တောင်သူတွေကိုယ်တိုင် မျိုးထုတ်တော့မယ်ဆိုရင် - ၁ (မျိုးရောမျိုးကွဲများဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်း)
“စိုက်ပျိုးရေးတိုးတက်မှု၏အစ မျိုးစေ့မှ"လို့ ရှေးစာပေထဲမှာ မျိုးစေ့၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ဖော်ပြရေးသားထားသည်ကို တွေ့ရှိရပါသည်။
လက်ရှိမျက်မှောက်ခေတ် သုတေသနရလဒ်များအရလည်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးစေ့သည် အဓိကနေရာမှာ ပါဝင်နေကြောင်း ဖော်ပြနေပါသည်။
သိပ္ပံနည်းကျ သုတေသန ရလဒ်များက မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းကြောင်း အထွက်နှုန်း (၂၀) ရာခိုင်နှုန်းတိုး၍ ထွက်စေကြောင်း လေ့လာသိရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးပညာရှင် များက စိုက်ပျိုးရေးအတွက် မျိုးစေ့အရေးကြီးကြောင်းကို မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုပြီး စိုက်ပျိုးရေးအတွက် မှန်လေးမှန်ဆောင်ပုဒ်ကို ထားရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် စုစုပေါင်းစိုက်ပျိုးမြေဧရိယာ ဧကသန်း (၃၀) ကျော်ရှိ၍ ထိုအထဲတွင် စုစုပေါင်းစပါးစိုက်ပျိုးဧရိယာသည် ဧက (၁၇) သန်းရှိ၍ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု၏ ၄၃% ရှိသည်။
စပါးစိုက်ပျိုးဧရိယာ (၁၇) သန်းစိုက်ပျိုးထုတ်လုပ်ရန် မျိုးစေ့ပမာဏ တင်းပေါင်း (၈) သန်းကျော် လိုအပ်ပြီး ၎င်းပမာဏထုတ်လုပ်ရန်အတွက် မြေဧရိယာ (၁) သိန်းခွဲနီးပါး မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ မျိုးစေ့ထုတ်လုပ်မှုကို အဆင့် (၄) ဆင့်ဖြင့်ထုတ်လုပ်ပြီး ၎င်းတို့မှာ -
၁) မိဘမျိုးစေ့ (Breeder Seed)
၂) ဆင့်ပွားမျိုးစေ့ (Foundation Seed)
၃) မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed)နှင့်
၄) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) တို့ဖြစ်သည်။
နောက်ဆုံးအဆင့် (၄) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ရရှိရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများပူးပေါင်းပါဝင်လုပ်ဆောင်ရန်လိုအပ် ပါသည်။
တောင်သူအဆင့် မျိုးသန့်မျိုးစေ့ထုတ်လုပ်ရန်အတွက် မျိုးရောမျိုးကွဲများဖြစ်ပေါ်စေနိုင်သော အောက်ပါ အကြောင်းအရင်းများကို သိရှိနားလည်ရန် လိုအပ်ပါသည်။ သို့မှသာ မျိုးသန့်မျိုးစေ့ထုတ်လုပ်သည့်အခါ လိုက်နာဆောင်ရွက်ရမည်များကို ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

(၁) သီးနှံစိုက်ပျိုးသည့်ပုံစံများကြောင့် မျိုးကွဲများဖြစ်ပေါ်လာခြင်း- သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက် လိုအပ်သောအခြေအနေများပြောင်းလဲသွားသောအခါ မျိုးဗီဇများ ပြောင်းလဲမှုဖြစ်ပေါ်ပြီး မျိုးကွဲများပေါ်ပေါက်လာရသည်။ ဥပမာ-နွေစပါးကို မိုးရာသီတွင် စိုက်ပျိုးခြင်း၊ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးများသည် သဘာဝဘေးအန္တရာယ် (ရေလွှမ်းခြင်း၊ ရေပြတ်ခြင်း) ကို ခံနိုင်ရည်မရှိခြင်းကြောင့် ဗီဇများပြောင်းလဲဖြစ်ပေါ်ခြင်း။
(၂) စိုက်ပျိုးချိန်မှ မျိုးစေ့သိုလှောင်ကာလတလျှောက် အသုံးပြုသော စက်၊ ပစ္စည်း ကိရိယာများကြောင်း မျိုးကွဲမျိုးရောများ ဖြစ်ပေါ်ခြင်း- သီးနှံတစ်မျိုးထက်ပို၍ စိုက်ပျိုးကာ အသုံးပြုသောစက်၊ ပစ္စည်းကိရိယာများ သန့်စင်မှုအားနည်းခြင်း။
(၃) မျိုးစေ့အတွင်းမှာ ပါဝင်သော မငြိမ်သည့် ဗီဇများကြောင့် မျိုးထွန်းခြင်းများဖြစ်ပေါ်ခြင်း- သီးနှံစိုက်ပျိုးကာလတလျှောက် မျိုးထွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော မျိုးကွဲလက္ခဏာများကို ကြည့်ရှုစစ်ဆေး၍ မျိုးကွဲနှုတ်ပယ်ခြင်းများ ပြုလုပ်ရမည်။
(၄) သဘာဝလေ၊ အင်းဆက်များကြောင့် အနီးအနားရှိ မျိုးကွဲများနှင့် ဝတ်မှုန်ကူးခြင်းများကြောင့် မျိုးကွဲများဖြစ်ပေါ်ခြင်း- စပါးသည် ၅% ပင်ခြားဝတ်မှုန်ကူးနိုင် ခြင်းကြောင့် မျိုးစေ့အဖြစ်စိုက်ပျိုးသော စိုက်ခင်းသည် အခြားမျိုးများနှင့် ဝတ်မှုန်ကူးခြင်းမရှိ နိုင်အောင် အကွာအဝေးတစ်ခုထား၍ စိုက်ပျိုးခြင်း၊ အနီးအနားတွင်ဝတ်မှုန်ကူးစေနိုင်သော အင်းဆက်များမလာနိုင်အောင် ရှင်းလင်းခြင်းများလုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါက်တာ အိဖြူဝင်း
အားလုံး
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025