စပါးရိတ်သိမ်းချိန် စောလွန်းခြင်း နောက်ကျခြင်း မရှိစေရေး
ခရီးသွားစဉ် လမ်းဘေးဝဲယာ စပါးစိုက်ခင်းတွေကို သတိထားကြည့်မိတော့ အနှံထွက်နေပြီ။ နောက်တစ်လဆို ရိတ်ရတော့မည်။
စပါးခင်းတွေကောင်းပါသည်။ တစ်ကွင်းလုံး ပြည့်ဖြိုးမောက်နေသည်။ ပေါင်းမြက်ကင်းသည်။ တစ်ဧကပျမ်းမျှ တင်း ၈၀ ကတော့ ပြေးမလွတ်ပါ။ သို့သော် စပါးမျိုးကပေးသော အထွက်စွမ်းရည်အပြည့်အဝကို လယ်သမားတိုင်း ရနိုင်ပါမည်လား။ တွေးပူမိပါသည်။
သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် အထွက်ကောင်းစပါးမျိုးကို စိုက်သည်။ အထွက်ကောင်းစပါးမျိုးတိုင်း၌ အထွက်စွမ်းရည်အပြည့်အဝရှိသည်။ အထွက်စွမ်းရည် အပြည့်အဝရှိသော စပါးမျိုးကိုစိုက်၍ စနစ်တကျ ပြုစုဂရုစိုက် ရေသွင်းရေထုတ်မှန်ကန် မြေသြဇာကျွေး ပိုးမွှားရောဂါကာကွယ်ပေးခြင်းဖြင့် တစ်ဧကအထွက်နှုန်း မြင့်မားပါမည်လား။
စပါးတစ်ဧကမှ မည်မျှအထွက်ရရှိပါသနည်းဟု လယ်သမားကိုမေးလျှင် မိမိအိမ်သို့ ရောက်ရှိကျီဝင်သောစပါးကိုသာ ပြောကြပေမည်။ မှန်ပါသည်။ စိုက်ပျိုးသောလယ်မြေမှ အမှန်ရရှိသည့် စပါးအထွက်ဖြစ်ပါသည်။ သို့သော် စပါးပင်မှ ပွင့်သီးပေးသော အနှံတွင်ရှိ စပါးစေ့အားလုံးကို ရယူနိုင်ပါ၏လား။
ရိတ်သိမ်းချိန်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းမရှိမှသာ ပွင့်သီးသမျှ စပါးစေ့အားလုံး မိမိရနိုင်သည်ကို လယ်သမားတိုင်း သတိမူစေလိုပါသည်။
ရိတ်သိမ်းချိန်မှန်က စပါးအထွက်နှုန်းမြင့်မားရုံသာမက စပါးအရည်အသွေး မြင့်မားမည်။ စပါးအလေအလွင့်နည်းပါးမည်။ မျိုးအဖြစ်ပြန်စိုက်ပါက အပင်ပေါက်ကောင်းမည် ဖြစ်ပါသည်။
ရိတ်သိမ်းချိန်စောလွန်းပါက စပါးအဖျင်းများမည်။ မအောင်သောအစေ့များမည်။ ဆန်ကြိတ်သည့်အခါတွင်လည်း အကျိုးအကြေများပါမည်။
ရိတ်သိမ်းချိန်နောက်ကျလွန်းပါက စပါးပင်များယိုင်လဲနိုင်သည်။ အစေ့ကြွေနိုင်သည်။ ကြွက်၊ ငှက်၊ ပိုးမွှားဖျက်ဆီးနိုင်သည်။ ဆုံးရှုံးမှုများနိုင်ပါသည်။ ဆန်ကြိတ်သည့် အခါတွင် အကျိုးအကြေများသဖြင့် ဆန်ကွဲရာခိုင်နှုန်း များနိုင်ပါသည်။ ဆန်အရည်အသွေး ညံ့ဖျင်းသဖြင့် စျေးကောင်းရနိုင်မည်မဟုတ်ပါ။
ရိတ်သိမ်းချိန်နောက်ကျသောစပါးကို ဆန်ကြိတ်ပါက ကျိုးကြေရခြင်းမှာ စပါးနှံရှိ အစေ့များကျွမ်းကာ စပါးစေ့အတွင်း ဆန်တွင် အက်ကွဲမှုများဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။
ရိတ်သိမ်းချိန်မှန်တွင်ရှိသော စပါးစေ့များ၏ အစိုဓါတ်ရာခိုင်နှုန်းမှာ ၂၀ မှ ၂၅ အတွင်း ဖြစ်သည်ဟု သိရသည်။ ရိတ်သိမ်းချိန်မှန်ထက် နောက်ကျပါက အစိုဓါတ်တဖြည်းဖြည်းလျှော့နည်းကာ စပါးစေ့များအတွင်းရှိ အဆန်များ အက်ကွဲစပြုလာပါသည်။
ရိတ်သိမ်းချိန်မှန်ထက်စောပါက စပါးစေ့များ၏ အစိုဓါတ်သည် ၂၅ ရာခိုင်နှုန်းထက် ပိုနိုင်သည်။ ၄င်းအချိန်တွင် ခြွေလှေ့ရန်ခက်ခဲမည်ဖြစ်သည်။ စက်ဖြင့်ခြွေပါကလည်း စပါးစေ့များထိခိုက်မှုဖြစ်ပြီး စေ့တွင်းဆန်အက်ကွဲကာ ဆန်အရည်အသွေး ကျဆင်းနိုင်ပါ သည်။
သုတေသနတွေ့ရှိချက်များအရ “ရိတ်သိမ်းချိန်အမှန်”ကို ဖော်ပြလိုပါသည်။ အနှံများရှိ စပါးစေ့များ၏ ရာခိုင်နှုန်း ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်သည် စပါးရိတ်သိမ်းသင့်သည့် ရိတ်သိမ်းချိန်ဖြစ်ပါသည်။
မိုးစပါး၊ နွေစပါးခွဲခြားပြီး ပြောဆိုချက်ရှိသည်။ စပါးစိုက်ခင်း၏ ရာခိုင်နှုန်း ၅၀ အနှံထွက်ချိန်မှ စတင်ရေတွက်ပါက နွေစပါးကို ၂၈ မှ ၃၅ ရက်သားတွင် ရိတ်သိမ်းရန်နှင့် မိုးစပါးကို ၃၂ မှ ၃၈ ရက်သားတွင် ရိတ်သိမ်းရန်ဖြစ်ကြောင်း သုတေသီများက ဖေါ်ပြထားကြောင်း အသိပေးထားပါသည်။
ရိတ်သိမ်းချိန်မှန်တွင်ရိတ်၍ ရိတ်သိမ်းပြီးလျှင်ပြီးခြင်း ခြွေလှေ့ခြင်းသည် အလေအလွင့်နည်းပါးစေရေးအတွက် နည်းလမ်းမှန်ဖြစ်သည်။ စပါးမျိုးအလိုက် အထွက်စွမ်းရည်အပြည့်အဝရရှိရေး၊ တစ်ဧကအထွက်နှုန်းမြင့်မားရေးအတွက် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းစေလိုပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Soe Myint
အားလုံး