Solar Dryer အသုံးပြု အခြောက်ခံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး
Solar Dryer သည် နေရောင်ခြည်မှလာသော အလင်းရောင်နှင့် အပူစွမ်းအင်ကို ပိုလီကာဗွန်နိတ်အပြားကို ဖြတ်သန်းဝင်ရောက်စေပြီး အဆောက်အဦးအတွင်း အပူစွမ်းအင်ကို သိုလှောင်ကာ အပူချိန်ကို မြင့်တက်စေကာ ကုန်ပစ္စည်းကို အခြောက်ခံခြင်းဖြစ်သည်။ ပုံစံမှာ Green House Effects ကို အသုံးပြုထား ခြင်းဖြစ်သည်။ တစ်ခုထူးခြားသည်မှာ ပိုလီကာဗွန်နိတ်အပြားကို အမိုးပြားအနေဖြင့် အသုံးပြုထားခြင်းကြောင့် နေရောင်ခြည်မှလာသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားခြင်းပင်ဖြစ်သည်။ ထိုသို့ ကာကွယ်ပေး ထားခြင်းကြောင့် သီးနှံနှင့် ကုန်ပစ္စည်းများ၏အရည်အသွေး ယုတ်လျော့ပျက်စီးဆုံးရှုံးမှု မရှိတော့ပေ။
နေရာင်ခြည်စွမ်းအင်သုံး Solar Dryer သည် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ဥယျာဉ်ထွက်ကုန်ပစ္စည်းများသာမက စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများနှင့် ပုဇွန်ခြောက်၊ ငါးခြောက်၊ အသားခြောက်လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုမည့် ကုန်ပစ္စည်းပေါ်မူတည်ပြီး ဉာဏ်ရှိသလိုအသုံးပြုနိုင်ပါသည်။
Solar Dryer ကိုအသုံးပြုပြီး အခြောက်ခံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ
1) ထုတ်ကုန်တန်ဖိုး တိုးတက်လာနိုင်ခြင်း၊ ဝင်ငွေတိုးလာနိုင်ခြင်း။
2) အခြောက်ခံထုတ်ကုန်အဖြစ် တစ်နှစ်ပတ်လုံး ရရှိနိုင်ခြင်း။
3) အလျင်စလိုရောင်းချရန် မလိုခြင်းကြောင့် ဈေးနှုန်းထိန်းထားနိုင်ခြင်း။ တာရှည်အထားခံသဖြင့် ဈေးနှုန်းမြင့်သည့်အချိန်ထိ စောင့်နိုင်ခြင်း။
4) သယ်ယူပို့ဆောင်စရိတ် လျော့ချနိုင်ခြင်း (၄ ပုံ ၁ ပုံသာ ကုန်ကျခြင်း)။
5) သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ ထုတ်လုပ်နိုင်ခြင်း။ အလုပ်သမားခ လျော့ချနိုင်ခြင်း။
6) အာဟာရဓာတ်ပါဝင်မှုမြင့်မားပြီး သန့်ရှင်းသောထုတ်ကုန်ရရှိခြင်း။
7) တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ခြင်း။
8) အခြောက်ခံကာလ တစ်ဝက်လျော့ချနိုင်ခြင်း။
9) အနာဂတ်အတွက် ကြိုတင်ရင်းနှီးမြုပ်နှံခြင်း။
10) ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ထားခြင်းကြောင့် ထုတ်ကုန်၏ အရည်အသွေးနှင့် အရောင်ပြောင်းလဲ မှုမရှိခြင်း။
11) ထုတ်ကုန်အရည်အသွေးမြင့်မားခြင်း။ (အရောင်၊ အနံ့၊ အရသာ ပိုမိုကောင်းမွန်ခြင်း)
12) လုပ်သားခ၊ လျှပ်စစ်နှင့် အခြားစွမ်းအင်များအတွက် ကုန်ကျစရိတ်မရှိခြင်း။
ထို့ကြောင့် Solar Dryer ကို မိမိတို့ရဲ့ ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးနှင့် စားသုံးသူ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးတွက် အသုံးပြုသင့်ပါသည်။
ယခုအခါတွင် Solar Dryer ရုံပေါင်း ၆၀ ခန့် မြန်မာပြည်တွင်း ဆောက်လုပ်ပြီးစီးပြီဖြစ်ပါသည်။ ငရုတ်သီး အခြောက်ခံခြင်း၊ ဝဥ အခြောက်ခံခြင်း၊ စားသောက်ကုန် အခြောက်ခံခြင်း၊ အခြားလယ်ယာထွက်ကုန်များ အခြောက်ခံခြင်း၊ ရေလုပ်ငန်းတွင် ငါးအခြောက်ခံခြင်းနှင့် တိုင်းရင်းဆေးဝါးတို့တွင် အခြောက်ခံခြင်းစသော လုပ်ငန်းများတွင် Solar Dryer ကို အသုံးပြုလျက်ရှိပါသည်။
Solar Dryer တွင် (၁) အသေးဆိုဒ် (၂) အလတ်ဆိုဒ် (၃) အကြီးဆိုဒ် (၄) Jampo ဆိုဒ် ဟူပြီး (၄) မျိုးရှိသည်။ ယခုအချိန်တွင် လုပ်ငန်းသုံး ဆိုဒ်အကြီးများသာမက အိမ်တွင်းသုံး ဝါသနာအရ အိမ်တွင် စားသောက်ကုန်များကို အခြောက်ခံပြီး စားလိုသူများ၊ အသေးစားအိမ်တွင်းမှုလုပ်ငန်းများအတွက် သင့်တော်သော Mini Solar Dryer လည်းရရှိနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်လုပ်ငန်းများ တန်းဖိုးမြင့်မားရေးနှင့် အလေအလွင့်ဆုံးရှုံးမှုနည်းပါးရေး၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အသုံးဝင်သော နေရောင်ခြည်စွမ်းအင်သုံး Solar Dryer အကြောင်းကို တောင်သူများအတွက် ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ရပါတယ်။
Tin Htut Khaung (B.Agr.Sc)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026