အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားဖိုမှူးတွေမျက်စိကျလာတဲ့ မိုက်ခရိုဂရင်း( Microgreen)

စားဖိုမှူးတွေမျက်စိကျလာတဲ့ မိုက်ခရိုဂရင်း( Microgreen)

ကျွန်တော် ဒီတစ်ခေါက်တော့ မိုက်ခရိုဂရင်းဆိုတဲ့ အပင်လေးတွေအကြောင်း ပြောချင်ပါတယ်ဗျ။

    • ပဲပင်ပေါက်လိုလည်းမဟုတ် ပဲညွန့်လိုလဲမဟုတ်တဲ့ အပင်သေးသေးလေးတွေပါ။ စေ့ရွက် ၂ ရွက်ထွက်ပြီး အလံရွက်တစ်ရွက် ထွက်တဲ့အချိန်မှာ ခူးလိုက်တဲ့ အပင်လေးတွေပါဗျ။

    • ပုံမှန်အားဖြင့် တစ်လက်မ အရွယ်အစားကနေ ၃ လက်မအရွယ်အစားထိပဲရှိတဲ့ အပင်သေးသေးလေးတွေပါ။ 

    • ပဲပင်ပေါက်၊ မြေပဲပင်ပေါက်တွေလို အမြစ်ပါစားတာမျိုးမဟုတ်ဘဲ မြေပေါ်ပိုင်းကိုစားတဲ့အပြင် ပဲပင်ပေါက်ထက် သက်တမ်းအနည်းငယ်ပိုကြာမှ ခူးစားတာမို့ အရသာပိုလေးပင်ပါတယ်။ 

စိုက်ပျိုးမယ်ဆိုရင်တော့ 

    • မျိုးစေ့တစ်မျိုးပဲလိုအပ်ပြီး ကြိုက်နှစ်သက်ရာမျိုးစေ့ကို စိုက်ပျိုးလို့ရပါတယ်ဗျ။

 (သတိပြုရမှာကတော့ ခရမ်းမျိုးနွယ်ဝင်တွေ ဥပမာ - ခရမ်းချဉ်၊ အာလူး၊ ခရမ်းသီး၊ ငရုတ် စတဲ့အပင်တွေကိုတော့ မိုက်ခရိုဂရင်းလုပ်မစားသင့်ပါဘူး။ ဒီအပင်တွေမှာတော့ အဆိပ်ရှိတတ်ပါတယ်ဗျ)

    • မြေပြင်ပေါ်မှာစိုက်လို့ရသလို အုန်းဆံမှုန့်လို မြေအတုမှာလည်း စိုက်လို့ရတာမို့ ဓာတုကင်းကင်းစားနိုင်ပါတယ်။

    • ၁ ပတ်ကနေ ၂ ပတ်ဆို ခူးစားလို့ရပြီဖြစ်ပြီး တစ်ချို့မျိုးတွေမှာတော့ ၄ ပတ်ကနေ ၆ ပတ်ထိကြာတတ်ပါတယ်။ 

    • ဒီတော့ ၂ ပတ်လောက်ကြာရင် ခူးစားလို့ရပြီပေါ့ဗျာ။ 

      စားလို့ကောင်းပြီး အာဟာရကြွယ်ဝတာကြောင့် ခုနောက်ပိုင်းပါ ခေတ်စားလာတာမို့ ကျွန်တော်တို့ တောင်သူတွေအတွက် ရေးသားဖော်ပြလိုက်ရပါတယ်။ 

 ဘာကြောင့်နာမည်ကြီးလာရတာလဲ??

    • မျိုးစေ့အပေါ်မူတည်ပြီး အပင်ပေါက်လေးတွေက အရောင်စုံရှိတယ်ဗျ။ ဒီတော့ အလှစားကျတဲ့ ဟော်တယ်စာတွမှာ အသုံးပြုလို့ကောင်းတယ်။

    • တစ်ချို့အပင်ပေါက်လေးတွေဆိုရင် ခါးသက်သက်အရသာ၊ ချိုတဲ့အရသာ၊ စပ်တဲ့အရသာ စသဖြင့် အစုံရှိတော့ အသစ်အဆန်းကို မြည်းစမ်းချင်သူတွေ အကြိုက်တွေ့စေတာပေါ့ဗျာ။

    • အနောက်တိုင်းစာတွေ ပြင်ဆင်တဲ့အခါ အသုံးပြုလို့အကောင်းဆုံး ဟင်းသီးဟင်းရွက်တွေ ဖြစ်နေပြန်ပါတယ်။

    • အာဟာရဓာတ်အနေနဲ့ကလည်းကြွယ်ဝ၊ အရောင်အသွေး အရသာလည်းစုံတော့ စွပ်ပြုတ်လို ဟင်းလျာတွေအတွက်လည်း အဆင်ပြေနေပြန်ရောဗျ။

မိုက်ခရိုဂရင်းဆိုပြီး ဘယ်ကနေစခဲ့လဲ?

၁၉၈၀ လောက်တည်းက ဆန်ဖရန်စစ်စကိုဆိုတဲ့မြို့မှာ စားဖိုမှူးတွေက စတင်ပြသခဲ့ပါတယ်တဲ့။ ယနေ့ခတ် အမေရိကန်နိုင်ငံမှာဆိုရင်တော့ မျိုးစေ့ကုမ္ပဏီတွေနဲ့ စိုက်ပျိုးသူတွေက ဒီမိုက်ခရိုဂရင်းလေးတွေကို ထုတ်လုပ်နေကြပါတယ်တဲ့။ 

မိုက်ခရိုဂရင်းတွေရဲ့ အာဟာရပါဝင်မှု

သိပ္ပံပညာရှင်တွေက ဟင်းသီးဟင်းရွက် ၂၅ မျိုးကို မိုက်ခရိုဂရင်းလုပ်ပြီး အာဟာရပါဝင်မှုတွေ စမ်းသပ်ခဲ့ပါတယ်။

ဂေါ်ဖီထုပ်အနီ၊ နံနံပင်၊ မုန်လာဥ တို့ကနေရတဲ့ မိုက်ခရိုဂရင်းမှာ ဗီတာမင်စီ၊ ကာရိုတီးနွိုက်၊ ဗီတာမင် အေ၊ ဗီတာမင် အီး ကြွယ်ဝမှု အမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်တဲ့။ 

ယေဘုယျအားဖြင့် ပုံမှန် ဟင်းသီးဟင်းရွက်တွေကိုစားတာထက် မိုက်ခရိုဂရင်းလေးတွေကို စားတာက  ဗီတာမင်နဲ့ ကရိုတီးနွိုက်တွေ ၅ ဆပိုတဲ့ အာဟာရကို ရရှိပါတယ်တဲ့။

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ အရောင်ပါတဲ့ မိုက်ခရိုဂရင်းတွေက ပိုပြီးရွေးချယ်သင့်တယ်လို့ပြောပါတယ်။

ကောင်းကျိုးဆိုးကျိုးတွေ

အာဟာရကြွယ်ဝတာ၊ အမြင်လှတာနဲ့ ဓာတုကင်းတာက သူ့ရဲ့အားသာချက်တွေပါပဲ။

ပဲပင်ပေါက်လို အလုံပိတ် ကြပ်ညပ်နေတဲ့အခြေအနေမဟုတ်လို့ မှိုတွေပေါက်ဖွားမှာလည်း မစိုးရိမ်ရပါဘူး။ 

ဒါပေမယ့် မိုက်ခရိုဂရင်းစိုက်ပျိုးခြင်းမှာ မျိုးစေ့များစွာအသုံးပြုရခြင်း၊ နေရောင်ကောင်းစွာမရခြင်း၊ လေဝင်လေထွက်မကောင်းခြင်း စတဲ့အချက်တွေရှိတဲ့ စိုက်ပျိုးခြင်းတစ်ခုမို့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ 

အပင်အမျိုးအစားတိုင်းက မိုက်ခရိုဂရင်း ပြုလုပ်လို့မရနိုင်ပါဘူး။ (အဆိပ်ဖြစ်နိုင်တဲ့အပင်တွေ အပေါ်မှာဖော်ပြခဲ့ပါတယ်) 

ဒါ့အပြင် ဈေးကွက်တင်ပို့မှုအတွက် အထိခိုက်မခံတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ 

ဒီလို နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ အပင်လေးအကြောင်း ရေးသားဖော်ပြပေးလိုက်ရပါတယ်။ ကျွန်တော်တို့တောင်သူတွေလည်း အာဟာရကြွယ်ဝတဲ့အစားအစာတွေ ကိုယ်တိုင်ပြုလုပ်စားသုံးနိုင်စေဖို့ တိုက်တွန်းပါတယ်ဗျာ။

ထွန်းရာဇာ

source -https://en.wikipedia.org/wiki/Microgreen

U Tin Maung Win

U Tin Maung Win

လွန်ခဲ့သော ၄ နှစ် က

မြန်မာပြည်က စျေးကွက်အနေအထားလေးသိချင်ပါတယ်ခင်ဗျာ

Kyaw Moe Aung

Kyaw Moe Aung

လွန်ခဲ့သော ၄ နှစ် က

မျိုးစေ့ ရနိုင်မလားဗျ စိုက်နည်း လည်း သိချင်ပါတဟ်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။