အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမေးအဖြေကဏ္ဍလမ်းညွှန်

အမေးအဖြေကဏ္ဍလမ်းညွှန်

Green Way
Green Way • Greenovator • 28/06/2020

တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသော ပြဿနာများနှင့် အခက်အခဲများကို အစိမ်းရောင်လမ်းစိုက်/ မွေး ဖုန်းဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ ပထမဦးစွာ လိုင်းဖွင့်ပြီး အစိမ်းရောင်လမ်းဆော့ဝဲလ်သို့ဝင်ပါ။ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်တွင် မှတ်ပုံတင်ခြင်း ပြုလုပ်ပြီးပါက အမေးအဖြေကဏ္ဍတွင် စတင်မေးမြန်းနိုင်ပါပြီ။

အဆင့်(၁) အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်အတွင်း စတင်ဝင်ရောက်ပြီး ပင်မစာမျက်နှာရှိ အမေး အဖြေကဏ္ဍကိုနှိပ်ပါ။ ထို့နောက် အခြားတောင်သူဦးကြီးများ၏ မေးခွန်းများကိုတွေ့ရပါမည်။ 

အဆင့်(၂) မေးခွန်းမေးလိုပါက အပေါင်းသင်္ကေတ (+) လေးကို နှိပ်ပါ။ ထိုသို့နှိပ်ပြီးပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ နှစ်ခုပေါ်လာပါမည်။ စိုက်ပျိုးရေးအတွက် မေးလိုပါက စိုက်ပျိုးရေးကို ရွေးချယ်ပြီး မွေးမြူးရေးအတွက် မေးလိုပါက မွေးမြူရေးကို ရွေးချယ် ရပါမည်။

အဆင့်(၃) ထိုနောက် မေးခွန်းအသစ်စာမျက်နှာတွင် “အမျိုးအစားရွေးချယ်ပါ” နေရာ၌ ပိုးမွှားရောဂါ ၊ အပင်အာဟာရ အစရှိသဖြင့် ရွေးချယ်၍ “သီးနှံရွေးချယ်ပါ” နေရာတွင်မိမိမေးလိုသော သီးနှံကို  ရွေးချယ်ပါ။ ထို့နောက်‘မိတ်ဆွေ မေးချင်သော အကြောင်းအရာရိုက်ထည့်ပါ”နေရာတွင် မိမိသိလိုသော အကြောင်းအရာများကို စာရိုက်ထည့်ပါ။ ပုံနှင့်တကွ မေးမြန်းလိုပါက(ပုံထည့်မယ်)နေရာတွင်ပုံ ရိုက်၍သော်လည်းကောင်း၊ ဖုန်းအတွင်းရှိပုံများကို ရွေးချယ်၍သော်လည်းကောင်း ထည့်သွင်းပါ။

အဆင့်( ၄) ပုံရွေးချယ်ပြီးပါက Apply ကို နှိပ်ရပါမည်။

ထိုနောက် (တင်မယ်) ကို နှိပ်ပြီး မေးခွန်း မေးမြန်းနိုင်ပါသည်။

အဆင့်(၅) အခြားတောင်သူများ၏ မေးခွန်းများကို ဖြေဆိုပေးလိုပါက (ဖြေဆို) ဟူသောနေရာတွင် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ 

အဆင့်(၆) မိမိ၏မေးခွန်းများကို ကိုယ်ရေးအချက်အလက်ရှိ (ကိုယ်ပိုင်မေးခွန်းများ)တွင် အလွယ်တကူပြန်လည် ကြည့်ရှူ့ နိုင်ပါသည်။ 

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

 




ပျိုေမများရဲ့ေမာင်

ပျိုေမများရဲ့ေမာင်

လွန်ခဲ့သော ၄ နှစ် က

ဝါဘယ်လိုစိုက်ပျိုးရမလဲ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။