ထောပတ်သီး ရင့်/ မရင့် ဘယ်လိုဆုံးဖြတ်မလဲ?
ထောပတ်သီးရင့်မှည့်မှုအား လွယ်ကူစွာစမ်းသပ်နိုင်သည့် ကမ္ဘာနှင့်အဝှမ်းမှလက်ခံ ထားသော နည်းလမ်းတစ်ခုမှာ ထောပတ်သီးအတွင်းသား၏ Dry Matter ရာခိုင်နှုန်းကို ဆန်းစစ်ခြင်းဖြင့် အသီးရင့်မှည့်မှုကိုဆုံးဖြတ်ခြင်းဖြစ်သည်။ အဆိုပါနည်းမှာ အကြမ်းဖျဉ်းအနေဖြင့် ထောပတ်သီးအတွင်းသားသက်သက် အနည်းဆုံး (၁၀၀) ဂရမ်ခန့်၏အစိုအလေးချိန်နှင့် (မီးဖို/မိုက်ကရိုဝေ့ဖြင့်အခြောက်ခံပြီး) အခြောက် အလေးချိန်ကို ချိန်တွယ်ပါ။ ထို့နောက် အတွင်းသားအခြောက်အလေးချိန်ကို အစို အလေးချိန်နှင့်စား၍ ၁၀၀ ဖြင့်မြှောက်ပြီး Dry Matter ရာခိုင်နှုန်းကို တွက်ချက်ရခြင်း ဖြစ်သည်။
ဥပမာ
ထောပတ်သီးအတွင်းသားအစိုအလေးချိန် – ၁၂၅ ဂရမ်
ထောပတ်သီးအတွင်းသားအခြောက်ခံပြီးအလေးချိန် – ၃၀ ဂရမ်
Dry Matter ရာခိုင်နှုန်း – (၃၀/၁၂၅) x ၁၀၀ = ၂၄ %
ယေဘူယျအနေဖြင့် Dry Matter ၂၃ % ရောက်ရှိပြီးမှသာ ရင့်မှည်သည်ဟု သတ်မှတ်နိုင်ပြီး၊ ထောပတ်သီးများကို ခူးဆွတ်သင့်သည်။
ထောပတ်သီးရင့်မရင့်ဆုံးဖြတ်ရန် အခြားနည်းလမ်းများစွာရှိပါသည်။ လွယ်ကူသော နည်းလမ်းအချို့မှာ မျက်မြင်အနေအထားဖြင့် ဆုံးဖြတ်ရခြင်းဖြစ်သည်။ သို့သော် ထောပတ်မျိုးအပေါ် မူတည်၍ ခြားနားချက်အနည်းငယ်ရှိနိုင်ပါသည်။ ၄င်းတို့မှာ-
• အသီးရင့်လာလျှင် သီးညှာသည် ပို၍တုတ်လာမည်၊ ဖောင်းလာမည်၊ သိသိသာသာအဝါရောင်ပြောင်းလာမည်။
• အသီးအားခွဲကြည့်လျှင် အစေ့ခွံသည် အဖြူရောင်ဖြစ်နေရာမှ ခြောက်ကပ်လာမည်၊ မည်းလာမည်၊ အနည်းငယ်ရှုံ့လာမည်။
• အသီးကြီးထွားလာမည်။
• အသီးခွံသည် တောက်တောက်ပပမရှိတော့ပါ၊ အရောင်မစိုဘဲ မှိုင်းလာမည် (အခွံပါး သည့်မျိုးများတွင် ယခုကဲ့သို့ပြောင်းလဲမှုမရှိပါ)။
• ‘Hass’ မျိုးတွင် အသီးခွံသည် ခရမ်းရောင်သို့ ပြောင်းလဲလာမည်။
အဆိုပါသတ်မှတ်ချက်များသည် ထောပတ်သီး၏ မျက်မြင်အခြေအနေကိုသာကြည့်၍ ဆုံးဖြတ်ရသောကြောင့် ကွဲပြားမှုရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ အရည်အသွေးပြည့်မီသော ထောပတ်သီးများအား ရောင်းချတင်ပို့မှသာ ရေရှည်တည်တံ့၍ ခိုင်မာသည့်စျေးကွက်ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ထောပတ်မျိုးများကို ရွေးချယ်ရန် လိုအပ်သကဲ့သို့၊ မှန်ကန်သည့်စိုက်ပျိုးနည်းစနစ်များကို ထောပတ်သီး ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက်သာမက၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ပါ စနစ်တကျလိုက်နာသင့်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ပြုစုစောင့်ရှောက်ပြီးခါမှ ထောပတ်သီးများ အရည်အသွေးမကျဆင်းစေရန်အတွက် ရင့်မှည့်ချိန်ရောက်ရှိမှသာ ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် နိုင်ငံတကာ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ပထမတန်းစားထောပတ်သီးများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။
ဒေါက်တာဝဏ္ဏထွန်း
ကိုးကားချက်
Dixon, J., Pak, H.A., Smith, D.B., Elmsly, T.A., Cutting, J.G.M. (2003). New Zealand avocado fruit quality: the impact of storage temperature and maturity. Proceedings of the V World Avocado Congress 2:647-652
Pedreschi, R., Uarrota, V., Fuentealba, C., Alvaro, J.E., Olmedo, P., Defilippi, B.G., Meneses, M., and Campos-Vargas, R. (2019). Primary Metabolism in Avocado Fruit. Front. Plant Sci., 26 June 2019. http://doi.org/10.3389/fpls.2019.00795
Whiley, A.W., Wolstenholme, B.N., Faber, B.A. (2013). Crop Management, In: Schaffer, B., Wolstenholme, B.N., Whiley, A.W. (Eds.), The Avocado: Botany, Production and Uses, CAB International, Wallingford, UK, pp. 343-379.
Source - Agri Digit News- စိုက်မွေးသုတ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026