ဆောင်းကြိုက်တဲ့ ဟင်းသီးဟင်းရွက်ပင်များ
ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချနေတဲ့ တောင်သူဦးကြီး ဒေါ်လေးတို့နဲ့ တစ်နိုင်တစ်ပိုင် အိမ်နောက်ဖေးဈေးဆိုင်တည်လိုတဲ့ အိမ်ရှင်မများက ခုချိန်ဆို ဆောင်းသီးနှံဟင်းသီးဟင်းရွက်ပင်တွေစိုက်ပျိုးဖို့ လုပ်ဆောင်နေကြပြီပေါ့။ ဘာသီးနှံတွေများ စိုက်ပျိုးနေကြပြီလဲ?
ဘာစိုက်ပျိုးနေပြီဆိုတာမပြောခင် အအေးကြိုက်သီးနှံတွေကို ဖော်ပြချင်ပါတယ်။ ဒီထဲက ဘယ်သီးနှံစိုက်ပျိုးပြီးပြီလဲ ဆွေးနွေးပေးခဲ့ကြပါဦး...
ဒီတော့ အအေးကြိုက်သီးနှံတွေရဲ့ များသောအားဖြင့် လိုအပ်တဲ့ အပူချိန်အကြောင်းကနေ ဖော်ပြလိုပါတယ်။
အအေးကြိုက်သီးနှံမျိုးသည် နေ့အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်မှ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်း ပိုမိုဖြစ်ထွန်းပါတယ်။ ထိုသီးနှံမျိုးက ဖော်ပြပါအပူအချိန်အတွင်း ဖြစ်ထွန်းရလျှင် လူတို့စားသုံးရသော ဥ (အမြစ်)ဖြစ်စေ၊ အကိုင်းအခက် (ပင်စည်) ဖြစ်စေ၊ အရွက်ဖြစ်စေ၊ အဖူးအငုံဖြစ်စေ ထုတ်လုပ်ပေးပါတယ်။ ထိုသီးနှံမျိုးများသည် နှင်းခါးရိုက်သောဒဏ် (Frost) ကို အတော်ခံနိုင်ပါတယ်။ ထိုသီးနှံမျိုး၏အစေ့သည် အေးနေသောမြေဆီ၌ပင် အပင်ပေါက်နိုင်ပြီး ထိုသို့သောသီးနှံမျိုး၏အမြစ်များသည် မြေဆီလွှာအတွင်းသို့ နက်ရှိုင်းစွာမဆင်းကြချေ။ အပင်မှာလည်း သေးငယ်ပြီး နေ့အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်ရှိနေလျှင် ထိုအပင်များက လူတို့အတွက် စားစရာ ထုတ်လုပ်မပေးတော့ပါ။
ထို့အပြင် အေးခဲမှုဒဏ်ကိုခံနိုင်သောသီးနှံမျိုးများလည်းရှိသေးပါတယ်။ ဥပမာ- ဒါကျက်ဥ(ခေါ်) မုန်လာဥနီ၊ မုန်လာဥအဖြူရောင်အရှည်၊ ကြက်သွန်ဖြူတို့ပဲဖြစ်ပါတယ်။
အအေးကြိုက်သောသီးနှံများ
၁။ ကညွတ်
၂။ ကွမ်းသီးမုန်လာ
၃။ ကြက်သွန်နီ
၄။ ကြက်သွန်ဖြူ
၅။ ကြက်သွန်မြိတ်အကြီး
၆။ ကိုလာဒ်မုန်လာ
၇။ ကိုက်လံ
၈။ ခါကျက်ဥ (ခေါ်) မုန်လာဥနီ
၉။ ခါးပုမုန်လာ (ခေါ်) နီကိုဥ
၁၀။ ဂေါ်ဖီထုပ်/မုန်လာထုပ်
၁၁။ ဆလပ်
၁၂။ တရုတ်နံနံ
၁၃။ တရုတ်မုန်လာထုပ်/မုန်ညှင်းထုပ်
၁၄။ ဒေါက်ခွရွက်
၁၅။ ပန်းဂေါ်ဖီအစိမ်း
၁၆။ ပန်းမုန်လာ/ပန်းဂေါ်ဖီ
၁၇။ အရွက်စားရသော ပိန်း
၁၈။ မုန်ညင်းရွက်
၁၉။ မုန်လာဥ
၂၀။ သင်္ဘောမုန်လာမြစ်
၂၁။ မုန်လာဥအဝိုင်း
၂၂။ ဘီတွတ်မုန်လာ
၂၃။ သခွားသီး
၂၄။ အာလူး
၂၅။ ဗိုလ်စားပဲ
၂၆။ နံနံ
၂၇။ ဟင်းနုနွယ်
ဦးကြီး ဒေါ်လေးတို့စိုက်တဲ့ထဲ မပါသေးတဲ့ သီးနှံတွေရှိရင် "ပါဝင်ဆွေးနွေးမည်" မှာ ပြောပြခဲ့ပါနော်. ဒီဆောင်းပါးဖတ်ရင်းနဲ့ မစိုက်ရသေးတဲ့ စိုက်ချင်သွားတဲ့သီးနှံမျိုးတွေလည်း စဉ်းစားမိသွားပါစေလို့ မျှော်လင့်ရင်း...
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)" စာအုပ် မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U CHO THAN
လွန်ခဲ့သော ၄ နှစ် ကထိုင်းမျိုးကျောက်ဖရုံပင် 10ပင်စိုက်ထားပါတယ် အသီးတင်အောင်ဘယ်လိုပြုစုရမလဲ
Zwe Htet Myint
လွန်ခဲ့သော ၄ နှစ် ကဆောင်းရာသီမှာ
Zwe Htet Myint
လွန်ခဲ့သော ၄ နှစ် ကဆောင်းရာသီမှာ
Zwe Htet Myint
လွန်ခဲ့သော ၄ နှစ် ကပဲတောင့်ရှည်ကိုစိုက်လို့ရလား
Soe Min
လွန်ခဲ့သော ၄ နှစ် ကကြက်သွန်ဖြူကိုဘယ်လိုအစစိုက်ရလဲ ပြောပြပေးပါ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026