အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း

အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း

Green Way
Green Way • 18/09/2020

အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာသည် မြေဧရိယာအနည်းငယ်တွင် သင့်တော်သည့် သီးနှံအမျိုးမျိုးကို တွဲဖက် စိုက်ပျိုးခြင်းဖြစ်သည်။

၁။ အရေးကြီးသောအချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းသော ကျောင်းဥယျာဉ်ခြံစိုက်ပျိုးရေးကို အောင်မြင်စွာအကောင်အထည်ဖော်ရန် (၁) စိုက်ပျိုးသူသည် မိမိဒေသ၏ ရာသီဥတု၊ (၂) ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ၊ (၃) ပတ်ဝန်းကျင်ရှိသက်ရှိများ၊ (၄) ပတ်ဝန်းကျင်၏သဘာဝအခြေအနေများကို ကောင်းစွာသိရှိထားရမည်။ စိုက်ပျိုးသူသည် မိမိစိုက်ပျိုးမည့်မြေ၊ အပင်၏သဘာဝ၊ အဆင့်မြင့် စိုက်နည်းစနစ်၊ ပိုးမွှားကျရောက်မှုနှင့် နှိမ်နင်းပုံ၊ လိုအပ်ပါက ရိတ်သိမ်းပြီး တာရှည်ခံအောင်ပြုလုပ်ခြင်းများနှင့် မြေကြီးမှ ထုတ်ယူသုံးစွဲမှုမှန်သမျှကို အပင်အတွက်သာမက မြေကြီးအတွက်ပါ ပြန်လည်ဖြည့်ဆည်းနည်းများကို လေ့လာထားရမည်။ အိမ်ခြံမြေဥယျာဉ်ခြံသီးနှံစိုက်ပျိုးခြင်းနည်းပညာတွင် ရာသီအလိုက် ဦးစွာစိုက်သီးနှံ၊ ဒုတိယစိုက်သီးနှံစသည်ဖြင့် တွဲဖက်စိုက်ပျိုးမည့် သီးနှံများ သီးလှည့်စိုက်စနစ်မျာကို စနစ်တကျကြိုတင်စီမံခြင်းအားဖြင့် မိသားစုလုပ်အားကို အကျိုးရှိရှိ အသုံးချနိုင်ပါမည်။ မီးဖိုချောင်စရိတ် ဖူလုံပြီး အပိုဝင်ငွေပါ ရရှိလာပါမည်။

၂။ မြေကြီး၏သဘာဝကို ထိန်းသိမ်းနည်းများ

- မြက်များသည် အပေါ်ယံမြေကြီးအာဟာရကိုစုပ်ယူနိုင်သဖြင့် မြက်ပေါက်ရောက်မှုကို စနစ်တကျ ထိန်းသိမ်းထားရမည်။

- မှိုများသည် သဘာဝမြေဆီများကို ဖြိုခွဲပေးပြီး ၎င်းတို့၏ရှင်သန်မှုအတွက် ပြန်လည်အသုံးချသည်။

- ပဲမျိုးစုံ၏ အမြစ်များရှိမြစ်ဖုများသည် လေထဲမှ နိုင်ထရိုဂျင်ကို စုပ်ယူပေးပြီး မြေကြီး၏ အာဟာရဓာတ်ကို ကောင်းစေသည်။

- တီကောင်နှင့် မြေတွင်းပိုးကောင်များသည် သဘာဝသြဂဲနစ်ပစ္စည်းများကို ဖြိုခွဲပေးသည်။ မြေကြီးကို လေဝင်လေထွက်ကောင်းစေသည်။

- သေဆုံးပြီးသတ္တဝါများသည် ဆွေးမြည့်ပြီး မြေကြီးပြန်ဖြစ်သည်။

- အပင်များအတွက် အာဟာရ ထောက်ပံ့ပေးသော အပေါ်ယံမြေလွှာသည် သြဂဲနစ်ပစ္စည်းများ ဆွေးမြည့်ခြင်းမှ ရရှိသည်။

သဘာဝဇီဝကမ္မဖြစ်စဉ်ကို လက်တွေ့အသုံးချခြင်း

- မြက်များသည်အပေါ်ယံမြေကြီးမှ အာဟာရကိုစုပ်ယူသော်လည်း မြေအစိုဓာတ်ကို ညှိပေးသည်။ ဤသဘောတရားကို အခြေခံပြီးမြက်များသည်မြေအစိုဓာတ် ထိန်းသိမ်းရာတွင် အရေးကြီးသည်။

- မှိုများသည် သဘာဝမြေဆီများကို ဖြိုခွဲပေးပြီး ၎င်းတို့၏ရှင်သန်မှုအတွက် ပြန်လည်အသုံးချသည်။ ဤသဘောတရားကို အခြေခံပြီးဆေးဖက်ဝင်စားမှိုများကို လွယ်ကူစွာ စိုက်ပျိုးနိုင်သည်။ မှိုရိတ်သိမ်းပြီးပါက သဘာဝမှိုစိုက်ဘောင်ဟောင်းများသည် မြေဆွေးအဖြစ်သုံးနိုင်သည်။

- ပဲမျိုးစုံ၏အမြစ်များမှ မြစ်ဖုများသည် လေထဲမှ နိုင်ထရိုဂျင်ကိုစုပ်ယူပေးသောကြောင့် ပဲများကို သီးလှည့်တွင် ထည့်သွင်းစိုက်ပျိုးခြင်းပြုလုပ်ရမည်။

- တီကောင်နှင့် မြေတွင်းပိုးကောင်များ၏ ဇီဝဖြစ်စဉ်ကို အသုံးချပြီး ဇီဝမြေသြဇာထုတ်လုပ်နိုင်သည်။

- သေဆုံးပြီးသတ္တဝါများဆွေးမြည့်ပြီး မြေကြီးပြန်ဖြစ်သော သဘောတရားကိုအခြေခံပြီး တီကောင်၏စားသောက်နေထိုင်မှု သဘာဝကိုအသုံးချပြီး သဘာဝသြဂဲနစ်မြေဆွေးပြုလုပ်နိုင်သည်။

- အပင်များအတွက်အာဟာရထောက်ပံ့ပေးသော အပေါ်ယံမြေလွှာသည် သြဂဲနစ်ပစ္စည်းများဆွေးမြည့်ခြင်းမှ ရရှိသည့်အတွက် အပေါ်ယံမြေလွှာ မပျက်စီးစေရန် စိုက်ပျိုးနည်းစနစ်များမှန်ကန်ရမည်။ မြေဆွေးပြုလုပ်ခြင်းကို စနစ်တကျ ဆောင်ရွက်ရမည်။ အပေါ်ယံမြေလွှာတွင်အာဟာရများ မပြတ်ဖြည့်ရန် သြဂဲနစ်ပစ္စည်း ဆွေးမြည့်စေသော နည်းအမျိုးမျိုးကို အသုံးချပြီး သဘာဝသြဂဲနစ်မြေဆွေးပြုလုပ်နိုင်သည်။

အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာများကိုအခြေခံ၍ လေ့လာခြင်းဖြင့် ဥယျာဉ်ခြံသီးနှံစိုက်ခင်းများကို မြေဧရိယာအနည်းငယ်အတွင်းပင် စနစ်တကျစိုက်ပျိုးထုတ်လုပ်တတ်မြောက်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်သိမ်းရေးအနေဖြင့် ပိုးသတ်ဆေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို အချိန်တိုအတွင်း ထိရောက်သော အကျိုးရှိမှုများစွာနှင့် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး စိုက်ပျိုးမြေများကိုပါ ပြုပြင်ထိန်သိမ်းပြီးသားဖြစ်သွားပါမည်။

နည်းပညာများကို  ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အိမ်နှင့်ကျောင်း ဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲစာအုပ် မှ ကောက်နုတ်ဖော်ပြပါသည်။

အပတ်စဉ်သောကြာနေ့တိုင်း အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်းနည်းပညာများကို အစိမ်းရောင်လမ်းပရိသတ်တို့ လေ့လာနိုင်စေရန် တင်ပြပေးသွားပါမည်။

1
မင်းထွန်း

မင်းထွန်း

လွန်ခဲ့သော ၆ နှစ် က

စောင့်မျော်ဖတ်ရှုပါမည်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။