အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ကော်ဖီ ကမ္ဘာ့အဆင့်မီ စျေးကွက်တိုးချဲ့ရေး

မြန်မာ့ကော်ဖီ ကမ္ဘာ့အဆင့်မီ စျေးကွက်တိုးချဲ့ရေး

Green Way
Green Way • Greenovator • 28/05/2019

 ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသသည် ကမ္ဘာ့အဆင့်မီအရည်အသွေးကောင်းကော်ဖီမျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေခံမြေခံကောင်းတစ်ခုဖြစ်သည်ဟု သိရှိရသည်။
     ထို့ကြောင့် ရွာငံဒေသထွက်ကော်ဖီများထဲမှ အရည်အသွေးကောင်းကော်ဖီမျိုးစိတ်ငါးမျိုးကိုလည်း တိုးချဲ့စိုက်ပျိုးရန် စီစဉ်နေသည်ဟု သိရသည်။
     ထိုသို့အရည်အသွေးသတ်မှတ်နိုင်ရေးအတွက် ပြည်သူများပါဝင်သည့် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်၁၄ရက်က ရန်ကုန်မြို့တွင် ကျင်းပကာရွေးချယ်ထားသော ကော်ဖီမျိုးစိတ်ငါးမျိုး၏အရသာကို အကဲဖြတ်သောက်သုံးကြပြီး အမှတ်ပေးစနစ်ဖြင့် စံသတ်မှတ်ရွေးချယ်ခဲ့ကြသည်။
     ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာ့ကော်ဖီကို ကမ္ဘာသိလက်ခံခဲ့ပြီးဖြစ်ရာ အထူးသဖြင့် ပြင်ဉီးလွင်မြို့တွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခဲ့သော ဘီတီဘရားသားကော်ဖီသည် ကမ္ဘာသိတန်းဝင်ကော်ဖီဖြစ်ခဲ့သည်။
     ထိုအချိန်ကတည်းက မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကော်ဖီမျိုးများမှ နိုင်ငံတကာစျေးကွက်က လက်ခံကာ တန်းဝင်နေရာရခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း ပြင်သစ်နိုင်ငံမှ နာမည်ရကုမ္ပဏီကြီးအချို့က နှစ်စဉ်မြန်မာ့ကော်ဖီကို ကျွမ်းကျင်ပညာရှင်များနှင့် လာရောက်စမ်းသပ်၍ အရည်အသွေးစံမှီသည့်ကော်ဖီများကို နိုင်ငံတကာစျေးကွက်သို့ ဝယ်ယူဖြန့်ဖြူးလျက်ရှိသည်။
     ယခုတစ်ဖန် သတင်းကောင်းတစ်ခုအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှထွက်ရှိသည့် ကော်ဖီစေ့နမူနာငါးမျိုးဖြစ်သည့် Geisha, Pinkbourborn, Yellow Calture, Red Cataui, Saramon ဟူသည့် မျိုးစိတ်ငါးမျိုးကို စင်ကာပူနှင့်ဟောင်ကောင်တို့မှ အကဲဖြတ်မည့် ပညာရှင်များအပါအဝင် မြန်မာနိုင်ငံမှ ကော်ဖီကျွမ်းကျင်သူများက လက်တွေ့သောက်သုံးအကဲဖြတ်ကြပြီး ကော်ဖီနမူနာအလိုက် အမှတ်ပေးသတ်မှတ်ပေးခဲ့ကြရာ ပနားမားမှတင်သွင်းပြီး ရွာငံမြို့နယ်တွင်စိုက်ပျိုးရရှိသော Geishaကော်ဖီမျိုးသည် အကောင်းဆုံးကော်ဖီအဖြစ် သတ်မှတ်ခံရသည်ဟု သိရသည်။
     ကော်ဖီကိုစမ်းသပ်အကဲဖြတ်ရာတွင် အထူးတန်းဝင်ဖြစ်ဖို့ဆိုလျှင် အနံ့၊ အရသာအပါအဝင် ထူးခြားကောင်းမွန်သည့် အရည်အသွေးစံသတ်မှတ်ချက်များ၊ ပိုးမွှားကင်းစင်မှု၊ သန့်ရှင်းမှုအပါအဝင် စိုက်ပျိုးထုတ်လုပ်မှု သတ်မှတ်စံများနှင့်ကိုက်ညီမှသာ တန်းဝင်ကော်ဖီအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
     ထို့ကြောင့် မြန်မာ့နှစ်ရှည်ပင် ကော်ဖီစိုက်တောင်သူများသည် ထိုစံများကိုကြိုတင်သိရှိထားကာ စံနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်သည်နှင့်အမျှ ဝင်ငွေတိုးကာ အကျိုးရှိမည်ဖြစ်သည်။
     ယခုအထူးတန်းဝင်သတ်မှတ်ခံရသည့် ရွာငံနယ်ထွက်ဂေးရှား(Geisha)ကော်ဖီမျိုးစိတ်သည် ပြည်တွင်းပြည်ပစျေးကွက်အကြိုက် တန်းဝင်ကော်ဖီဖြစ်ကာ အကျိုးအမြတ်ကောင်းစွာ ရရှိနိုင်သည့်ကော်ဖီမျိုးဖြစ်သည် ဆို၏။
     အထူးတန်းဝင်ကော်ဖီမျိုးတစ်မျိုးမှာ နိုင်ငံတကာစံသတ်မှတ်ချက်အရ ရမှတ် ၈၀ ကျော်ရရန် လိုအပ်ရာ မြန်မာနိုင်ငံထွက်ကော်ဖီများသည် အဆိုပါ ၈၀ မှတ်အထက်မှာသာရှိကြသည်ဆို၏။ ယခုသတ်မှတ်ခံရသည့်ရွာငံနယ်ထွက် ဂေးရှားကော်ဖီမျိုးစိတ်သစ်သည် ၉၁ မှတ်ကျော်အထိရရှိခဲ့သဖြင့် မြန်မာနိုင်ငံ၏အကောင်းဆုံးကော်ဖီအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ရာ ယခုအခါ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေးကို ကြိုးပမ်းနေပြီဟုသိရသည်။
     မြန်မာနိုင်ငံတွင် ယခင်ကတည်းက ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သတ်၍ နာမည်ကျော်ပြီးဖြစ်သည့် ပြင်ဦးလွင်အပါအဝင် ကရင်ပြည်နယ် ဘားအံ့နှင့်သံတောင်ဒေသများသည်လည်း ကော်ဖီစီးပွားဖြစ်စိုက်ပျိုးရန် သင့်တော်သောနယ်မြေဒေသများဖြစ်၍ ယခုကဲ့သို့ အာမခံရရှိထားပြီးသော ဂေရှားကော်ဖီကဲ့သို့ အထူးတန်းဝင်ကော်ဖီမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ကာ နိုင်ငံတကာစေျးကွက်ကို တိုးချဲ့ရရှိရေးဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။        
လယ်ယာစီးပွားဂျာနယ်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။