ပင်စိမ်းကို စိုက်ပျိုးရေးမှာ ဘယ်လို အသုံးချလို့ရမလဲ။
ပင်စိမ်းပင်၏ အရွက်၊ ပင်စည် စသည် အပင် အစိတ်အပိုင်းအားလုံးကို အသုံးပြု၍ စိုက်ပျိုးအပင်များတွင် ကျရောက်ဖျက်ဆီးတတ်သော အင်းဆက်ပိုးမွှားများကို ဟန့်တားရာတွင် အသုံးပြုနိုင်ပါသည်။ ပင်စိမ်းရွက်ကြိတ်ရည်ကို ပိုးဟန့်တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေး၊ ခရုပတ်ကျိနှိမ်ဆေး၊ ကြွက်နှိမ်ခြင်း၊ ပေါင်းနှိမ်ခြင်းများတွင် အသုံးပြုနိုင်ပါသည်။ သစ်သီးယင်၊ ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ၊ ပြောင်းပင်စည်ထိုးပိုး၊ ပြောင်းစေ့ထွင်းပိုး စသည့် ပိုးမွှားများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ပင်စိမ်းရွက်ကြိတ်ရည်
ပင်စိမ်းအရွက်ကြိတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် သစ်သီးပင်များတွင် ကျရောက်သည့် ရွက်ထွင်းပိုးများ၏ ပိုတုံးလုံးများပေါ်၌ မေ့မျော အာနိသင်ရှိပြီး အကောင်ကြီးများပေါ်၌ ဟန့်တားအာနိသင်ရှိသည်။ သက်ရောက်မှုမှာ ၉၀ ရာခိုင်နှုန်း ရှိသည်။
လိုအပ်သော ပစ္စည်း
ပင်စိမ်းရွက် - ၆ ကျပ်သား
ဆပ်ပြာရည် - ၃-၄ စက်
ရေ - တစ်လီတာ ပုလင်း
ပင်စိမ်းရွက် ၆ ကျပ်သားကို ရေ တစ်ပုလင်းတွင် တစ်ညစိမ်၊ နောက်နေ့အရွက်များ စစ်ထောင်း၍ အရည်စစ်ယူပြီး ဆပ်ပြာရည် ၃-၄ စက်ခန့် ရောသမ မွှေကာ အသုံးပြုနိုင်ပါသည်။
ရွက်ထွင်းပိုးများ အတွက်မူ ပင်စိမ်းရွက် ၁၂ ကျပ်သားကို ရေ တစ်ပုလင်းတွင် အထက်ပါနည်းအတိုင်း ဖျော်စပ် အသုံးပြုနိုင်ပါသည်။
ကိုးကား- ဘက်စုံ သီးနှံ ဖျက်ပိုးကာကွယ်နှိမ်နင်းနည်း (FSWG)
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026