ပေါင်းဆန်ဆိုတာဘာလဲ...ဘယ်လိုလုပ်ရတာလဲ
ပေါင်းဆန်ဆိုသည်မှာ ခြောက်သွေ့ပြီးစပါးအား မကြိတ်ခွဲမီ အစိုဓာတ်နှင့် အပူချိန် မြှင့်တင်ပေးပြီးမှ ပြန်လည်အခြောက်ခံကာ ကြိတ်ခွဲထားသောဆန်ကို ခေါ်ဆိုပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အက်ကြောင်းအရာပါသော ဆန်စေ့များသည် ပြန်လည်စေးကပ်သွားပြီး ဆန်ကြိတ်ရာတွင် အကျိုးအကြေနည်းကာ ဆန်ထွက်ကောင်းမွန်စေပါသည်။ ပေါင်းဆန်ပြုလုပ်ခြင်းအားဖြင့် ဆန်၏ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲစေပါသည်။
ပေါင်းဆန်ပြုလုပ်ခြင်းအားဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
- က။ ဆန်ကြိတ်ရာတွင် အကျိုးအကြေနည်းပြီး ဆန်ထွက်များသည်။
- ခ။ အတန်းအစားနိမ့်သောဆန်ကို ဆန်ကောင်းဖြစ်အောင် ကြိတ်နိုင်သည်။
- ဂ။ စပါးအခွံချွတ်ရာတွင် လွယ်ကူသဖြင့် ကြိတ်ခွဲရာတွင်လည်း လွယ်ကူပါသည်။
- ဃ။ ဆန်အဖြစ်သိုလှောင်ရာတွင် အင်းဆက်ပိုးမွှားကျရောက်မှု နည်းပါးပါသည်။
- င။ ဖွဲနု၌ ဖွဲနုဆီ ပါဝင်မှု ပိုမိုများပြားသည်။
- စ။ ဗီတာမင်နှင့် သတ္တုဓာတ်များကို ဆန်စေ့အတွင်း ထိန်းသိမ်းထားနိုင်ပါသည်။
- ဆ။ ဆန်ကိုချက်ပြီးပါက ထမင်းမသိုးလွယ်ဘဲ ကြာရှည်စွာ ထားနိုင်သည်။
- ဇ။ ထမင်းချက်ရာတွင် ကစီဓာတ်များ ဆုံးရှုံးမှု နည်းပါးနိုင်ပါသည်။

ပေါင်းဆန်ပြုလုပ်ပုံ အဆင့်ဆင့်
က။ ရေစိမ်ခြင်း
စပါးအား အပူချိန် ၆၀ မှ ၆၅ ဒီဂရီစင်တီဂရိတ်ရှိသော ရေပူတွင် ၂ နာရီမှ ၄ နာရီ စိမ်ခြင်းအားဖြ င့် အစိုဓာတ် ၃၀ % အထိမြင့်တက်စေပါသည်။ လိုအပ်သောရေပမာဏမှာ စပါးပမာဏ၏ (၁.၃)ဆ ဖြစ်ပါသည်။ ရေစိမ်သောကာလကြာမြင့်ပါက စပါးစေ့များ အချဉ်ပေါက်ပြီး ဆန်၏အနံ့ကို ဆိုးရွားစေပါသည်။
ခ။ ရေနွေးငွေ့ပေးခြင်း
ရေနွေးငွေ့ပေးခြင်းအားဖြင့် စပါးစေ့အတွင်းရှိ ကစီဓာတ်အား ကော်ရည်အဖြစ်ပြောင်းလဲပြီး စပါး၏အစိုဓာတ်ကို ၃၈ % အထိ မြင့်တက်စေပါသည်။ ဆန်စေ့၏အပြင်လွှာတွင်ရှိသော အာဟာရဓာတ်၊ဗီတာမင်နှင့် သတ္တုဓာတ်များသည် ဆန်စေ့အတွင်းသို့ ပျော်ဝင်သွားပါသည်။ ရေနွေးငွေ့ဖြင့်ပေါင်းသော ကာလကြာမြင့်ပါက ဆန်၏အရောင်ဝါခြင်း၊ မည်းခြင်းများဖြစ်စေပါသည်။
ဂ။ အခြောက်ခံခြင်း
ပေါင်းထားပြီးသော စပါးစေ့များကို အစိုဓာတ် ၁၄ % အထိ လျှော့ချပြီးမှသာ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းများ ပြုလုပ်ရပါမည်။ အစိုဓာတ်ကို ၃၈ % မှ ၁၄% အထိ တစ်ဆက်တည်း လျှော့ချပါက အခြောက်ခံရသည့်ကာလ ကြာရှည်သဖြ င့် ကြိတ်ခွဲရာတွင် အကျိုးအကြေများစေပါသည်။ ထို့ကြောင့် ပထမအဆင့်အနေဖြင့် အစိုဓာတ် ၁၈ % အထိ လျှော့ချပြီး အအေးခံရပါမည်။ ထိုမှတစ်ဆင့် ၁၄ % အထိကျဆင်းရန် ဆက်၍ တဖြည်းဖြည်း လျှော့ချရပါမည်။ အခြောက်ခံသောအပူချိန်နှင့် လေထုစိုထိုင်းဆအပေါ် မူတည်၍ အခြောက်ခံသောကာလသည် ၂၄ နာရီ မှ ၄၈ နာရီ အထိ ကြာရှည်တတ်သည်။ အစိုဓာတ် ၁၄ % အထိလျှော့ချပြီးမှသာ ကြိတ်ခွဲခြင်းနှင့် သိုလှောင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝင်းဇော်ထွန်း
လွန်ခဲ့သော ၃ နှစ် ကပေါင်းဆန် က ဆန်ပိုးတအားထိုးပါတယ် ဘာဖြစ်လို့လဲ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026