မိုးရာသီ အိမ်တွင်းစိုက်အပင်လေးတွေကို ပြုစုနည်း
မိုးရာသီမှာ အပူချိန်နဲ့စိုထိုင်းစက နွေရာသီထက်နိမ့်ကျနေတဲ့အတွက် ပန်းပင်လေးများ စိုက်ပျိုးဖို့ သင့်တော်တဲ့ရာသီဥတုလို့လည်း ဆိုနိုင်သလို ပိုမိုဂရုစိုက်ဖို့ လိုအပ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ရေလောင်းခြင်းအစ မြေဩဇာထည့်ခြင်းအပြင် အိုးနဲ့စိုက်ပျိုးထားတဲ့ အပင်လေးများကို မိုးရေထဲပစ်ထားမိတဲ့အခါ အပင်ကိုသေစေနိုင်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းတဲ့အခါ အိုးနဲ့စိုက်ပျိုးထားတဲ့အပင်တွေက ရေကို လိုတာထက်ပိုရတဲ့အခါ ရေဝပ်ပြီး အမြစ်ပုပ်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် succulent ပင်များ ဥပမာ-ရှားစောင်းကဲ့သို့သော ရေငတ်ဒဏ်ခံနိုင်ရည်ရှိတဲ့အပင်များကို အမိုးအောက်သို့ ရွှေ့ထားသင့်ပါတယ်။
မုတ်သုန်မတိုင်ခင်ထဲက ကိုင်းချိုင်ထားခြင်းက အပင်အစိတ်အပိုင်းအားလုံးကို နေရောင်ခြည်ပိုရစေပြီး အပင်များကို လျင်လျင်မြန်မြန်နဲ့ ပိုမိုကြီးထွားစေနိုင်ပါတယ်။ အလင်းဖောက်နိုင်တဲ့မိုးကာကိုလည်း အပင်ပေါ်မှာ မိုးထားလို့ရပါတယ်။
မိုးတွင်းမှာ အဓိကအားဖြင့် စိုက်ပျိုးထားသောအပင်များကို ရေလောင်းချိန်ပြောင်းပေးရပါတယ်။ လေဟာ အမြဲစိုထိုင်းနေပြီး အပင်မှ ရေကို အငွေ့ပြန်စေပြီး ရေဆုံးရှုံးမှု လျော့နည်းနိုင်တဲ့အတွက် အပေါ်ယံမြေဆီလွှာ ခြောက်သွေ့မှသာ အပင်ကို ရေလောင်းပေးသင့်ပါတယ်။ ရေလောင်းရာတွင်လည်း ညနေ ၃ နာရီနောက်ပိုင်းလောင်းခြင်းမျိုး ရှောင်ကြည်ရပါတယ်။
စိုစွတ်သောရာသီဥတုက ပေါင်းပင်ကိုကြီးထွားစေတဲ့အတွက် ပေါင်းလိုက်ခြင်းကို အမြဲလုပ်ဆောင်ပေးရပါတယ်။ စိုက်ခင်းဘောင်(သို့)အိုးမှာကပ်နေတဲ့ အစိမ်းရောင်ရေညှိချပ်တွေကအပင်နဲ့အတူ အဟာရဓာတ်ကိုရယူကာ ရှင်သန်ကြီးထွားနိုင်တဲ့အတွက် ဖယ်ရှားပေးသင့်ပါတယ်။
မိုးရာသီမှာ အပင်တွေက အင်းဆက်တွေကို ပိုမိုစွဲဆောင်နိုင်တဲ့အတွက် အမြဲသတိထားစောင့်ကြည့်ပြီး ဖယ်ရှားပေးခြင်းမျိုးများလည်း ပြုလုပ်ပေးသင့်ပါတယ်။ အရွက်များသည်လည်း အမြဲအစိုဓာတ်မြင့်မားနေလျှင် ပိုးမွှားတွေကျရောက်နိုင်သည့်အတွက် လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရရှိအောင် လုပ်ဆောင်ပေးရပါမယ်။ ပိုးမွှားကျရောက်ခြင်းမှကာကွယ်ရန်အတွက် တမာပိုးသတ်ဆေးကို အရွက်များ၏ အောက်ဘက်နှင့် ချောင်ကြိုချောင်ကြားများကို ၁၀ ရက် ၁ ကြိမ်ဖျန်းပေးခြင်းကို လုပ်ဆောင်သင့်ပါတယ်။
တီကောင်လေးတွေက လေဝင်လေထွက်ကောင်းအောင်နဲ့ နိုက်ထရိုဂျင်ဓာတ်ရရှိအောင် လုပ်ဆောင်ပေးနိုင်ပြီး ဖား(သို့) ဖားပြုတ်တွေကလည်း အိမ်ထဲမှာ အလှစိုက်ထားတဲ့အပင်တွေကို အင်းဆက်ရန်မှ ကင်းဝေးစေရန် ကာကွယ်ပေးနိုင်ပါတယ်။
စိုစွတ်နေတဲ့စိုက်ခင်းဘောင်ပေါ် တက်နင်းသွားခြင်းက မြေမှုန်လေးတွေနဲ့ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်စီဂျင်ကို ကွဲထွက်သွားနိုင်ပါတယ်။မိုးသည်းထန်စွာရွာသွန်းခြင်းက မြေဆီဩဇာများစွာ ဆုံးရှုံးနိုင်တဲ့အတွက် စိုက်ပင်လေးများအာဟာရဓာတ် လုံလောက်စွာရရှိဖို့က အလွန်အရေးကြီးပါတယ်။ မြေဩဇာထည့်လိုလျှင် မနက် ၇ နာရီမှ ၁၁ နာရီအတွင်း ထည့်ပေးခြင်းကို ပြုလုပ်ရပါတယ်။
yiyi
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့
ထွန်းလင်း
လွန်ခဲ့သော ၅ နှစ် ကဂန္ဓမာပန်းစိုက်နည်း
KoChan
လွန်ခဲ့သော ၅ နှစ် ကok
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး