အသီးအထွက်ကောင်းရန်အတွက် ပိန္နဲသပ်ရိုက်နည်း
မြန်မာနိုင်ငံတွင်ပိန္နဲကို ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနသ်ာရီနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အစိုက်များပါသည်။ အတွေ့ရများသောမျိုးများမှာ ပိန္နဲအိမ်ပျော့နှင့် ပိန္နဲအိမ်မာတို့ဖြစ်ပါသည်။ ပိန္နဲသည်နှစ်ရှည်သီးနှံဖြစ်ပြီး ပင်စည်မှသီးသော အပင်အမျိုးအစားဖြစ်ပါသည်။ ပုံမှန် အစေ့မှပွားယူစိုက်ပျိုးသော အပင်များသည် ရှစ်နှစ်ခန့်နေလျှင် အသီးစသီးတတ်ပါသည်။ ကိုင်းဆက်စိုက်ပျိုးပါက သုံးနှစ်နေလျှင် စသီးတတ်ပါသည်။ စင်စစ်အားဖြင့် ပိန္နဲသီးကို ရာသီစာအဖြစ်စားသုံးရုံသာမက အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဟင်းအဖြစ်လည်းကောင်း ချက်စားနိုင်ပါသည်။ ပိန္နဲသီးတစ်လုံးလျှင် သုံးထောင်မှ ငါးထောင်ခန့်အထိ ဈေးကွက်ပေါက်ဈေးရှိပါသည်။ ထို့ကြောင့် မိမိအိမ်ခြံတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားလျှင်ပင် မိသားစုအပိုဝင်ငွေရရှိစေနိုင်ပါသည်။
သို့သော်စိုက်ပျိုးထားရုံနှင့်မပြီးပေ။ မိမိစိုက်ပျိုးထားသောအပင်မှ အသီးသီးရန်၊ အသီးထွက်အားကောင်းရန် လိုအပ်ပါသည်။ ယခင်က အပင်ခြေမှ ၆ ပေခန့်အကွာတွင် ပင်စည်၏အခေါက်ကို ဓားနှင့်ထစ်ပြီး အသီးသီးအောင်လုပ်သည့်နည်းကို အသုံးပြုခဲ့ကြပါသည်။ ထို့သို့ပြုလုပ်ခြင်းသည် အစာကြောများကို ဖြတ်ထုတ်ခြင်းဖြစ်သည့်အတွက် ရေရှည်အသုံးပြုပါက အပင်သေဆုံးခြင်းအထိဖြစ်တတ်ပါသည်။ ထို့ကြောင့် ယခုအခါတွင် သပ်ရိုက်သွင်းသောနည်းကို ပြောင်းလဲအသုံးပြုလာကြပါသည်။
အပင်၏အခြေမှ ငါးပေ၊ ခြောက်ပေခန့်အကွာတွင် သပ်ရိုက်သွင်းခြင်းဖြင့် အသီးသီးအောင်လုပ်သောနည်းကို ပြောင်းလဲအသုံးပြုလာကြပါသည်။ သပ်ရိုက်ခြင်းကို မိုးဦးကာလများဖြစ်သော မေလ၊ ဇွန်လတွင်လုပ်ဆောင်ပေးရပါသည်။ သပ်မရိုက်မီ နွားချေး၊ မြေဆွေးနှင့် ၁၅:၁၅:၁၅ အချိုးရှိသော ယူရီးယား၊ ပိုတက်စ်မြေဩဇာများကိုရောပြီး တစ်ပင်လျှင် နို့ဆီဘူး တစ်ဘူးခန့်စီ သပ်မရိုက်မီနှစ်ပတ်အလိုတွင် ကြိုတင်ကျွေးထားရပါမည်။
သပ်ရိုက်သွင်းရာတွင် ပျဉ်းကတိုးသားကို အသုံးပြုပေးရပါမည်။ သပ်၏အရွယ်အစားမှာ အရှည်သုံးလက်မခန့်၊ လုံးပတ်မှာ ဝါးတူခန့်ရှိရပါမည်။ ထိပ်တစ်ဖက်ကို အချွန်ပြုလုပ်ပေးရပါမည်။ ပြီးနောက် အပင်အခြေမှ ငါးပေ၊ခြောက်ပေခန့်အကွာမှစ၍ တစ်ချောင်းနှင့်တစ်ချောင်း ရှစ်လက်မမှ ဆယ်လက်မအထိခြားပြီး ကျဘန်းရိုက်သွင်းပေးရပါမည်။ ရိုက်သွင်းရာတွင် အခေါက်ကို အနာမဖြစ်စေရန် ဂရုတစိုက်ရိုက်သွင်းပေးရပါမည်။ နှစ်ပတ်ခန့်အကြာတွင် သပ်ရိုက်ထားသောနေရာမှ အစို့ထွက်လာပြီး များမကြာမီအပွင့် အသီးများသီးလာမည်ဖြစ်ပါသည်။
မောင်စိုင်းကိုကို
လွန်ခဲ့သော ၂ နှစ် ကသပ်ကရိုက်ပီးပြန်နုတ်ရမာလား သည်တိုင်းပစ်ထားရမာလား
AYE NAING
လွန်ခဲ့သော ၄ နှစ် ကသက်ရိုက်မည်လေးတစ်ချက်လောက်ပြောပြပေးလို့ရမလား☺️
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021