အပင်ကြီးထွားမှုကို အားပေးလှုံ့ဆော်သော ဟော်မုန်းများ (၁)
အပင်ကြီးထွားရန်အတွက် နေ၏အလင်းရောင်၊ လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မြေကြီးအတွင်းမှ ရေနှင့် နိုက်ထရိုဂျင်အပါအဝင် အာဟာရဓာတ်များလိုအပ်ပါသည်။ အပင်တစ်ပင် ကြီးထွားမှုဆိုသည်မှာ ၎င်း၏ အလေးချိန်နှင့် ထုထည်တိုးလာရုံမျှမက အပင်၏ ပုံပန်းသဏ္ဌာန်အောင့် ကွဲပြားခြားနားလာခြင်း၊ မတူကွဲပြားထားသည့် ဆဲလ်များ၊ တစ်သျှူးများနှင့် အင်္ဂါအစိတ်အပိုင်းများ ဖြစ်ပေါ်ခြ င်းတို့ ပါဝင်ပါသည်။ ထိုသို့ဖြစ်ပေါ်မှုသည် အပင်တွင်းနှင့် ပြင်ပပတ်၀န်းကျင်တို့၏ တုံ့ပြန်ဆက်စပ်မှုအပေါ်မှီခိုနေသည်ကို တွေ့ရပါသည်။ ပြင်ပ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများတွင် အလင်းရောင်၊ အပူချိန်၊ နေ့တာအတိုအရှည်နှင့် ကမ္ဘာမြေကြီး၏ ဆွဲငင်အားတို့ပါဝင်ပါသည်။ အပင်တွင်းဆိုင်ရာ အကြောင်းအရာများတွင် ဓာတုပစ္စည်းများ၏ လှုံ့ဆော်မှုမှာ အပင်၏ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုအတွက် အဓိကကျပါသည်။ အပင်၏ဇီဝကမ္မ လုပ်ဆောင်ချက် အများစုနှင့် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်ပေးသည့် ဩဂဲနစ်ဒြပ်ပေါင်းများအား အပင်ဟော်မုန်းများဟု ခေါ်ဆိုပါသည်။
အပင်ဟော်မုန်းများဆိုသည်မှာ ဘုံမြင့်ပင်များတွင် အပင်မှသဘာဝအတိုင်းချက်လုပ်ပြီး အပင်၏ကြီးထွားမှုနှင့် အခြားသော ဇီဝကမ္မလုပ်ဆောင်ချက်များကို ပမာဏအနည်းငယ်မျှဖြင့် ၎င်း၏ ဂုဏ်သတ္တိကို ထိရောက်စွာဖော်ပြနိုင်သည့် ဩဂဲနစ်ပစ္စည်းများပင်ဖြစ်သည်။
ဟော်မုန်းဆိုသည့်စကားလုံးမှာ မူရင်းဂရိဘာသာမှ ဆင်းသက်လာပြီး ယခုအခါ ကြီးထွားမှုကို အားပေးလှုံ့ဆော်သည့်ပစ္စည်းဟု ခေါ်၀ေါ်သုံးစွဲလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အောက်ဇင် (auxin) ဟုခေါ်သော အပင်ဟော်မုန်းမှာ ပထမဦးဆုံး ရှာဖွေတွေ့ရှိသည့် ဟော်မုန်းဖြစ်နိုင်ပြီး သဘာ၀အတိုင်း အပင်မှချက်လုပ်ခြင်း ဖြစ်ပါသည်။ တခြားသောကြီးထွားမှု လှုံ့ဆော်သည့် ဟော်မုန်းဖြစ်သည့် ဂျစ်ဘရယ်လင် (gibberellin)နှင့် ဆိုင်တိုကိုင်နင် (cytokynin) တို့ကို နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၎င်းတို့မှာလည်း အပင်ကိုယ်တိုင် ချက်လုပ်သည့် ကြီးထွားမှုကို အားပေး ဟော်မုန်းများဖြစ်ပါသည်။ အီသိုင်လင်း (ethylene) ကဟော်မုန်းမှာမူ ဆက်လက်ကြီးထွားမှုကို ဟန့်တားပြီး အပင်ဆဲလ်များကို ပျက်စီးစေပါသည်။

အလင်းရောင်ဘက်သို့ ကွေးညွှတ်ခြင်းအား အပင်ပေါက်ငယ်များတွင် စမ်းသပ်ပုံ
ပုံတွင် အပင်ပေါက်၏ ထိပ်ဖျားကို ဖြတ်ထားပါက အပင်၏ထိပ်ဖျားသည် အလင်းရောင်ရှိရာဘက်သို့ မကွေးညွှတ်နိုင်ပါ။ အပင်၏ထိပ်ဖျားအား အလင်းမဖောက်နိုင်သည့် အနက်ရောင်အစွပ်ဖြင့် အုပ်ထားပါကလည်း ကွေးညွှတ်ခြင်းကို မတွေ့ရပါ။ ပုံမှန်အတိုင်းကြီးထွားနေသည့် အပင်၏ထိပ်ဖျားသာလျှင် တစ်ဖက်သတ် အလင်းရောင်ရှိရာဘက်သို့ ကွေးညွှတ်သွားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အပင်၏ထိပ်ဖျားတွင် ချက်လုပ်သော ဓာတုပစ္စည်းသည် ဆဲလ်ရှည်ထွက်မှုကိုအားပေးပြီး အလင်းရောင်ဘက်သို့ ဦးတည်သွားကြောင်း သိသာထင်ရှားပါသည်။ ယခုအခါ ၎င်းဓာတုပစ္စည်းသည် အောက်ဆင်ဖြစ်ကြောင်းသိရှိပြီး အပင်၏ထိပ်ဖျားအတွင်း အလင်းရောင်ရှိရာဘက်မှ အလင်းရောင်ဝေးရာဘက်သို့ရွေ့လျားကာ ၎င်းဘက်ရှိဆဲလ်များကို ပို၍ရှည်ထွက်လာစေကြောင်း သိရှိလာကြပြီဖြစ်ပါသည်။

နေကြာပွင့်များအလင်းရောင်လာရာဘက်သို့ကွေးညွှတ်ခြင်း
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
အပင်ဟော်မုန်းတစ်ခုချင်းစီ၏ အသေးစိတ်အကြောင်းကို ကျန်အပိုင်းများတွင် ဆက်လက်ဖော်ပြပါဦးမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Khin Hnin
လွန်ခဲ့သော ၈ လ ကဆိုက်တိုဂီနင်
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....