စံနမူနာပြအိမ်နှင့် ကျောင်းဥယျာဉ်ခြံတည်ထောင်ရန် သော့ချက်များ
စံနမူနာပြအိမ်နှင့် ကျောင်းဥယျာဉ်ခြံတည်ထောင်ရန် အဓိကသော့ချက်များအနေဖြင့် အချက် ၁၀ ချက်ရှိပါတယ်။
၁။ ဥယျာဉ်အတွက် ကောင်းသောမြေနေရာကို ရွေးချယ်ခြင်း
အကောင်းဆုံးမြေနေရာဆိုသည်မှာ ရေကောင်းစွာ ရရှိနိုင်သောနေရာ၊ ရေမဝပ်သောနေရာ၊ မြေဆီသြဇာထက်သန်သော နေရာ၊ နေရောင်ခြည်ကောင်းစွာရရှိသောနေရာနှင့် လေဝင်လေထွက်ကောင်းသော မြေနေရာကို သင့်ဥယျာဉ်အတွက် အကောင်းဆုံးနေရာအဖြစ် ရွေးချယ်သင့်သည်။
၂။ ဥယျာဉ်အတွက် လုံလောက်သောမြေနေရာရှိခြင်း၊ ရေကောင်းစွာရရှိခြင်း
ဥယျာဉ်အတွက် လုံလောက်သော မြေနေရာရှိရမည်။ ရေကောင်းစွာရရှိရမည်။ ယေဘုယျအားဖြင့် ဥယျာဉ်ခြံအကျယ်အဝန်းသည် ၅၀ စတုရန်းမီတာရှိသင့်သည်။ ဤအကျယ်အဝန်းသည် မိသားစုဝင် (၆) ယောက်အတွက် လိုအပ်သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်။
၃။ မြေကိုကောင်းစွာပြုပြင်ခြင်း
မြေကိုကောင်းစွာပြုပြင်ပါ။ ပေါက်ပြားနှင့်ထွန်ခြစ်ကို အသုံးပြု၍ မြေကိုဦးစွာပြုပြင်ရမည်။ မြေဆီလွှာမပျက်စီးစေရန် မြေ၌အစိုဓာတ်များနေချိန်တွင် မပြုပြင်သင့်ပါ။ မြေနေရာကိုရှင်းပြီး ဖြတ်ထားသောမြက်နှင့် ပေါင်းပင်များကို မြေဆွေးပြုလုပ်ရန် စုထားပါ။ မြေကို (၆-၈) လက်မ အနက်ရအောင် အနည်းဆုံးနှစ်ကြိမ်ခန့်တူးပေးပြီး ထွန်ခြစ်ဖြင့်ထွန်မွှေခြင်းနှင့် မြေစိုင်ခဲများ ခြေပေးခြင်းများ ပြုလုပ်ပေးရမည်။ ၃ᳵ၃၀ ပေ တစ်ဘောင်လျှင် နွားချေး/မြေဆွေး ၃-၄ တင်းထည့်သင့်သည်။
မျက်နှာပြင် ရေစီးကောင်းစေရန် (၆-၈) လက်မဘောင်ပြုလုပ်၍ မြေမျက်နှာပြင်ကို မြှင့်ပေးရမည်။ ထိုသို့ဘောင်များ ပြုလုပ်ပေးခြင်းဖြင့် အလုပ်လုပ်ရာတွင် သွားလာရလွယ်ကူသော လမ်းကြောင်းလည်းဖြစ်စေသည်။ ရေဝပ်သော နေရာများတွင်ဘောင်များကို ပိုမိုမြှင့်တင်ပြီး ဘောင်မြင့် စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။
ပထမအပိုင်းအနေဖြင့်
(၁) စိုက်ပျိုးမြေကို အာဟာရဓာတ်ပါဝင်မှု စမ်းသပ်ရမည်။
(၂) ဟင်းသီးဟင်းရွက် စိုက်မည့်မြေနေရာကို ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုစနစ်ပြပုံကြမ်း ရေးဆွဲရမည်။
(၃) စိုက်ပျိုးမည့်ဧရိယာတွက်ချက်ရမည်ဖြစ်ပြီး မြေကိုစနစ်တကျ ပြင်ရမည်။ ဤရေးဆွဲခြင်းသည် ဥယျာဉ်ခြံစတင် စိုက်ပျိုးရေး၏ ကနဦးမှတ်တမ်းဖြစ်သည်။
ဒုတိယအနေဖြင့်
(၁) စိုက်ပျိုးမည့် ဟင်းသီးဟင်းရွက်ရွေးချယ်ရမည်။ ၎င်းတို့သည် နေရာဒေသ၊ ရာသီဥတုနှင့် ကိုက်ညီရပါမည်။
(၂) စိုက်ပျိုးမည့် ရက်များကိုလည်း ရေးဆွဲထားရမည်။
(၃) အရေးကြီးသည်မှာ အိမ်ခြံမြေဥယျာဉ်ပြုလုပ်ရန် စိုက်ပျိုးမြေ၏ မြေ အချဉ် အငန် တိုင်းရမည်။
၄။ မြေကိုကောင်းစွာပြုပြင်ရန် သြဂဲနစ်မြေဆွေး မြေသြဇာ ပြုလုပ်ခြင်း
သြဂဲနစ်မြေသြဇာများရရှိရန် မြေဆွေးပုံများကို မြေပေါ်ပုံခြင်းနှင့် ကျင်းတူး၍ မြေဆွေးပြုလုပ်နိုင်သည်။ ဆွေးလွယ်သော ဗေဒါပင်များသုံးနိုင်သည်။ ဆွေးမြည့်ပြီး ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို ကျင်းထဲသို့ထည့်ပေးပါ။ အပေါ်မှမြေဖုံးပေးရမည်။ မြေဆွေးပုံကိုလှန်ပေးရန်မလိုပါ။
၅။ ကြီးထွားမြန်သော သက်တမ်းတိုအပင်များ စိုက်ပျိုးခြင်း
စံပြအိမ်နှင့်ကျောင်း ခြံမြေဥယျာဉ်တစ်ခြံလုံးတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု စနစ်ပြပုံ ရေးဆွဲခြင်းနှင့် အကွက်လျာထားရမည်။ အကွက်ကို သုံးပိုင်းခွဲပြီး ပထမအပိုင်းတွင် ၁-၂ လခန့်တွင် ဆွတ်ခူးရောင်းချနိုင်သော ကြီးထွားမြန်သော သက်တမ်းတိုအပင်များ စိုက်ပျိုးရမည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု အုပ်စုခွဲခြင်း
အုပ်စု(၁) ခြံစည်းရိုးပတ်ပတ်လည်ကို ကင်ပွန်းချဉ်၊ ဆူးပုပ်၊ မန်ကျည်းရွက်၊ ကညွတ်(နှစ်ရှည်)၊ ရှောက်ပင်၊ ခွေးတောင်ရွက်
အုပ်စု(၂) အိမ်၏ဘေးဘက် (သို့မဟုတ်) နောက်ဘက်ကျနေ အခြမ်းကို ငှက်ပျော၊ ဒန့်သလွန်၊ ပေါက်ပန်းဖြူ၊ သင်္ဘောပင်
အုပ်စု(၃) စတင်စိုက်ပျိုးနိုင်သည့် ဘူး၊ ဖရုံ၊ ခဝဲ၊ ပဲလင်းမြွေ၊ ဂေါ်ရခါး၊ ပဲစောင်းလျား၊ ပဲပုစွန်။
အုပ်စု(၄) တိုင်ထောင်စိုက်ပျိုးနိုင်သည့် သခွား၊ သခွားမွှေး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါး
အုပ်စု(၅) ဘောင်ဆွဲစိုက်ပျိုးနိုင်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီအစိမ်း၊ မုန်ညင်းရွက်၊ မုန်ညင်းထုပ်၊ နိုကို၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ဆလတ်၊ ကိုက်လန်၊ ကန်စွန်းရွက်(အစေ့စိုက်)၊ ချဉ်ပေါင် (အမြစ်နုတ်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြိတ်စားကြက်သွန်၊ ဆူးပန်း၊ ဟင်းနုနယ်၊ ပင်စိမ်း၊ ရွက်စား မုန်လာ၊ သကြားမုန်လာ
အုပ်စု(၆) ပင်ပျော့၊ ချုံပင်အမျိုးအစားဖြစ်သည့် ချဉ်ပေါင်(ကိုင်းဖြတ်)၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ငရုတ်ချို၊ ရုံးပတီ၊ တိုင်လွတ်ပဲ၊ ဟင်းစားပြောင်း
အုပ်စု(၇) ကန်စွန်းဥ (အရွက်စား၊ ဥစား)၊ ပန်းမန်
၆။ဘောင်များ၏ ကျန်သုံးပုံတစ်ပုံကို နှစ်ဝက် သက်တမ်းရှိသော ဟင်းသီးဟင်းရွက်ကိုစိုက်ပါ။
၇။ မြေနေရာအနေအထားအရ မြေဆီထိန်းမြေရာစီမံမှုများအနေဖြင့် တစ်ရာသီစား ဟင်းသီးဟင်းရွက်စိုက်ပျိုးခင်းတွင် မြေဆီတိုက်စားမှု ထိန်းသိမ်းသော မြေယာစီမံခြင်း ပြုလုပ်ထားပါ။
မြေစောင်းတွင် သစ်သားမြေထိန်းနံရံပြုလုပ်ပြီး ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးထားနိုင်ပါသည်။
၈။ ခြံစည်းရိုးပတ်လည်တွင် အပင်ကြီးများ စိုက်ပျိုးထားပါ။
၉။ သီးလှည့်/သီးညှပ်စိုက်ပျိုးခြင်း
ပဲမျိုးရင်းဝင်အပင်များကို သီးလှည့်စနစ်တွင် ထည့်သွင်းစိုက်ပျိုးပြီး အခြားသက်တမ်းတို ရာသီသီးနှံများနှင့် တစ်လှည့်စီ စိုက်ပျိုးရမည်။ သီးလှည့်စိုက်ပျိုးခြင်းဖြင့် ဖျက်ပိုးများနှင့်ရောဂါပိုးများကို ကာကွယ်နိုင်ပြီး ဥယျာဉ်ခြံမြေကို မြေဆီသြဇာပိုမိုထက်သန်စေသည်။
၁၀။ မြေသားထိန်းသိမ်းရန် မြေဖုံးပင်များစိုက်ပျိုးပါ။
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာများကိုအခြေခံ၍ လေ့လာခြင်းဖြင့် ဥယျာဉ်ခြံသီးနှံစိုက်ခင်းများကို မြေဧရိယာအနည်းငယ်အတွင်းပင် စနစ်တကျစိုက်ပျိုးထုတ်လုပ်တတ်မြောက်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်သိမ်းရေးအနေဖြင့် ပိုးသတ်ဆေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို အချိန်တိုအတွင်း ထိရောက်သော အကျိုးရှိမှုများစွာနှင့် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး စိုက်ပျိုးမြေများကိုပါ ပြုပြင်ထိန်သိမ်းပြီးသားဖြစ်သွားပါမည်။
နည်းပညာများကို ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အိမ်နှင့်ကျောင်း ဥယျာဉ်ခြတည်ထောင်ခြင်း နည်းပညာလက်စွဲစာအုပ် မှ ကောက်နုတ်ဖော်ပြပါသည်။
အမည်မသိ
လွန်ခဲ့သော ၆ နှစ် ကမြေဓာတ်အချဥ်အငံ တိုင်းတာသည့်နည်းကို မျှဝေပေးစေချင်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026