ကိုင်းကူးကိုင်းဆက်ပင်များနှင့် စင်တင်စိုက်သီးနှံများ...
ကိုင်းကူးကိုင်းဆက်မျိုးပွားနည်းဆိုသည်မှာ အမြစ်စဉ်ကောင်းမွန်၍ စိုက်ပျိုးမည့် ရေမြေနှင့် သင့်တော်သည့်မျိုးကွဲကို အောက်ခံပင်အဖြစ်ထား၍ အသီးအရည်အသွေး မြင့်မားသည့်မျိုးကို အပေါ်မှ အဖူးကိုင်းအဖြစ် ကိုင်းဆက်ပေးခြင်းဖြစ်သည်။ ကိုင်းကူးကိုင်းဆက်နည်းဖြင့် မျိုးပွားရာတွင် အောက်ခံပင်နှင့် အဖူးကိုင်းမျိုးတို့ကို သီးခြားစိုက်ပျိုးရမည်။ ဤနည်းဖြင့် မျိုးပွားရာတွင် အောင်မြင်မှု အများဆုံး ရရှိစေရန် အတွက်စွတ်စိုသော မိုးရာသီနှင့် အပင်တွင်းရေဓာတ် အများဆုံးရှိချိန်တွင် ဆောင်ရွက်ရမည်။ ကိုင်းကူးကိုင်းဆက်နည်းဖြင့် စိုက်ပျိုးရသောသီးနှံပင်များမှာ သရက်၊ ဒူးရင်း၊ မင်းကွတ်၊ သစ်တော်၊ စပျစ်သီး၊ လိမ္မော်၊ ကမ္ဗလာ၊ သစ်သော့၊ ပန်းသီး စသည်တို့ ဖြစ်သည်။

ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနိုင်သော သီးနှံများ
စင်တင်စိုက်ပျိုးရာတွင် သီးနှံများကို ၎င်းတို့၏ ကြီးထွားမှုပုံစံနှင့်လျော်ညီစွာ ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါသည်။ ပင်စည်မှာပျော့ ပြီးနွယ်တက်တတ်သော သီးနှံများကို တိုင်ထောင်ပေးခြင်း သို့မဟုတ် စင်ပြုလုပ်ပေးပြီး နွယ်တက်နိုင်စေရန် ပြုလုပ်ပေးရပါသည်။ စင်တင်ပေးရာတွင် သစ်၊ ဝါး နှင့် ဝါယာ ကြိုးများကို အသုံးပြုရသည်။ စင်တင်သီးနှံများစိုက်ပျိုးရာတွင် စင်အတွက် လိုအပ်သော စရိတ်ကို လျှော့ချနိုင်ရန်အတွက် ကြီးမြန်သစ်ပင် နှင့် ဝါးတို့ကို ခြံစည်ရိုးတွင် တွဲဖက်စိုက်ထားသင့်သည်။ ကြီးမြန်သစ်ပင်များ စိုက်ထားခြင်းဖြင့် သီးနှံများတွင် ကျရောက်သည့် ဖျက်ပိုးများအား စားသာက်နိုင်သည့် ငှက်များနားနေနိုင်ခြင်းကြောင့် ဖျက်ပိုးများကျရောက်မှု သက်သာကာ ပိုးသတ်ဆေးသုံးစွဲရမှုကို လျော့ကျစေနိုင်သည်။ သီးနှံစိုက်ပျိုးသောတောင်သူလယ်သမားများ ကြီးမြန်သစ်ပင်များကို မဖြစ်မနေစိုက်ပျိုးရန် လိုအပ်ပါသည်။
စင်တင်စိုက်ပျိုးနိုင်သော သီးနှံများ
စင်တင်စိုက်ပျိုးနိုင်သော သီးနှံအမျိုးအစားများထဲမှ အချို့ကို အောက်ပါပုံထဲတွင် ကြည့်ရှုနိုင်ပါ သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026