အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖျက်ပိုးတွေကို သဘာဝအတိုင်း နှိမ်နင်းကာကွယ်နိုင်တဲ့ နည်းလမ်းများ

ဖျက်ပိုးတွေကို သဘာဝအတိုင်း နှိမ်နင်းကာကွယ်နိုင်တဲ့ နည်းလမ်းများ

Green Way
Green Way • Greenovator • 01/11/2018

- မြေယာထွန်ယက်သော အချိန်မှာ ဖျက်ပိုးလောက်ကောင်တွေ သေပျက်စေမယ်။
- ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးစေ့ကို အသုံးပြုမယ်။
- ဖျက်ပိုးများရဲ့ ပိုးဥတွေပါတဲ့ အရွက်တစ်ခုလုံးကို ကောက်ယူဖျက်ဆီးပစ်မယ်။
- အပင်ကြီးတွေအတွက် ဖျက်ပိုးမတက်ရောက်နိုင်မဲ့ တိရစ္ဆာန်အဆီ သုတ်လိမ်းထားမယ်။
- မြေကြီးကို အစာကောင်းကောင်း ကျွေးထားမယ်။
- သီးညှပ်စိုက်ပျိုးခြင်းဖြင့် မတူညီသော မျိုးစိတ် (၂) ခုအတွက် ဖျက်ပိုးကျရောက်မှု သက်သာစေသည်။
- သီးလှည့်စိုက်ပျိုးတဲ့အတွက် ဖျက်ပိုးများ ပွားများမှု လျော့နည်းစေတယ်။
- ထောင်ချောက်သီးနှံ ဥပမာ - ပဲပုပ်ကြားမှာ ညံပင်စိုက်မယ်။
- မီးရောင်ထောင်ချောက်အသုံးပြုခြင်းဖြင့် အရွယ်ရောက်ဖျက်ပိုးအမများ သေကြေပျက်စီးပါက၊ မျိုးပွားမှုများစွာ လျော့ကျစေမယ်၊ ၂ ဧက ပတ်လည်မှာ မီးရောင်ထောင်ချောက် တစ်ခုနူန်းထားပါ။
- အမဟော်မုန်း အာနိသင်ရှိတဲ့ Eugenol Trap ကဲ့သို့ ဖျက်ပိုးအထီးတွေကို ဆွဲဆောင်ဖမ်းယူခြင်းဖြင့် ပွားများမှု လျော့ကျစေမယ်။ ၂ ဧက ပတ်လည်မှာ ထောက်ချောက် (၁၅) ခုနူန်း ထားပေးပါ။
- ငှက်အသံ ပေးပြီးတော့လည်း ဖျက်ပိုးတွေကို ခြောက်လှန့်နိုင်တယ်။
- စေးကပ်တဲ့ ထောင်ချောက်ကိရိယာနဲ့ အင်းဆက်တွေကို ဆွဲဆောင်ကာ ကပ်ငြိပြီး သေစေတဲ့ နည်းကိုလည်း သုံးနိုင်တယ်။
- လိုအပ်လျှင် အပင်မှထုတ်လုပ်သော ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း အကျိုးပြု Ttichoderma မှို၊ Bac.thutingiensis ဘက်တီးရီးယားပါဝင်တဲ့ ဇီဝ မြေသြဇာတွေကို  (compost tea) မြေဆွေးလက်ဘက်ရည်လုပ်ကာ ဖျော်ဖျန်းအသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အပင်ပိုးသတ်ဆေးလက်ရှိ အသုံးပြုမှုများနေတာကတော့ တမာပိုးသတ်ဆေး၊ ရုိတီနုန်းနဲ့ ဆေးဂန္ဓာမာများ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဆီ၊ လေးညှင်းဆီ၊ ပြောင်းကော်တွေလည်း သုံးကြပါတယ်။
ကိုးကား - အခြေခံ အော်ဂဲနစ်လယ်ယာ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။