အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စူပါအယ်လ်နီညိုမှ ဂေါ်ဆီလာ... ထိုမှတစ်ဆင့် မက်ဂါ အယ်လ်နီညိုဟု ခေါ်ဆိုလာနေကြ

စူပါအယ်လ်နီညိုမှ ဂေါ်ဆီလာ... ထိုမှတစ်ဆင့် မက်ဂါ အယ်လ်နီညိုဟု ခေါ်ဆိုလာနေကြ

Green Way
Green Way • 26/11/2026
00:00
00:00

ဒီနှစ် ရာသီဥတုသတင်းတွေမှာ အယ်လ်နီညိုကို “စူပါ အယ်လ်နီညို”၊ “ဂေါ်ဇီလာ အယ်လ်နီညို”၊ အခုနောက်ဆုံး “မက်ဂါ (Mega) အယ်လ်နီညို” ဆိုပြီး ဧရာမသတ္တဝါကြီးတွေနဲ့ ခိုင်းနှိုင်းပြီး တစ်မျိုးပြီးတစ်မျိုး အမည်ကြီးကြီးတွေ ပေးလာကြတာ တွေ့ရပါလိမ့်မယ်။

ဒီလို အမည်ဆန်းတွေ ခေါ်နေကြပေမယ့် တကယ့်မြေပြင်မှာ ရာသီဥတုက ဘယ်လောက်အထိ ထူးခြားပြင်းထန်နေသလဲ၊ တောင်သူတွေအနေနဲ့ ဘာတွေ ကြိုတင်သတိထားသင့်သလဲ ဆိုတာကို နားလည်လွယ်အောင် ရှင်းပြပေးချင်ပါတယ်။

၁။ အမည်တွေသာ ကြီးလာပေမယ့် သတ်မှတ်ချက်က အရင်အတိုင်းပါပဲ

မိုးလေဝသပညာရှင်တွေရဲ့ တရားဝင် သတ်မှတ်ချက်မှာ “ဂေါ်ဇီလာ” တို့၊ “မက်ဂါ” တို့ ဆိုတာ မရှိပါဘူး။ ရာသီဥတု ပြင်းအားကို အားပျော့၊ အသင့်အတင့်၊ အားကောင်း၊ အလွန်ပြင်းထန် ဆိုပြီး အဆင့် (၄) ဆင့်ပဲ ခွဲထားပါတယ်။ ဒီနှစ် အယ်လ်နီညိုဟာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ “အလွန်ပြင်းထန်” တဲ့ အဆင့်ကို ရောက်နေတာကတော့ အမှန်ပါပဲ။ အရင်က အပြင်းထန်ဆုံး ကြုံခဲ့ဖူးတဲ့ ၁၉၉၇-၉၈ နဲ့ ၂၀၁၅-၁၆ ခုနှစ်က အယ်လ်နီညိုတွေနဲ့ အားချင်းတူညီနေပါတယ်။

၂။ ပင်လယ်ရေ ဘာကြောင့် ဒီလောက်ပူလာတာလဲ

အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာထဲက ရေထုတွေ ပုံမှန်ထက် ပူနွေးလာရာကနေ ကမ္ဘာ့လေစီးကြောင်းတွေ ပြောင်းလဲပြီး ရာသီဥတု ဖောက်ပြန်စေတဲ့ ဖြစ်စဉ်ပါ။ မကြာသေးခင်က တောင်အမေရိကတိုက် ကမ်းရိုးတန်းတစ်ဝိုက်မှာ ပင်လယ်ရေအပူချိန်တွေ ပုံမှန်ထက် အတော်လေး မြင့်တက်ခဲ့တာကြောင့် ပညာရှင်တချို့က လူတွေ သတိထားမိအောင် “မက်ဂါ အယ်လ်နီညို” လို့ တင်စားခေါ်ဝေါ်လိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမုဒ္ဒရာတစ်ခုလုံးရဲ့ ပျမ်းမျှအပူချိန်ကို ကြည့်မယ်ဆိုရင်တော့ အရင်နှစ်ကြီးတွေက စံချိန်ကို ချိုးဖို့ ၆၀ ရာခိုင်နှုန်းလောက်ပဲ အလားအလာ ရှိသေးတာ ဖြစ်ပါတယ်။

၃။ ရာသီဥတု ဘယ်လိုပြောင်းလဲနိုင်သလဲ (မိုးခေါင်ခြင်းနှင့် ရေကြီးခြင်း)

အယ်လ်နီညို အားကောင်းတိုင်း နေရာတိုင်းမှာ အစွန်းရောက် ရာသီဥတု ဖြစ်မယ်လို့ တထစ်ချ ပြောလို့မရပေမယ့် သတိထားရမယ့် အချက်တွေ ရှိပါတယ်-

မိုးခေါင်ရေရှားခြင်းနှင့် တောမီးအန္တရာယ် - အယ်လ်နီညိုကြောင့် ဆောင်းရာသီမှာ အအေးပေါ့ပြီး အစိုဓာတ် နည်းသွားတတ်ပါတယ်။ အစိုဓာတ် နည်းသွားတဲ့အတွက် လာမယ့် နွေဦးနဲ့ နွေရာသီတွေမှာ မိုးခေါင်ရေရှားမှု ပိုပြင်းထန်နိုင်သလို၊ တောမီးလောင်ကျွမ်းမှုတွေလည်း အရင်နှစ်တွေထက် ပိုစောပြီး ဖြစ်လာနိုင်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း - တစ်ဖက်မှာလည်း ကမ္ဘာကြီးပူနွေးလာမှုနဲ့ အယ်လ်နီညိုတို့ ပေါင်းစပ်မိတဲ့အခါ ပူနွေးတဲ့လေထုက ရေငွေ့တွေကို ပိုသယ်ဆောင်နိုင်တာကြောင့် မူလကတည်းက မိုးများလေ့ရှိတဲ့ ဒေသတွေမှာ မိုးပိုသည်းပြီး ရေကြီးရေလျှံမှုတွေ ပိုဆိုးလာနိုင်ပါတယ်။

တောင်သူဦးကြီးများအတွက် အကြံပြုချက်

ဒီနှစ် ရာသီဥတုဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပြင်းထန်တဲ့ အယ်လ်နီညိုတို့ ပေါင်းစပ်နေတဲ့ “နှစ်ထပ်ကွမ်း ရာသီဥတုဖောက်ပြန်မှု” ဖြစ်ပါတယ်။ ဒါကြောင့်-

  • ရေကို ချွေတာသုံးစွဲပါ- နွေရာသီ မရောက်ခင်ကတည်းက စိုက်ပျိုးရေနဲ့ သောက်သုံးရေ လုံလောက်အောင် ကြိုတင်စုဆောင်းထားပါ။

  • သီးနှံရွေးချယ်မှု သတိပြုပါ- ရေငတ်ဒဏ်ခံနိုင်တဲ့ သီးနှံမျိုးစေ့တွေကို ဦးစားပေး စိုက်ပျိုးဖို့ စဉ်းစားပါ။

  • မီးဘေးအန္တရာယ် ဂရုစိုက်ပါ- ရာသီဥတု ပိုခြောက်သွေ့နိုင်တာကြောင့် စိုက်ခင်းတွေအနီး မီးရှို့တာမျိုးကို အထူးရှောင်ကြဉ်ပြီး မီးတားလမ်းတွေ ကြိုတင်ပြင်ဆင်ထားပါ။

(မှတ်ချက် - မူရင်းသတင်း CBC News မှာ ကနေဒါနိုင်ငံအတွက် အဓိက ရည်ရွယ်ရေးသားထားခြင်း ဖြစ်သော်လည်း တောင်သူများအတွက် အကျိုးရှိစေရန် ရာသီဥတုသက်ရောက်မှု အပိုင်းများကို အဓိကထား ဆီလျှော်အောင် ပြန်လည်ရေးသားထားပါသည်။)

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နွေစပါး စိုက်ပျိုးရန်အတွက် မိုးစပါးရိတ်သိမ်းပြီးစပါးရိုးပြတ်များအားမီးရှို့ပြီးထွန်ယက်စိုက်ပျိုးခြင်းနှင့် စပါးရိုးပြတ်ဆွေး EMဖျန်းပြီး ထွန်ယက်စိုက်ပျိုးခြင်းတို့မှာ ဘယ်စိုက်ပျိုးနည်းကပိုမိုကောင်းမွန်ပါသလဲ

ဦးငြိမ်းချမ်း • ဖြေကြားချက် 2 ခု

မြေပဲက ၃၅ရက်သားရနေပါပြီခင်ဗျာ ပိုးလည်းက ကျ ရေဂါလည်းရ ​ေ​နပါပြီ မှိုသတ်ဆေး/ပိုးသတ်ဆေး/ရွက်ဖျန်းအား​တို့ကို ရောသုံးလို့ကောရလား ဆိုတာလည်း ရှင်းပြပေးပါခင်ဗျာ ဆွယ်ဆင်းအားကောင်းအောင် အားဆေးလည်း သုံးချင်ပ့တယ်

ကိုလတ် • ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ပဲပင်50ရက်သက်တမ်းပါ အသီးတေက စမှည့်နေပါပြီ နောက်အပွင့်တေလည်းလိုက်နေပါတယ် နောက်သီးဖမ်းလို့ရသေးလား ပဲမျိုးကတော့ ကုလားမဲလို့ ကျွန်တော်တို့ဘက်မှာခေါ်ပါတယ် 2လခွဲလို့ပြောကြပါတယ်

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ဆရာခင်ဗျ အင်ဒိုဇာကတ် နဲ့ ဒိုင်ဖန်နိုကိုနဇိုးပါတဲ့ဆေးaiတေကို မနက်ပိုင်းဖျန်းလို့ရပါသလား ပဲပင်က အပွင်လှိုင်လှိုင်ပွင့်နေပါပြီ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ပေါ်ဆန်းစပါးကအထွက်စုံသလောက်ဖြစ်နေပါပြီနှံဖြူတွေ့လို့ပါ နှံဖြူဖြစ်စေတဲ့ဆစ်ပိုးကကူးစက်လား ဆေးဖြန်းလို့ရသေးလားအကြံပေးပါအုံး၅လ

Nay G • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။