အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘက်တီးရီးယားက အပင်တွေကို ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?

ဘက်တီးရီးယားက အပင်တွေကို ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?

Green Way
Green Way • 09/01/2023

ဘက်တီးရီးယားများသည် သီးနှံပင်များကို ဒုတိယအများဆုံး ရောဂါဖြစ်စေသောသက်ရှိများ ဖြစ်ကြသည်။ ယင်းတို့သည် ဆဲလ်တစ်မျိုးတည်းဖြင့်သာ တည်ဆောက်ကြသောအပင်အုပ်စုဝင်များ ဖြစ်ကြသည်။ အပင်ကရောဂါဖြစ်စေသော ဘက်တီးရီးယားများသည် တိုတောင်းသော ဆလင်ဒါပုံဆဲလ်များ သာဖြစ်ကြသည်။ အချို့၌ ကြာပွတ်ပုံ ယက်မွှေးများပါ၍ ရွေ့လျားနိုင်ကြသည်။ အပင်ရောဂါ ဖြစ်စေသော ဘက်တီးရီးယားများတွင်လည်း အစိမ်းရောင်ခြယ်ဆေးများ မပါရှိပါ။ သို့ဖြစ်၍ ဘက်တီးရီးယားတို့သည် အခြားအပင်များကို မှီခိုစားသောက်ခြင်း၊ သက်မဲ့ဩဂဲနစ်ဓာတ်ပစ္စည်း အပုပ်အဆွေး များကို စားသုံးခြင်းများ ပြုလုပ်ကြသည်။

ဘက်တီးရီးယားတို့သည် နည်းအမျိုးမျိုးဖြင့် လက်ခံသီးနှံပင်ပေါ်သို့ ရောက်လာပြီးလက်ခံပင်၏ သဘာဝအပေါက်များဖြစ်သော လေပေါက်၊ ရေပေါက်၊ သစ်ခေါက်လေပေါက်၊ ပန်းပွင့်၏ ပွင့်ဖတ် အောက်ခြေရှိ ဝတ်ရည်ဂလင်းများနှင့် ဒဏ်ရာအနာများ၊ ပိုးမွှားကိုက်ရာများ စသည်တို့မှ ဝင်ရောက်ကြ၏။ ဘက်တီးရီးယားဆဲလ်များသည် လက်ခံပင်၏ တစ်သျှူးအတွင်းတွင် ပွားများကြပြီး အင်ဇိုင်းများ ထုတ်၍ လက်ခံဆဲလ်နံရံကို ချေဖျက်ကာ အစာများကို စုပ်ယူစားသုံးသည်။ ဤနည်းဖြင့် လက်ခံပင်၌ ရောဂါများဖြစ်ပွားကြသည်။

မြန်မာနိုင်ငံ၌ အဖြစ်များကသာ ဘက်တီးရီးယားကရာဂါများမှာ စပါးရွက်ကခြောက်ရောဂါ၊ အာလူး ညှိုးသေရောဂါ၊ ဝါဒေါင့်ကွက်နှင့် လက်မဲရောဂါ၊ ပဲလောင်မီးရောဂါနှင့် ရှောက်သံပုရာအနာချိုင့်ရောဂါ စသည်တို့ ဖြစ်ကြသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Khin Hnin

Khin Hnin

လွန်ခဲ့သော ၁ နှစ် က

ဘက်တီးရီးယားအဖုကျီးပေါင်းတက်ခြင်းရောဂါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

မည်သည့်ဆေးများနှင့်သင့်တော်ပါမည်နည်း

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။