အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဓာတ်ကြွင်းအာနိသင်မရှိသော ဆပ်ပြာပိုးသတ်ဆေး

ဓာတ်ကြွင်းအာနိသင်မရှိသော ဆပ်ပြာပိုးသတ်ဆေး

ဆပ်ပြာပိုးသတ်ဆေးကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်လောက်ကပင် အင်းဆက်ဖျက်ပိုးများကို နှိမ်နင်းရန် အသုံးပြုခဲ့ကြပါသည်။ ဆပ်ပြာပိုးသတ်ဆေးသည် အင်းဆက်ဖျက်ပိုးများနှင့် တိုက်ရိုက်ထိတွေ့သောအခါ အင်းဆက်ပိုးကောင်များ၏ ဆဲလ်နံရံ များကို ပျက်စီးစေပါသည်။ အင်းဆက်ပိုးမွှား၏ ဆဲလ်နံရံများ ပျက်စီးသွားပါက ဆဲလ်တွင်းတွင် ရေဓာတ်ခန်းခြောက်သွားပြီး အင်းဆက်များ သေကြေပျက်စီးရပါသည်။ ဆပ်ပြာပိုးသတ်ဆေးရည်ကို ဖျန်းမည်ဆိုပါက အပင်တစ်ပင်လုံးနှံ့အောင် ဖျန်းပေးရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပင်တွင် ပိုးသတ်ဆေးရည်များ စိုနေသောအခါမှသာ ပိုးသတ်ဆေး၏ အာနိသင်ကို ပြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဆပ်ပြာပိုးသတ်ဆေးရည်သည် လူသားတို့အပါအဝင် နို့တိုက်သတ္တဝါများကို အနည်းအကျဉ်းမျှ အဆိပ်အတောက်ဖြစ်စေပါသည်။ ထို့ကြောင့် ဆပ်ပြာပိုးသတ်ဆေးရည်ကို ကလေးငယ်နှင့် အိမ်မွေးတိရစ္ဆာန်များရှိရာ ပတ်ဝန်းကျင်တွင် အန္တရာယ်မဖြစ်အောင် ဂရုတစိုက်သုံးစွဲရမည် ဖြစ်ပါသည်။ များသောအားဖြင့် ဆပ်ပြာပိုးသတ်ဆေးကို အော်ဂဲနစ်စိုက်ခင်းများတွင် အသုံးပြုလေ့ရှိပါသည်။ ဆပ်ပြာပိုးသတ်ဆေးရည်ကို အိမ်တွင်းမှာပဲပြုလုပ်၍ရသည် ဆိုသောအကြောင်းနှင့် ဆပ်ပြာပိုးသတ်ဆေးဖော်စပ်ပုံအကြောင်းကို ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။

 ဆပ်ပြာပိုးသတ်ဆေးဖော်စပ်နည်း-

ရေ ၁ ဂါလံ၊ လက်ဖက်စားဇွန်း ၅ ဇွန်းခန့်ရှိသော ဆပ်ပြာရည်နှင့် စားသုံးဆီ လက်ဖက်စားဇွန်း ၂ ဇွန်းခန့်တို့ကို ရောစပ်၍ မွှေပေးရမည် ဖြစ်ပါသည်။ ဆပ်ပြာရည်မှာ ဓာတုပစ္စည်း အနည်းငယ်သာပါဝင်သည့် ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးပြုသင့်ပါသည်။ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ စသော သဘာဝမှရရှိသော စားသုံးဆီများကိုလည်း အသုံးပြုသင့်ပါသည်။

ဆပ်ပြာပိုးသတ်ဆေးမှာ အဓိကအားဖြင့် ခန္ဓာကိုယ်နူးညံ့သော အင်းဆက်ပိုးမွှား များကို နှိမ်နင်းရန် အသုံးပြုပါသည်။ ဥပမာအားဖြင့် ပျပိုး အပါအဝင် စုပ်စားပိုးများကို နှိမ်နင်းရာတွင် အသုံးဝင်သည်။ ဆပ်ပြာပိုးသတ်ဆေးရည်ကို တစ်ရက်တစ်ကြိမ်ခန့် ဖျန်းပေးရန် လိုအပ်ပါသည်။ သို့မှသာ ဆေး၏ အကျိုးအာနိသင်မှာ ထိရောက်မည် ဖြစ်ပါသည်။ ဓာတုပစ္စည်းများစွာပါဝင်သော ဆပ်ပြာရည်နှင့်ဖော်စပ်ပါက ဆပ်ပြာပိုးသတ်ဆေးရည်၏ ပြင်းအားများသွားမည် ဖြစ်ပါသည်။ ထိုသို့ ပြင်းအားများသော ဆပ်ပြာပိုးသတ်ဆေးရည် ကို အပူချိန်  ၃၂ ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိသော ပတ်ဝန်းကျင် အခြေအနေတွင် အသုံးပြုပါက စိုက်ပျိုးပင်များကို အရွက်များ ကြွေကျနိုင်သည်အထိ ထိခိုက်စေမည်ဖြစ်ပါသည်။  ထို့ကြောင့် ဆပ်ပြာရည်အသုံးပြုရာတွင် ဓာတုပစ္စည်းများ များများစားစား မပါဝင်ဘဲ သဘာဝအလျောက် ထုတ်ဖော်ထားသော ပန်းကန်ဆေးပြာရည်ကိုသာ အသုံးပြုရန် ထပ်စောင်း အကြံပြုလိုပါသည်။

လှိုင်ပြည့်ဖြိုး

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Wai Thet

Wai Thet

လွန်ခဲ့သော ၄ နှစ် က

တစ်ရက်တစ်ကြိမ်ဆို ဘယ်နှစ်ရက်ဖျန်းရတာလဲဗျ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။