အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောင်သူများနှင့်စားသုံးသူများအတွက် သဘာဝပတ်ဝန်းကျင်ကင်းရှင်းရေးအတွက် ပိုးသတ်ဆေးဘယ်လိုသုံးမလဲ

တောင်သူများနှင့်စားသုံးသူများအတွက် သဘာဝပတ်ဝန်းကျင်ကင်းရှင်းရေးအတွက် ပိုးသတ်ဆေးဘယ်လိုသုံးမလဲ

Green Way
Green Way • PC Myanmar • 29/08/2019
00:00
00:00

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် သီးနှံစိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူများနှင့် စားသုံးသူများအတွက် သဘာဝပတ်ဝန်းကျင် ဘေးအန္တာရယ်ကင်းရှင်းအတွက် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲနည်းအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေး ဓာတ်ခွဲခန်းမှ ဒုဦးစီးမှူးဖြစ်တဲ့ ဆရာဦးကိုကိုလတ်မေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူတွေပိုးသတ်ဆေးဝယ်ယူမယ်ဆိုရင် ဘယ်လိုဝယ်ယူရမလဲ။ ဝယ်ယူပြီးသော ပိုးသတ်ဆေးများကို စိုက်ခင်းအတွင်း အသုံးမပြုမီ လိုက်နာရန်အချက်အလက်များ၊ ပိုးသတ်ဆေးအညွှန်းစာပေါ်မှာ ပါဝင်သော နည်းများကို ဘယ်လိုလိုက်နာဆောင်ရွက်ရမလဲ၊ ဆေးဖြန်းပြီး စောင့်ဆိုင်းရမည့်ကာလများ၊ ဆေးဖြန်းသော ပိုနေသောဆေးမျာကို ဘယ်လိုလုပ်ဆောင်သင့်သလဲ။ ဘာတွေ ရှောင်ကြည်ဖို့ လိုအပ်တာလဲ။ ပိုးသတ်ဆေးဓာတ်ကြွင်းကျန်တာ ဘာကြောင့်လဲ။ ဆေးဖြန်းပြီး စိုက်ခင်းအတွင်းသို့ ချက်ချင်းဝင်ရောက်သင့်လား၊ စိုက်ခင်းများအတွင်း သုံးစွဲပြီးသား ပိုးသတ်ဆေးအခွံများကို ဘယ်လိုစွန့်ပစ်မလဲ။ ဝယ်ယူထားသောပိုးသတ်ဆေးများကို မည်ကဲ့သို့ သိုလှောင်မလဲ။ ပိုးသတ်ဆေးအဆိပ်သင့်မှု ဖြစ်လျှင် မည်ကဲ့သို့လုပ်ဆောင်ရမလဲ။ ပိုးသတ်ဆေးက လူကို ဘယ်လိုအန္တာရယ်ဖြစ်စေလဲ။ ပိုးသတ်ဆေးဖျန်းချိန်မှာ ဘယ်လိုလုပ်ဆောင်ရမလဲ။ ဘာတွေရှောင်ကြဥ်ရမလဲ။ ပိုးသတ်ဆေးအဆိပ်သင့်ဖြစ်လျှင် မည်ကဲ့သို့လက္ခဏာများကိုပြသလဲ။ စသည်တို့ကို တောင်သူများ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲတတ်စေရန်အတွက် ယခုအစီအစဉ်ကို တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You
PC Myanmar

နည်းပညာမိတ်ဖက်အဖွဲ့

PC Myanmar

PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။        

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။