီတာမင် C (178 miligrams ) ဖြစ်တယ်။ နောက်ပြီး Ca ကယ်လစီယမ် , Protein ပရိုတင်း, Mg မဂ္ဂနီစီယမ် , phosphorous ဖော့စဖောရပ်စ် , K ပိုတက်စီယမ် , Na ဆိုဒီယမ် ,Fe သံဓာတ် တွေပါဝင်တယ်။ Covid 19 ကာလမှာ အဓိက လိုနေတာက ကိုယ်ခံအားကောင်းဖို့ပါ။ အသီးမှာ ဗီတာမင် C နဲ့ Fe သံဓာတ်ပါဝင်မှုကြောင့် ပြီး ကိုယ်ခံအားလည်းကောင်းစေနိုင်ပါတယ်။ ထိခိုက်ဒါဏ်ရာတွေကို လျင်မြန်စွာကျက်စေပြီး ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါ လည်း ကောင်းစေပါတယ်။ ဒါ့ကြောင့် ဒီအချိန်ဒီကာလမှာ ကနစိုးသီးစားပေးသင့်တယ်။
ဗီတာမင် စီ ပါဝင်တာကြောင့် အအေးမိ ဖျားနာ နှာစေး နေတာတွေ သက်သာလာစေနိုင်တယ်။ အသီးမှာပါသော ဂလူးကို့စ် သကြားကြောင့် ခွန်အားကို ပြန်လည် ရရှိစေမှာပါ။ ကယ်လစီယမ် ပါဝင်တာကြောင့် အရိုးများကို သန်မာစေနိုင်တယ်။ အပူနာရောဂါ အမျိုးမျိုးနဲ့ ချွေးထွက်လွန်သော ရောဂါများသက်သာစေတယ်။ ကနစိုးသီးဟာ အရေပြား ကူးစက်ရောဂါများကိုလည်း သက်သာစေပါတယ်။ သင့်တင်ရုံမျှ စားပေးပါက ဆီး ဝမ်း လေ ကို မှန်စေတယ် လို့ ဆေးကျမ်းတွေမှာ ဆိုထားပါတယ်..
ကဲ..ဘယ်လိုလည်း..
ကနစိုးသီး စားကြမလား?
Kothet Naing Oo
ဟုမ္မလင်း
Nan
လွန်ခဲ့သော ၁ နှစ် ကဘာကြောင့်ရှင်သန်နိုင်သလဲ
ဦးမြင့်အောင်
လွန်ခဲ့သော ၄ နှစ် ကစားလို့မငြီး ကနစိုးသီး တဲ့ စားပြီးရင်း စားချင်ရင်းလေ
Htat Htat
လွန်ခဲ့သော ၅ နှစ် ကကနစိုးသီးကို ဗုံမပါသီးလို့ ခေါ်ပါသတဲ့ သူ့ကိုများများ စားရင် ဝမ်းလျှောပြီး သေတတ်လို့ပါတဲ့ သူ့ကို အခွံနွာ ပြီး စားရင် အလယ်အူတိုင် လေးပါ ဝါးစားပေးရပါသတဲ့ အပင်ပေါက်လွယ်တယ် အတွဲလိုက် မြေကြီးပေါ် ပစ်ချထားရင်တောင် အပင် ပေါက်ပါတယ် မွန်ပြည်နယ် ဘက်မှာပေါပါတယ်
Kan Nyunt Wai @ Ko Kan
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးနည်းလေးတင်ပေးပါလား
ဒေါ်ဆက်ဆက်
လွန်ခဲ့သော ၅ နှစ် ကကနစိုးသီးကြိုက်တာလေ စိုက်ချင်တယ် ပျိုးပင်ရှိလား
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....