အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပင်ရည်ပျံခြင်းလို့ခေါ်တဲ့ transpiration ဆိုတာ..

ပင်ရည်ပျံခြင်းလို့ခေါ်တဲ့ transpiration ဆိုတာ..

Green Way
Green Way • 13/10/2023

အပင်များသည် မြေဆီလွှာထဲမှရေကို အမြစ်များမှတစ်ဆင့် စုပ်ယူပြီး စုပ်ယူထားသော ရေပမာဏ၏ အနည်းငယ်ကိုသာ ဇီဝကမ္မဖြစ်စဉ်များတွင် အသုံးချသည်။ စုပ်ယူထားသောရေအချို့မှာ အပင်အတွင်းရှိ ဆဲလ်များအတွင်း ထိန်းသိမ်းထားပြီး ရေအများစုမှာ အရွက်များမှတစ်ဆင့် လေထုထဲသို့ အငွေ့ပျံပျောက်ဆုံးသွားကြသည်။ ထိုသို့ ရှင်သန်နေသော အပင်မှ ရေများသည် အငွေ့အဖြစ် လေထုထဲသို့ အရွက်၏မျက်နှာပြင်မှတစ်ဆင့် ဆုံးရှုံးသွားသောဖြစ်စဉ်ကို ပင်ရည်ပျံခြင်းဟုခေါ်သည်။

ပင်ရည်ပျံခြင်း၏ အရေးပါပုံ

အပင်များ၏ ပတ်၀န်းကျင်သည် အေးမြ၍စိုစွတ်နေလေ့ရှိသည်။ အကြောင်းမှာအပင်များသည် ၎င်းတို့၏အရွက်များမှ ရေငွေ့များကို ပတ်၀န်းကျင်လေထုထဲသို့ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်သည်။ အပင်များတည်ရှိခြင်းဖြ င့် အရိပ်များကြောင့် အေးမြနေစေရုံမျှမက ၎င်းအပင်များမှထုတ်လွှတ်သော ရေငွေ့များကြောင့်လည်း လေထုအပူချိန်ကို လျော့နည်းစေပါသည်။ ပင်ရည်ပျံခြင်းသည် အပင်အတွက် မရှိမဖြစ်လိုအပ်သော ဇီ၀ကမ္မဖြစ်စဉ် တစ်မျိုးပင်ဖြစ်သည်။ ပင်ရည်ပျံခြင်းကြောင့် ဆုံးရှုံးသွားသော ရေများအား အစားထိုးရန် မြေကြီးထဲရှိရေများအား အမြစ်မှစုပ်ယူမှုကို ဖြစ်ပေါ်စေသည်။ ၎င်းစုပ်ယူလိုက်သည့် ရေနှင့်အတူအပင်အတွက်လိုအပ်သော အာဟာရဓာတ်များလည်း အပင်အတွင်းသို့ ရောက်ရှိလာစေပါသည်။ ထို့ကြောင့် ပင်ရည်ပျံခြင်းသည် အပင်အတွက်အရေးပါသော ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။

အရွက်အောက်မျက်နှာပြင်ရှိ လေပေါက်ငယ်များ

ပင်ရည်ပျံခြင်းဖြစ်စဉ်

အပင်အတွင်း၌ စုပ်ယူထားသောရေများကို အပင်၏ လုပ်ငန်းဆောင်တာများနှင့်တည်ဆောက်မှုအရ အသေးငယ်ဆုံးဖြစ်သည့် ဆဲလ်အတွင်းရှိ ဆဲလ်ရေကွက်များ အတွင်းတွင် သိုလှောင်ထိန်းသိမ်းထားသည်။ ဤရေသည် ဆဲလ်နံရံမျက်နှာပြင်ကိုလည်း စိမ့်ဝင်၍ စိုစွတ်စေသည်။ ၎င်းဆဲလ်နံရံများ စိုစွတ်မှုကြောင့် ဆဲလ်နံရံများကြားရှိ ဆဲလ်ကြားကွက်လပ် လေဟာနယ်များသည်လည်း ရေခိုးရေငွေ့တို့ဖြ င့် စိုစွတ်နေသည်။ ရာသီဥတုပူနေသောအခါ ၎င်းဆဲလ်ကြားလေဟာနယ်များရှိ ရေခိုးရေငွေ့များသည် ပတ်ဝန်းကျင်လေထုထက်သိပ်သည်းမှုမြင့်မားလာသည်။ ထိုအခါ ၎င်းလေဟာနယ်များမှ ရေငွေ့များသည် အရွက်အောက်မျက်နှာပြင်ရှိ လေပေါက်ငယ်များမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့ရောက်ရှိ သွားသည်။ အပင်တို့မှ ရေဆုံးရှုံးခြင်း နည်းလမ်းအမျိုးမျိုးရှိသည့်အနက် ပင်ရည်ပျံခြင်းနည်းဖြင့် ဆုံးရှုံးမှုမှာ အများဆုံးဖြစ်သည်။

Crd# ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။