အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆွမ်းမွှေးပင်

ဆွမ်းမွှေးပင်

    ဆွမ်းမွှေးပင်ကို ထမင်းချက်ရာတွင် ရနံ့သင်းပျံ့စေရန် ထည့်ကြသည်ဟု လူသိများပါသည်။ ဆွမ်းမွှေးပင်ကို အင်္ဂလိပ်အမည် Pandan ဟု ခေါ်ပါသည်။ သိပ္ပံအမည်မှာ Pandanus amaryllifolius ဖြစ်ပြီး မျိုးစဥ်မှာ Pandanales ဖြစ်ပါသည်။ မျိုးရင်းမှာ Pandanaceae ဖြစ်ပါသည်။ မူရင်းဒေသမှာ တောင်အာရှနှင့် အရှေ့တောင်အာရှဖြစ်ပါသည်။ ရနံမွှေးကာ လူကြိုက်များသော ဆွမ်းမွှေးပင်အများစုသည် အာရှနှင့် သီရိလင်္ကာမှ ဖြစ်ပါသည်။

    ဆွမ်းမွှေးပင်သည် ဆီအုန်းပင်နှင့်ပုံစံဆင်ကာ ခြုံပင်ပုအမျိုးအစားဖြစ်ပါသည်။ အရွက်များသည် သေးသွယ်၍ ချွန်ကာ ထောင်မတ်ပြီး ရှည်လျားပါသည်။ အရွက်၏အရောင်မှာ အစိမ်းရင့်ရောင်ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကိုခံနိုင်ကာ ရုံလိုက်ပွားနိုင်ပါသည်။ အရွက်၏ရနံ့သည် အလွန်သင်းပျံကာ အုန်းနို့ကဲ့သို့ ချိုအီသောရနံ့ဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံတွင် အချိုပွဲများပြုလုပ်ရာတွင်သုံးပါသည်။ မြန်မာနိုင်ငံတွင်လည်း ထမင်းချက်ရာတွင် ပေါ်ဆန်းမွှေးရနံ့ကဲ့သို့ သင်းပျံ့စေရန် ထမင်းအိုးနှပ်သည့်အခါအရွက်ကိုထုံး၍ ထည့်ချက်ကြပါသည်။ ယခုအခါ ဆွမ်းမွှေးရွက်ကို ထမင်းချက်ရာတွင် အသုံးပြုသည့်အပြင် ဆွမ်းမွှေးရွက်မှရသော သဘာဝအရောင်ကို စားစရာများတွင်ထည့်သွင်း၍ ဆွမ်းမွှေးသာကူလုံး၊ ဆွမ်းမွှေးကောက်ညှင်းလုံး၊ ဆွမ်းမွှေးကိတ်၊ ဆွမ်းမွှေးကျောက်ကျော၊ ဆွမ်းမွှေးရေခဲမုန့် စသည်တို့်ကို ပြုလုပ်ကြပါသည်။ ထို့ပြင် မုန့်လက်ဆောင်းဖတ်များကို ဆွမ်းမွှေးရည်ဖြင့် အစိမ်းရောင်လုပ်ကာ ပိုမိုစားချင့်စဖွယ်အနေအထားနှင့်ပြုလုပ်လာကြပါသည်။ ဆွမ်းမွှေးရွက်ကို လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးလာကြပါသည်။ အချို့လူများက ကောက်ညှင်းထုပ် ထုပ်ရာတွင် ငှက်ပျောဖက်အစား ဆွမ်းမွှေးရွက်များနှင့်ထုပ်ပိုးကာ ပိုမိုသင်းပျံ့သော ကောက်ညှင်းထုပ်ကို ပြုလုပ်ကြပါသည်။

    အရွက်ကို အရည်ယူရာတွင် ပထမဦးစွာအရွက်စိမ်းများကို သန့်စင်စွာဆေးကြော၍ အပိုင်းပိုင်းဖြတ်ပါ။ ထို့နောက် ကြိတ်စက်အတွင်းသို့ ထိုအရွက်နှင့် ရေအနည်းငယ်ထည့်ကာကြိတ်ပြီးနောက် အဝတ်ပါးဖြင့်စစ်ပြီး အရည်ကိုရယူကာ လိုအပ်သည့် အချိုပွဲများ မုန့်များတွင် သုံးနိုင်ပါသည်။ ဆွမ်းမွှေးရွက်တွင် မွှေးသောရနံ့ဖြစ်စေခြင်းမှာ 2-acetyl-1-pyrroline ဒြပ်ပေါင်း ပါဝင်သောကြောင့် ဖြစ်ပါသည်။ ထိုဒြပ်ပေါင်းသည် ဘာစမာတီ ဆန်တွင်လည်း ပါဝင်ပါသည်။ ထို့ပြင်  pandamarine ဒြပ်ပေါင်းလည်း ပါဝင်ပါသည်။ ထိုအရာကလည်း နို့ကဲ့သို့သော သင်းပျံ့သည့် အနံ့အရသာကို ပေးစွမ်းနိုင်ပါသည်။

    ဆွမ်းမွှေးရွက်ကို ဟင်းချက်ရာတွင် သုံးသည်သာမက ဘဲ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးတိုး၊ နားကိုက်၊ ဒူးနာ ခါးနာခြင်း၊ အရက်နာကျခြင်း၊ ကိုယ်ပူကြီးခြင်း၊ ကင်ဆာရောဂါ စသည်တို့တွင် အရွက်စိမ်းအရည်ကို သောက်သုံးခြင်း၊ ဆွမ်းမွှေးရွက် လက်ဖက်ရည်ကြမ်းကို သောက်ခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ဆွမ်းမွှေးပင်၏ရနံ့သည် အင်းဆက်ပိုးမွှားများကို ပြေးစေသောအစွမ်းရှိ၍ သဘာဝ အင်းဆက်ပြေးဆေးအနေနှင့်လည်း အရွက်အရည်ကို သုံးနိုင်ပါသည်။

    အာရှဒေသရှိလူများနှင့်မစိမ်းသော ဆွမ်းမွှေးရွက်သည် အနံ့အရသာပြည့်စုံရုံသာမက ဆေးဖက်လည်းဝင်သည့်အတွက် တန်ဖိုးအနည်းငယ်သာရင်းရသော ဆွမ်းမွှေးရွက်ဖြင့် မြန်မာ့ရိုးရာအချိုပွဲများ ပြုလုပ်ကြည့်ကြစေလိုကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
kyawninwin

kyawninwin

လွန်ခဲ့သော ၆ နှစ် က

မျိုးစေ့ရချင်ယ်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။