အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပျိုးဘောင် (စိုက်ဘောင်) ဖော်နည်း

ပျိုးဘောင် (စိုက်ဘောင်) ဖော်နည်း

Green Way
Green Way • 31/08/2023

ဥယျာဉ်ခြံသီးနှံများအနက် ဟင်းသီးဟင်းရွက်နှင့် ပန်းမန်ပင်အချို့ကို စိုက်ပျိုးရာတွင် အသုံးပြုရသည့် ပျိုးဘောင်၊ စိုက်ဘောင်များ စနစ်တကျပြင်ဆင်တတ်စေရန်အတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါသည်။ 

စိုက်ဘောင်ဖော်နည်း

(၁) ပျိုးဘောင်၊ စိုက်ဘောင်များ ပြုလုပ်မည့်မြေနေရာကို ပေါင်းမြက်များ ရှင်းလင်းရန်နှင့် လိုအပ်သောထယ်ရေး၊ ထွန်ရေးရရှိရန် မြေသား ၆ မှ ၁၀ လက်မ အနက်ထိ ထယ်ထိုး၊ ထွန်မှောက်ပေးရမည်။

(၂) ပျိုးပင်များကို စောင့်ရှောက်မှု လွယ်ကူစေရန် ပျိုးဘောင်အနံ (၃) ပေခန့်ထားရမည်။

(၃) ပျိုးဘောင်၏အလျားကို ရရှိသော မြေကွက်အရွယ်အစားနှင့် အနေအထားပေါ်မူတည်၍ သင့်လျော်သလို ထားနိုင်သည်။

(၄) မိုးများသောဒေသနှင့် ရေဝပ်သောမြေနေရာများတွင် ပျိုးဘောင်၏အမြင့်ကို ၆လက်မခန့်မြင့်၍ ဘောင်ဖော်ပေးရမည်။

(၅) ပူပြင်းခြောက်သွေ့သောဒေသများနှင့် ရာသီဥတုတို့တွင် ရေစီးဆင်းမှု ကာကွယ်ရန်နှင့် အစိုဓာတ်ထိန်းသိမ်းထားနိုင်ရန် ပျိုးဘောင်ကို  မြေပြင်အောက် (၂) လက်မခန့်နှိမ့်၍ ကျင်းသဏ္ဌာန် ဖော်ပေးရမည်။

(၆) မြေသားနုညက်သွားသည်အထိ မြေစာခဲများမကျန်အောင် မြေပြင်ပေးရမည်။

(၇) ပျိုးဘောင်သည် ပေါင်းမြက်များ၊ ကျောက်စရစ်ခဲများနှင့် အခြားအမှိုက်သရိုက်များကင်းစင်နေရမည်။

(၈) အမှိုက်သရိုက်များကင်းစင်၍ မြေသားညက်သွားသောအခါ သာမန်မြေအမျိုးအစားအတွက် (၃) ပေအကျယ်၊ ပေ (၂၀) အရှည်ရှိ ဘောင်တစ်ဘောင်တွင် မြေဆွေးတစ်တင်း (သို့မဟုတ်) နွားချေးဆွေးတင်းဝက် (သို့မဟုတ်) ကြက်ချေးဆွေးတစ်စိတ်တို့ကို ထည့်သွင်းပေးရမည်။

(၉) လောင်းသောရေများ စီးထွက်မသွားစေရန် ပျိုးဘောင်ကို ဘောင်နှုတ်ခမ်းတင်ပေးရမည်။

(၁၀) ပျိုးဘောင်ပြုလုပ်ပြီးနောက် မြေ၊ ရေ၊ လေ အချိုးသမမျှတအောင်ရက်အနည်းငယ် ထားရမည်။ ယင်းသို့ပြုလုပ်ခြင်းကို မြေနှပ်သည် ဟုခေါ်သည်။

(၁၁) ပျိုးဘောင်တွင်း မြေအာင်းပိုးမွှားများနှင့် မြေဆောင်ရောဂါများကို ကာကွယ်ရန် မြေတွင်းအောင်းပိုးသတ်ဆေးထည့်ပေးခြင်း၊ ကောက်ရိုး (သို့မဟုတ်) အမှိုက်များကိုဘောင်ပေါ်တွင် မီးရှို့ပေးခြင်းများဖြင့် ကြိုတင်ကာကွယ်နိုင်သည်။ တတ်နိုင်ပါကပျိုးဘောင်များကို ပလတ်စတစ်ဖုံးအုပ်ပြီး နေရောင်အောက်တွင် ရက်အတန်ကြာထားခြင်းဖြင့် မြေအောင်းပိုးမွှားများနှင့် မြေဆာင်ရောဂါများကို ကာကွယ်နိုင်သည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Ye Thuya Aung

Ye Thuya Aung

လွန်ခဲ့သော ၁ နှစ် က

ဘောင်ပြားပြုလုပ်ခြင်းအကြောင်း

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။