အပင်ဟော်မုန်းများထဲမှ အောက်ဆင်
အောက်ဆင်ဟုခေါ်သော အပင်ဟော်မုန်းကို ကြီးထွားနေသည့်ပင်စည်၏ ထိပ်ဖျားပိုင်းနှင့် အရွက်နုငယ်များတွင် ချက်လုပ်ပါသည်။ ထို့နောက် ၎င်းအောက်ဘက်ရှိ ဆဲလ်များကို ရှည်ထွက်စေခြင်းဖြင့် ပင်စည်အားရှည်ထွက်လာစေပါသည်။ အကယ်၍ ကြီးထွားနေသောပင်စည်၏ ထိပ်ဖျားအား ဖယ်ရှားလိုက်ပါက ယင်းဖြတ်ရာအောက်ဘက်ရှိ ကြီးထွားမှုမှာ လျှင်မြန်စွာလျော့နည်းသွားသည်ကို တွေ့ရပါမည်။ ၎င်းဖြတ်ရာ အောက်ဖက်ရှိ ကြားဖူးများ၏ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပြီး ၎င်းကြားဖူးများမှ ဘေးကိုင်းများလျှင်မြန်စွာ ထွက်ပေါ်လာစေသည်။ အောက်ဆင်သည် အပင်များ အလင်းရောင်ရှိရာဘက်သို့ ကွေးညွှတ်ခြင်းကို ဖြစ်ပေါ်စေသည်။ အောက်ဆင်သည် အရွက်နှင့် အသီးများ ကြွေကျခြင်းကို ထိန်းသိမ်းပေးနိုင်သောဂုဏ်သတ္တိလည်းရှိပါသည်။ သဘာ၀အတိုင်း အပင်မှချက်လုပ်သောဟော်မုန်းနှင့် တူညီအောင် ဓာတ်ခွဲခန်းတွင် ချက်လုပ်ထားသော ဓာတုဒြပ်ပေါင်းများအား စိုက်ပျိုးရေးတွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိပါသည်။

၎င်းဓာတုဒြပ်ပေါင်းများသည်
- က။ ပင်ပိုင်းမျိုးပွားမှုတွင် အမြစ်ဖြာထွက်မှုကို အားပေးခြင်း၊
- ခ။ အသီးနှင့်အရွက်များ အပင်ပေါ်မှ ကြွေမကျအာင် ထိန်းသိမ်းထားနိုင်ခြင်း၊
- ဂ။ အစေ့မဲ့အသီးများ ထုတ်လုပ်ရန်အတွက် ဖျန်းပက်နိုင်ခြင်း၊
- ဃ။ အပင်တစ်သျှူးမွေးမြူရေးတွင် အသုံးချနိုင်ခြင်း၊
- င။ ပြင်းအားများများဖြင့်သုံးစွဲလျှင် အပင်များကိုသေစေနိုင်သည့် အာနိသင်ရှိခြင်းကြောင့် ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း စသည့်တို့ကြောင့် လက်တွေ့စိုက်ပျိုးရေးတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ကျန်ဟော်မုန်းများကို ဆက်လက်ဖော်ပြပါဦးမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ULaDoi
လွန်ခဲ့သော ၃ နှစ် ကအောက်ဆင်ဟုခေါ်သောဟိုမနု်းဓာတ်ကိုပတ်ဝန်းကျင်ရှိမည်သည့်အရာများမှရနှိင်လဲဆရာ
min zaw
လွန်ခဲ့သော ၃ နှစ် ကသဘာဝ မြေသြောဇာမှာ အပင်ကြီးထွားမှု ဟော်မုန်း အများဆုံးပါဝင်တာ ဘာများရှိနိုင်မလဲခက်ဗျ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026