မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များရရှိအောင် ကိုယ်တိုင်ဘယ်လိုလုပ်ဆောင်မလဲ?
မျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်များရရှိရေးဆောင်ရွက်ပုံအဆင့်ဆင့်နှင့်အကျိုးကျေးဇူးများ
လက်ရှိကျွန်တော်တို့စိုက်ပျိုးနေတဲ့ တောင်သူမိရိုးဖလာမျိုးတွေက များသောအားဖြင့် ပင်ပေါက်စွမ်းအားနည်းခြင်း၊ သန်စွမ်းမှုအားနည်းခြင်း၊ မျိုးစေ့ပိုသုံးရခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ မျိုးကွဲများအခြားသီးနှံများနှင့်ရောနှောနေခြင်း၊ သီးနှံအထွက်နှုန်းနည်းခြင်း၊ အရည်အသွေးနိမ့်ခြင်းစတဲ့ပြဿနာတွေကိုတွေ့ကြုံနေရပါတယ်။
ဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ?
ဒီလိုဆိုရင်တော့ မျိုးကောင်းမျိုးသန့်တွေလိုလာပါပြီ။ ဒီလိုမျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်တွေရရှိဖို့ဆောင်ရွက်ရာမှာ အခြေခံအချက်တွေကိုသိဖို့လိုအပ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်း အလွယ်တကူဆောင်ရွက်လို့ရနိုင်ပါတယ်။ ဒီလိုမျိုးကောင်း၊ မျိုးသန့်၊ မျိုးသစ်တို့ရရှိဖို့ဆောင်ရွက်ရာမှာ အခြေခံအားဖြင့် (၆)ဆင့်ရှိပါတယ်။
(၁) မျိုးကောင်းရှာဖွေခြင်း
မျိုးကောင်းဆိုတာနဲ့ အထွက်နှုန်းကောင်း၊ စားလို့ကောင်း၊ပိုးမွှားရောဂါဒဏ်ခံနိုင်ပြီး၊ နရောဒေသမရွေးဖြစ်ထွန်းနိုင်ခြင်း၊ ဓာတ်မြေသြဇာတုံ့ပြန်မှုကောင်းခြင်းစတာတွေပါဝင်ပါတယ်။ မျိုးကေင်းရှာဖွေဖို့ဆိုရင် မျိုးစပ်ခြင်း၊ မျိုးထွန်း၊ ဇီဝနည်း၊ ပြည်ပမှတင်သွင်းခြင်း စတဲ့လုပ်ငန်းစဉ်တွေကနေစပြီးပါဝင်ပါတယ်။
(၂) မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း
ရှာဖွေလို့ရရှိလာတဲ့ မျိုးတွေကို ပဏာမ ရေ၊မြေ၊ဒေသ၊အရည်အသွေး၊ ပိုးမွှားရောဂါစတဲ့အချက်အလက်တွေကိုသိဖို့အတွက် မျိုးယှဉ်ပြိုင်စမ်းသပ်ဖို့လိုပါတယ်။
(၃) မျိုးသစ်ရွေးချယ်စိုက်ပျိုးမှု
မျိုးသစ်ရွေးချယ်စိုက်ပျိုးမှုအနေနဲ့ မျိုးယှဉ်ပြိုင်စမ်းသပ်ထားတဲ့မျိုးတွေများထဲမှ ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီပြီး အရည်အသွေးကာင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်တဲ့မျိုးတွေကိုရွေးခြင်း၊ အမည်ပေးခြင်း၊ စံပြစိုက်ခင်းအနေဖြင့်စိုက်ပျိုးခြင်း၊ အခြေခံမျိုးထုတ်လုပ်ဖို့စိုက်ပျိုးခြင်းတို့ပါဝင်လာတယ်။
(၄) မျိုးပွားခြင်း
မျိုးသစ်ရွေးချယ်စိုက်ပျိုးထားတဲ့မျိုးများမှ အကောင်းဆုံးသောမျိုးကို အဆင့်ဆင့်မျိုးပွားခြင်း၊ စစ်ဆေးခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှထောက်ခံချက်ရယူခြင်း၊ စနစ်တကျရိတ်သိမ်းခြင်း၊ စနစ်တကျအခြောက်ခံခြင်းတို့ပြုလုပ်ရပါမည်။
(၅) သန့်စင်ပြုပြင်ခြင်း
မျိုးပွားရိတ်သိမ်းပြီးသော မျိုးများကိုသန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း၊ ပိုးမွှားရောဂါဆေးလူနယ်ခြင်းတို့ပြုလုပ်ရပါတယ်။
(၆) သိုလှောင်ဖြန့်ဖြူးခြင်း
နောက်ဆုံးအဆင့်အနေဖြင့် စနစ်တကျထုတ်ပိုးခြင်း၊ ဖြန်းဖြူးရောင်းချခြင်းတို့ကိုဖြစ်ပါတယ်။
မျိုးသန့်မျိုးကောင်းမျိုးစေ့တွေကို အသုံးပြုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ
- မူလဗီဇ အရည်အသွေးကိုထိန်းသိမ်းထားနိုင်ခြင်း
- အပင်ပေါက်နှုန်းကောင်းမွန်ညီညာခြင်း
- ရာသီဥတုပိုးမွှားရောဂါဒဏ်ပိုမိုခံနိုင်ခြင်း
- ပေါင်းမြက်ကင်းစင်ခြင်း
- ပိုးမွှားရောဂါကင်းရှင်းခြင်း
- ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်ညီညာသဖြင့် ရိတ်သိမ်းချိန်တွင်တစ်ပြိုင်တည်းရိတ်သိမ်းနိုင်ခြင်း၊ အလေအလွင့်နည်းပါးခြင်း
- မျိုးကွဲမပါခြင်း
- အထွက်နှုန်းပိုထွက်ခြင်း
- သီးနှံအရွယ်အစားညီခြင်း၊အရည်အသွေးကောင်းသဖြင့်စျေးကောင်းရခြင်းစသည့် အကျိုးကျေးဇူးများစွာကိုရရှိနိုင်မှာဖြစ်ပါတယ်။
.......အားလုံးပဲစိုက်ပျိုးရေးအဆင်ပြေကြပါစေ........
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from အောင်မြင့်မြတ်(GW)
အားလုံး