ရာသီဥတုနှင့်စိုက်ပျိုးသူအနည်းအများပေါ် ချိန်ဆပြီးမှ ပဲတိုင်ထောင်စိုက်ပျိုးသင့်
ရာသီဥတုအနေအထားနှင့်စိုက်ပျိုးသူအနည်းအများပေါ် ချိန်ဆပြီးမှသာ ပဲတိုင်ထောင်စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။
ပဲတိုင်ထောင်က ဈေးကွက်ကောင်းပေမယ့်လည်း နွေရာသီ ပူတဲ့အခါဆိုရင် ရွက်ထွင်းပိုးကို သတိထားပြီး စိုက်ပျိုးရတယ်။ ရွက်ထွင်းပိုးကျတယ်ဆိုရင် အထွက်နှုန်းလည်း ကျသွားတတ်လို့ပါ။ ပွင့်ထွေးပိုးနဲ့သီးလုံးပေါက်ပိုးကိုတော့ ရာသီမရွေး သတိထားရတယ်။ ပိုးသတ်ဆေးနဲ့ ကြိုတင်ကာကွယ်ရပါတယ်။ ဈေးကွက်အခက်အခဲကတော့ မိုးဦးကျဆိုရင် စိုက်တဲ့သူများလို့ ဈေးပြန်ကျတယ်။ ဒါ့ကြောင့် ရာသီဉတုနဲ့ စိုက်တဲ့သူအနည်းအများပေါ် ချိန်ဆပြီးမှသာ စိုက်ပျိုးသင့်ပါတယ်။"
ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ ပဲတိုင်ထောင်စိုက်ပျိုးသူ ဦးမျိုးမင်းက ပြောသည်။
စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် ပဲစတင်ခူးဆွတ်ရသည့် ပဲတိုင်ထောင် (ခေါ် ) တိုင်ထောင်ပဲကို မိုးဦးကျခါစကာလတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူအများစု စိုက်ပျိုးလေ့ရှိကြသည်။ စိုက်ပျိုးစရိတ်ကုန်ကျအားဖြင့်လည်း မများပြားသဖြင့် ရေတိုသီးနှံစိုက်ပျိုးရေးကိုသာ စိတ်ပါဝင်စားသူများနှင့် သီးညှပ်စိုက်ပျိုးလိုသူများနှင့် အထူးသင့်တော်သည့် ပဲအမျိုးအစားတစ်ခုလည်း ဖြစ်သည်။
ပဲတိုင်ထောင်က စိုက်ပျိုးပြီးနောက် ပထမဆုံး နှာမောင်းမထွက်ခင် (နွယ် စမတက်ခင်) တိုင်တွေထောင်ရပါတယ်။ ဝါးသဲတိုင် (ဝါးအသေးလေး) တွေ သုံးပါတယ်။ ခရမ်းချဉ်တိုင်လိုမျိုးပါပဲ။ မျိုးစေ့ကို တိုက်ရိုက်ချတဲ့စနစ်နဲ့ စိုက်ပျိုးတဲ့အတွက် မြေကြီးအစိုဓာတ်ရအောင် ရေအရင်ပေးထားရပါတယ်။ အခုလိုနွေရာသီဆိုရင်တော့ ရေကို (၂)ရက်တစ်ခါ၊ (၃)ရက်တစ်ခါလောက် ရေပေးပါတယ်။ မိုးတွင်းဆိုရင်တော့ ရေသိပ်မပေးရပါဘူး။ တစ်ပတ်လောက်မှတစ်ခါ ရေပေးရင် ရပါပြီ။
ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ ပဲတိုင်ထောင်စိုက်ပျိုးသူ ကိုသိန်းထိုက်ဦးက ပြောသည်။
ပဲတိုင်ထောင် စိုက်ပျိုးရန်အတွက် မျိုးထုပ်တစ်ထုပ်လျှင် (၃၈၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၁၆)ထုပ်ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
အေးနိုင်
လွန်ခဲ့သော ၄ နှစ် ကလယ်လိုပြုစုရမလဲ
Thantzin
လွန်ခဲ့သော ၅ နှစ် ကကျွန်နော်တိုင်တောင်ပဲအရွက်တွေလိပ်လိုဘယ်လိုလုပ်ရမလဲ
ztk
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကျေးဇူးဗျ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကသီသီဝေ ဒေသအခေါ် အဲ့ ဆေးသုံးကြည့် ပါ မိတ်ဆွေ
ztk
လွန်ခဲ့သော ၅ နှစ် ကယင်ဖြူနဲ့ဖြုတ်စိမ်းကျရောက်နေတယ်ဘယ်ဆေးသုံးရင်အဆင်ပြေနိင်လည်းဗျ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....