ရောင်းပန်းလှ အစေ့အဆန်များဖြစ်ဖို့ အလေအလွင့်နည်းအောင်ဆောင်ရွက်ကြပါ
ပဲတီစိမ်းသီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် သက်လျင်အထွက်ကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံမျိုးကို အသုံးပြုစိုက်ပျိုးသည်။ အထွက်ကောင်းမျိုးတိုင်း၌ အထွက်စွမ်းရည်အပြည့်ရှိပြီးဖြစ်သည်။ သို့သော် စနစ်တကျပြုစုဂရုစိုက်၊ ရေသွင်းရေထုတ်မှန်ကန်၊ မြေသြဇာကျွေး၊ ပိုးမွှားရောဂါကာကွယ်ပေး၊ လိုလေသေးမရှိအောင် ပြုစုဂရုစိုက်ခြင်းဖြင့် တစ်ဧကအထွက်နှုန်းမြင့်မားရန် ဆောင်ရွက်မှု ပြီးပြည့်စုံခြင်းမရှိသေးကြောင်း သတိမူသင့်ပါသည်။
စိုက်ခင်းမှပွင့်သီးပေးသော အတောင့်အစေ့အားလုံးကို ရယူနိုင်ခြင်းမရှိသဖြင့် တောင်သူလယ်သမားအိမ်သို့ရောက်ရှိပြီး ထည့်သွင်းသိုလှောင်ရာ ပုတ်၊ အိတ်ထဲသို့ရောက်ရှိ ကျီဝင်သော ပမာဏသည် စိုက်ခင်းတစ်ဧကမှ အမှန်ပဲတီစိမ်းအထွက်ထက် လျော့နည်းလေ့ရှိသည်။ စိုက်ခင်းမှ ထုတ်လုပ်သမျှ စိုက်ပျိုးသူ တောင်သူလယ်သမား၏နေအိမ်သို့ အလေအလွင့်နည်းပါးစွာဖြင့် ရောက်ရှိအောင်ဆောင်ရွက်နိုင်မှသာ စိုက်ပျိုးသည့်မျိုး၏ အထွက်စွမ်းရည်ကို အပြည့်အဝရရှိနိုင်မည် ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံအနေဖြင့် လေလွင့်ဆုံးရှုံးနိုင်သည့် လုပ်ငန်းစဉ်များမှာ ရိတ်သိမ်းစဉ် (Harvesting)၊ ချွေလှေ့စဉ် (Threshing & Winnowing)၊ သယ်ယူပို့ဆောင်စဉ်(Transporting)နှင့် သိုလှောင်စဉ်(Storage)တို့တွင် ဖြစ်သည်။ လေ့လာမှုများအရ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းပြီး နောက်ပိုင်းလုပ်ငန်းများ ဆောင်ရွက်စဉ် လျော့နည်းဆုံးရှုံးမှု(Post-harvest losses)သည် ပဲတီစိမ်း အထွက်၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရပါသည်။
ရိတ်သိမ်းချိန်မှန်ရေး
မှန်ကန်သည့် ရင့်မှည့်ချိန်၌ရိတ်သိမ်းက လေလွင့်ဆုံးရှုံးမှု သက်သာစေရုံသာမက ဈေးကွက် ကြိုက်အရည်အသွေးကို ရရှိစေသည်။ ရင့်မှည့်ချိန်ထက်စော၍ ရိတ်သိမ်းပါက ပဲတီစိမ်းအထွက် နည်းစေသည်။ မအောင့်တမာအစေ့များ ရောနှောပါဝင်လာစေသည်။ အရည်အသွေးညံ့ဖျင်းသည့် အစေ့များကို ရရှိစေသည်။ သိုလှောင်ရာတွင် ပိုထိုးနိုင်ပါသည်။
ရိတ်သိမ်းချိန်နောက်ကျပါက သီးတောင့်များ ကွဲအက်ကြွေကျစေသည်။ ပဲတီစိမ်းအစေ့များ လေလွင့်ဆုံးရှုံးနိုင်သည်။ ငှက်၊ ကြွက်နှင့် ပိုးမွှားများဖျက်ဆီးမှုကို ခံရနိုင်ပေသည်။ မိုးရွာခြင်း၊ ရာသီဥတုဆိုးရွားခြင်းများ ဖြစ်ပေါ်ချိန်တို့တွင် ရိတ်သိမ်းပါကလည်း သီးတောင့်များ ပျက်စီးဆုံးရှုံး နိုင်ပါသည်။
ပဲတီးစိမ်းပင်ရှိ အတောင့်များ၏ ၈၀ ရာခိုင်နှုန်း ကောင်းစွာရင့်မှည့်သည့်အချိန်သည် ရိတ်သိမ်းရန်သင့်တော်သည့် ရိတ်သိမ်းချိန်မှန် ဖြစ်သည်။ ထိုအချိန်တွင် ရိတ်သိမ်းရန်ဖြစ်ပါသည်။
ရိတ်သိမ်းချိန်လွန်နည်းစနစ်မှန်ရေး
ရိတ်သိမ်းပြီး ပဲတီစိမ်းအတောင့်များအားချွေစဉ် ၀ ဒသမ ၆၃ ရာခိုင်နှုန်းနှင့်လှေ့စဉ် ၀ ဒသမ ၆၁ ရာခိုင်နှုန်း လျှော့နည်းနိုင်ကြောင်းသိရသည်။ သို့ဖြစ်၍ ရိတ်သိမ်းချွေလှေ့မှုလုပ်ငန်းများကို အလျှင်အမြန် ဆောင်ရွက်ရန်လိုသည်။ ကောင်းမွန်သည့် ချွေလှေ့တလင်းပေါ်တွင် စနစ်တကျ ဂရုပြုဆောင်ရွက်သင့်ပါသည်။
သိုလှောင်သည့် နေအိမ်၊ အဆောက်အဦ၊ ဂိုဒေါင်သို့ သယ်ယူပို့ဆောင်စဉ် လေလွင့်ဆုံးရှုံးနိုင်မှုမှာ ၀ ဒသမ ၁၉ မှ ၀ ဒသမ ၈၆ ရာခိုင်နှုန်းအထိ ဖြစ်သည်။ စနစ်တကျ အိတ်သွတ်သယ်ယူပို့ ဆောင်ခြင်းဖြင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေနိုင်ပါသည်။
ပဲတီစိမ်းအစေ့များအား ရောင်းဝယ်ဖေါက်ကားရန် သိုလှောင်စဉ်တွင် လေလွင့်ဆုံးရှုံးနိုင်မှုမှာ အများဆုံးဖြစ်သည်။ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်အထိ ဖြစ်သည်။ ပိုးမွှား၊ ကြွက်နှင့် ငှက်များ ဖျက်ဆီးနိုင်သည်။ အရေအတွက်သာမကအရည်အသွေးပါ ကျဆင်းသဖြင့် ရောင်းပန်းမလှ ဖြစ်နိုင်သည်။ နည်းစနစ်မှန်စွာဖြင့် ဖျက်ဆီးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့် စနစ်တကျသိုလှောင်ရန် လိုပါသည်။
ဈေးကွက်ကြိုက် ရောင်းပန်းလှရေး
ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်း၍ ရိတ်သိမ်းပြီးနောက်ပိုင်း ချွေလှေ့သိုလှောင်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အလေအလွင့်နည်းအောင် ဆောင်ရွက်ပြီးပါက ဈေးကွက်ကြိုက် ရောင်းပန်းလှ အရွယ်အစားများကို ခွဲခြား(grading) သင့်သည်။ စိုက်ပျိုးသူ၊ ရောင်းဝယ်သူနှင့် စားသုံးသူအရည်အသွေးကြိုက် ဖြစ်စေသင့်သည်။
ပဲတီစိမ်းရောင်းဝယ်ရာတွင် မျက်မြင်ဖြင့် အရည်အသွေးကောင်းမှု၊ အရွယ်အစားညီညာမှု၊ အစိုဓာတ်မှန်မှု၊ ကွဲအက်အစေ့များနှင့် အခြားမလိုအပ်သည်များမပါဝင်မှု စသည်တို့ကို ကြည့်ရှုလေ့ ရှိသည်။ သို့ဖြစ်၍ ဈေးကောင်းရ၍ ဝင်ငွေကောင်းရန် အဆင့်မှီ အရည်အသွေးကောင်း ပဲတီစိမ်းအစွေများကို အမျိုးအစားခွဲခြားကာ ရောင်းချသင့်ပါသည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် ထုတ်လုပ်မှုမြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်ကို အသုံးပြုခြင်း၊ စိုက်ချိန်စိုက်နည်းစနစ်မှန်ကန်ခြင်း၊ မြေသြဇာအသုံးပြုခြင်း၊ ပိုးမွှားနှင့် ရောဂါကာကွယ်နှိမ်နင်းခြင်း စသည့်စိုက်ပျိုးသည်မှ သီးပွင့်ရင့်မှည့်သည်ထိ လုပ်ငန်းအဆင့်ဆင့် မှန်ကန်ရုံဖြင့် ပြည့်စုံခြင်း မရှိသေးချေ။ ရိတ်သိမ်းချိန်မှန်ရမည်။ ချွေလှေ့သိုလှောင်မှုစနစ်မှန်ရမည်။ ထို့ပြင် အရည်အသွေး မကျဆင်းရေး၊ အဆင့်အတန်းမီ အရွယ်အစားညီညာရေးကိုလည်း ဦးစားပေးသင့်ကြောင်း အသိပေးရေးသားလိုက်ပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Soe Myint
အားလုံး