အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးလျက်ရှိသော ကြက်သွန်နီမျိုးများ

စိုက်ပျိုးလျက်ရှိသော ကြက်သွန်နီမျိုးများ

Green Way
Green Way • 24/09/2021

(က) ရွှေဖလား

    ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးပမာဏမှာ (၁) ထက်ကြီးသည့်အတွက် ပြားဝိုင်းပုံ သဏ္ဍာန်ရှိသည်။ ရွှေဒင်္ဂါး၊ ရွှေဖလား ခွက်မှောက် ဟူ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။

(ခ) ဘောင်စောက်

    ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးချကြည့်ပါက (၁) ထက် ငယ်သည့်အတွက် ဘောင်ဆောက်ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်း နှင့်ဘင်္ဂလား ဟူ၍ခေါ်ဝေါ် သုံးစွဲကြပါသည်။

(ဂ) သပိတ်လုံး

    ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးအနေအထားအားဖြင့် ညီမျှမှုရှိသည့်အတွက် လုံးဝိုင်းသော ပုံသဏ္ဍန်ရှိပါသည်။ အချို့ဒေသများတွင် ဦးဝိုင်းမျိုးဟုခေါ်ဆိုလေ့ ရှိကြပါသည်။

(ဃ) မင်းတုန်းဥမွှာမျိုး

    ကြက်သွန်နီဥ တစ်လုံးတည်း မဟုတ်ဘဲ အမွှာတက်များ ဖြစ်ပေါ်နေသည့်အတွက် ပုံသဏ္ဍာန်ထူးခြားမှုရှိပါသည်။ မြိတ်စား ကြက်သွန်အဖြစ် အသုံးများ၍ မြန်မာကြက်သွန် (သို့မဟုတ်) ကြက်သွန်နီကလေးဟူ၍ လည်းခေါ်ဝေါ်ကြပါသည်။

ပျိုးထောင်ခြင်း

    အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန်တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ်ရှိရမည်။ သေချာစွာပြင်ဆင်ထားသောပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေရန် ဖြစ်သည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။

မျိုးစေ့နှုန်း

    တစ်ဧကလျှင် မျိုးစေ့ ၄ ပြည်ခန့် လိုသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ကြက်သွန်နီမျိုး

ကြက်သွန်နီမျိုး

Aung Chit

Aung Chit

လွန်ခဲ့သော ၈ လ က

ကြက်သွန်နီတွင်ထည့်သောမြေသြစာ

ကျော်ဌေး

ကျော်ဌေး

လွန်ခဲ့သော ၃ နှစ် က

တစ်ဧကဘယ်နှစ်ပိသာလောက်ထွက်နိုင်လည်း

Chit Wai Yan

Chit Wai Yan

လွန်ခဲ့သော ၄ နှစ် က

ကြက်သွန်ပျိုးထောင်​ပြီး14ရက်သားပါဗျာပေါင်းသက်ဆေးဘယ်လိုသုံးရမလဲ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။