အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောကြက်မောက် နှင့် ကြက်မောက်ပန်း

တောကြက်မောက် နှင့် ကြက်မောက်ပန်း

Green Way
Green Way • 09/09/2021

Celosia L.,

Celosia argentea L.,

Common name: silver cock's comb,

Family. Amaranthaceae

ဒီအပင်လေးတွေရဲ့ဒေသအမည်က တောကြက်မောက်ဖြစ်သည်။ မျိုးရင်း Amaranthaceae ထဲပါဝင်သည်၊ Amaranthaceae ဆိုသည့် Family က ကျနော်တို့နှင့်မစိမ်းလှပါ။ နေ့စဉ်နီးပါးစားသုံးနေသည့် ဟင်းနုနွယ် အပင်များ၊ ဘုရားပန်းတင်သည့် ကြက်မောက်ပန်းများ၊ မညှိုးလုံးပန်းများ၊ နောက်ပိုးမြက်များ၊ ရွက်နားထောင်းပင်၊ အီဆူးပင်၊ အုံးဖွဲပင်၊ အလှစိုက်ရွက်လှ စသည်ဖြင့် မျိုးစုများစွာပါသည့် မျိုးရင်းကြီးတခုဖြစ်သည်။ ယခုတွေ့ရသည့် တောကြက်မောက်ပင်တွေက အရိုင်းပေါက်သည်။ အဖြူရောင် ပန်းခိုင်အလုံးတွေပွင့်သည်။ ခုတ်မနိုင်သော ပေါင်းဖြစ်သည်။ တောင်သူတွေစိတ်ညစ်ရသည့် အပင်ဖြစ်သည်။ သို့သော် ဒီအပင်တွေက ကျွဲနွားစာအတွက်အသုံးဝင်သည်။ ရနံ့မရှိ အများအားဖြင့် ပုရွက်ဆိတ် အနက်များဖြင့် ဝတ်မှုံကူးကြသည်။ သေချာတာတစ်ခုကတော့ ပန်းအားလုံး petals ပွင့်ချပ်မရှိကြပါ။ အလှအပကို bracts ပွင့်ခံရွက် များကသာ တာဝန်ယူထားသည်။

ကလေးမှာတာဝန်ကျစဉ်က အနီရောင် Celosia အနွယ်ဝင် အပင်တွေအများကြီးတွေ့ခဲ့ဖူးသည်။ အဖြူကတော့ အညာမှာပိုပေါသည်။ အအေးပိုင်း ချင်းပြည်တစ်ဝိုက်မှာ အိမ်တိုင်းလိုလို ကြက်မောက်ပန်းရောင်စုံကို အလှစိုက်သည့် ဓလေ့ရှိသည်။ အိမ်ရှေ့မှာ အနီအဝါ ကြက်မောက်ပန်းကြောင့် အိမ်လေးတွေက နေချင့်သဖွယ်ဖြစ်ရသည်။ အညာဖက်မှာတော့ ကြက်မောက်ပန်းစိုက်တာတွေ့ရခဲသည်။ အဖြူ၊ အနီ အပင် နှစ်ပင်၏ morphology က ဘာမှမကွဲပြား အရောင်သာကွဲပြားသည်။ 

တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်ပျော့တွေဖြစ်သည်။ အရွက်တွေက ရွက်ထီး ရွက်လွှဲ ထွက်ကြသည်။ ပန်းခိုင်က spiciform ဖြစ်နေသည်၊ ပန်းပွင့်လေးတွေကသေးငယ်သည်၊ လိင်စုံသည်၊ bracts ပွင့်ခံရွက် ပွင့်ညှာရွက် bracteoles တွေပါသည်၊ ပန်းပွင့်မှာ ပွင့်ချပ်မပါဘဲ ပွင်ရွက်အုံ perienth ပါသည်၊ segments ၅ခုပါသည်၊ ဝတ်ဆံဖို ၅ ခုပါသည်၊ အချင်းချင်း စုဆက်နေပြီး အခြေမှာ ပြွန်ဖြစ်နေသည်၊ အနက်ရောင်ပြောင်လက်သော ပြားသော အစေ့ပါသည်။

မျိုးခွဲခြားပုံ 

ပင်စည် အစိမ်းရောင် ပန်းပွင့် အဖြူ သို့မဟုတ် ပန်းနုရောင်ကို Celosia argentia တောကြက်မောက် ဟုခေါ်သည်။ ပင်စည်အရွက်တွေက scarlet အနီရောင် အရောင်စုံပန်းတွေက အနီ သို့မဟုတ် အဝါဆိုလျှင် Celosia crista ကြက်မောက် ဖြစ်သည်။

Google မှာ Celosia လို့ ရိုက်ထည့်လိုက်လျှင် အလွန်လှသည့် Celosia မျိုးကွဲ varieties တွေ အများကြီးကျလာမှာပါ။ မေမြို့ကန်တော်ကြီးမှာကျင်းပတော့မည့် ပန်းပွဲတော်မှာလည်း Celosia မျိုးစိတ်များစွာ ပါဝင်လို့နေသည်။ အရောင်အသွေး စုံလင်လှပြီး တစ်ခါပွင့်လျှင်ရက်ပေါင်းများစွာပွင့်တတ်တာမို့ ဥယျာဉ်စိုက်ပျိုးသူများအလွန်သဘောကျသည့် ပန်းပင်လည်းဖြစ်သည်။

လူအတော်များများ မြင်ဖူးသော်လည်း အမည်နှင့် အပင်မတွဲမိကြပါဘူး။

ကဲ..မိတ်ဆွတို့ ရေ...Celosia ပန်းလေးတွေရဲ့ အလှကို ခံစားကြည့်ရအောင် ။

အားလုံးကျမ်းမာကြပါစေ။

ကိုသက်နိုင်ဦး

ဟုမ္မလင်း

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။