အချိုမှုန့်ကို အပင်စိုက်ပျိုးခြင်းတွင် အသုံးချခြင်း
အချိုမှုန့်ဆိုတာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ ဂလူတမစ်အက်ဆစ်ပါဝင်တဲ့ မိုနိုဆိုဒီယမ် ဂလူတမိတ် (MSG) ဒြပ်ပေါင်းတစ်မျိုးပဲဖြစ်ပါတယ်။ အချိုမှုန့်ထဲမှာ ပါဝင်တဲ့ ဂလူတမစ် အက်ဆစ်က စားလိုက်ရင် လျှာထဲမှာ အရသာကိုပိုကောင်းအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
အချိုမှုန့်ကို ဘယ်လိုလုပ်လဲဆိုရင်တော့ ကာဗိုဟိုက်ဒြိတ်တစ်ခုခု (ဥပမာ-ပီလောပီနံ၊ ပြောင်းဖူး၊ ကြံ) ကို အဏုဇီဝဘတ်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ Corynebacterium glutamicum နဲ့ ကစော်ဖောက်ပြီး ရလာတဲ့အရည်ကို အမှုန့်ပြန်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး လူတွေစားသုံးတဲ့အချိုမှုန့်ဟာ အပင်တွေအတွက်လည်း အာဟာရဓာတ်တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။ ဘယ်လိုအကျိုးပြုနိုင်တာလဲဆိုတော့...
အချိုမှုန့်ဟာဆိုရင် ရေမှာပျော်ဝင်နိုင်တဲ့ သတ္တိရှိပြီး အပင်အတွက်လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ် (N,K,Ca) စတာတွေအပြင် အနည်းလိုအာဟာရဓာတ်ရော အများလိုအာဟာရဓာတ်ရော ပါဝင်ပါတယ်။
နိုက်ထရိုဂျင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ကြက်ချေးမှာပါဝင်တဲ့ နိုက်ထရိုဂျင်ဓာတ်တွေလိုပဲ အပင်တွေကို အကျိုးပြုနိုင်စွမ်းရှိပါတယ်။
အပင်အကျိုးပြုအမိုင်နိုဓာတ်ပစ္စည်းတစ်မျိုးလည်းဖြစ်တဲ့အတွက် အပင်တွေမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေကိုလည်း ပိုမိုများပြားလာစေနိုင်ပါတယ်။
အချိုမှုန့်ကိုအသုံးပြုတဲ့အတွက် ..
- အပင်တွေရဲ့အစာချက်အားပိုမိုကောင်းလာခြင်း
- ပန်းပွင့်မှုကို လှုံ့ဆော်ပေးခြင်း
အကျိုးပြုပဲဖြစ်ဖု rhizobium ဘတ်တီးရီးယားကိုအားပေးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
အချိုမှုန့်ဟာ အပင်ထွက်ပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်လို့ အချိုမှုန့်ကို အပင်တွေအတွက်သုံးစွဲခြင်းက အော်ဂဲနစ်လို့လည်း ဆိုနိုင်ပါတယ်။
အပင်ကိုအချိုမှုန့်ဖျန်းပြီးလက်တွေ့စမ်းသပ်ထားတာကို ကြည့်ကြရအောင်ပါ။

ဒီအပင်လေးကတော့ အိမ်မှာရှိတဲ့ သပြေမျိုးနွယ်ဝင် Eugena အပင်ကိုစမ်းကြည့်ထားတာပါ။ ညာကအိုးမှာ လေးပင်စိုက်ထားပြီး မြေဩဇာသေချာထည့်ထားပါတယ်။ အမြစ်တွေများများပွားစေရန် နေရာကျယ်ကျယ်ပေးထားတာမျိုးတွေလုပ်ထားပါတယ်။
ဘယ်ကအိုးမှာတော့ မြေဩဇာသေချာမပေးထားဘူး။ ၅ပင်လည်းစိုက်ထားတဲ့အပြင် အိုးသေးသေးနဲ့ပျိုးထားပါတယ်။အချိုမှုန့်တစ်ခုထဲသာ ဖျန်းထားတာမျိုးပြုလုပ်ထားပါတယ်။
မြင်တဲ့အတိုင်းပါပဲ။ ၂ ပတ်သားမှာတင် ဘယ်ဘက်အိုးက အပင်တွေကပိုမိုဖြစ်ထွန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။
သတိထားသင့်တဲ့အချက်တချို့တော့ရှိပါတယ်။

အဲ့ဒါတွေကတော့..
အချိုမှုန့်ဖျော်ရည်ကို အပင်မှာ ရောဂါတစ်ခုခုရှိနေတဲ့အချိန်မျိုးတွေဆို အသုံးမပြုသင့်ပါဘူး။
- ဖျန်းတဲ့အခါမှာဆိုရင်လည်း ၁ လကို ၅ ကြိမ်ထက်ပိုပြီး ဖျန်းတာမျိုး မပြုလုပ်ရပါဘူး။
- အချိုမှုန့်ကို ထည့်တဲ့အခါ ဇွန်း ၅ ဇွန်းထက်ပိုပြီး ထည့်တာမျိုးကိုလည်း မပြုလုပ်ရပါဘူး။
- အချိုမှုန့်ကို အသုံးပြုတာများရင် မြေငန်၊ ဆားငန်မှုတွေကို တိုးလာစေနိုင်ပါတယ်။
အချိုမှုန့်ကို အပင်တွေအတွက် အသုံးပြုချင်ရင်တော့ ရေ ၁ ဂါလံကို ဟင်းစားဇွန်းနဲ့ အချိုမှုန့် ၁ ဇွန်းစာကို အပင်ငယ်စဉ်မှာ spray ဘူးထဲထည့်ပြီး ဖျန်းလို့ရပါတယ်။ အပင်ကြီးရင်တော့ ရေ ၁ ဂါလံကို ဟင်းစားဇွန်း ၂၊ ၃ ဇွန်း ထည့်လို့ပါတယ်။
ဖုန်းမဏ်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ye Naing
လွန်ခဲ့သော ၁ နှစ် ကဟင်းစားဇွန်းက ဘယ်လောက် ဂရမ်လဲဗျ
Kyaw Shwe Oo
လွန်ခဲ့သော ၄ နှစ် ကok
Kolinn
လွန်ခဲ့သော ၄ နှစ် ကမုန်လာထုပ် မုန်ညှင်း ပန်းဂေါ်ဖီအပင်တွေမှာကောသုံးပြုလို့ရလား
ဦးဇေယျာထွန်း
လွန်ခဲ့သော ၄ နှစ် ကအခြားအားဆေးနဲ့ရောဖြန်းရလား
Phyu Hnin Wai
လွန်ခဲ့သော ၄ နှစ် ကေ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024