မျိုးစေ့နှင့် အတူရော၍ မြေဩဇာထည့်သွင်းပေးခြင်း၏အားသာချက်နှင့် အားနည်းချက်များ
သီးနှံပင်များအတွက် ဓာတ်မြေဩဇာများကို မြေဆီလွှာသို့ အောက်ဖော်ပြပါထည့်သွင်းနည်း အမျိုးမျိုးကို အသုံးပြုထည့်သွင်းကြသည်။
(၁) မြေပြင်ပေါ်သို့ ကြဲပက်ထည့်သွင်းခြင်း
(၂) မြေပြင်ပေါ်သို့ ကြဲပက်ပြီး မြေဆီလွှာအတွင်းသို့ အာလိန်ထယ်ဖြင့် ထယ်ထိုး၍ ထည့်သွင်းပေးခြင်း
(၃) မြေပြင်ပေါ်သို့ ကြဲပက်ပြီး မြေဆီလွှာအတွင်းသို့ ထွန်မွှေ၍ ထည့်သွင်းပေးခြင်း
(၄) မြေပြင်ပေါ်သို့ ကြဲပက်ပြီး မြေဆီလွှာအတွင်းသို့ လင်ပန်းထယ်ဖြင့် ထယ်ထိုး၍ ထည့်သွင်းပေးခြင်း
(၅) အစေ့သို့မဟုတ် အပင်ပတ်လည်သို့ ထည့်သွင်းပေးခြင်း
(၆) မျိုးစေ့နှင့် အတူရော၍ ထည့်သွင်းပေးခြင်းတို့ဖြစ်ပါသည်။
ထိုထည့်သွင်းနည်းအမျိုးမျိုးထဲမှ မျိုးစေ့နဲ့အတူရော၍ ထည့်သွင်းပေးခြင်းရဲ့ အားနည်းချက်နှင့် အားသာချက်များ ကို ဖော်ပြပေးလိုက်ပါသည်။
မျိုးစေ့နှင့် ရော၍ထည့်သွင်းပေးခြင်းဆိုရာတွင် မြေဩဇာပမာဏအနည်းငယ်ကို မျိုးစေ့နှင့်အတူရော၍ ထည့်ပေးခြင်းဖြစ်ပြီး နိုက်ထရိုဂျင်နှင့် ဖောစပါးရပ်ဓာတ်များပါဝင်သည့် မြေဩဇာများကို ထည့်သွင်းပေးလေ့ရှိသည်။ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် ကန့်ပါဝင်သည့် မြေဩဇာများသည် ဆားဓာတ်ပါဝင်မှုများသောကြောင့် ပမာဏနည်းနည်းသာထည့်ရမည်ဖြစ်ပါသည်။

အားသာချက်များ
- သီးနှံပင်များ၏ အမြစ်များရှိသည့် နေရာတွင် မြေဩဇာများထည့်ပေးခြင်းကြောင့် မျိုးစေ့ပတ်ဝန်းကျင်တွင် အစိုဓာတ်ရှိနေသ၍ အာဟာရဓာတ်များကို လွယ်ကူစွာရရှိခြင်း
- မြေဩဇာများကို ပေါင်းပင်များထက် သီးနှံပင်များက ပိုမိုရရှိစေရန် ထည့်ပေးသည့် စနစ်ဖြစ်ခြင်း
- ကြဲပက်ထည့်သွင်းခြင်းနှင့် နှိုင်းယှဉ်ပါက မြေဆီလွှာတိုက်စားမှုကြောင့် အပင်အာဟာရဓာတ်များ ဆုံးရှုံးမှုလျော့နည်းခြင်း
- ဖော့စပါးရပ်ဓာတ်သည် အပင်များ၏ သန်စွမ်းမှုကို အားပေးသဖြင့် အစောပိုင်းကာလတွင် ကြီးထွားမှုကိုတိုးစေခြင်း
- မြေဆီလွှာနှင့် မြေဩဇာထိတွေ့သည့် ဧရိယာနည်းသဖြင့် ဖော့စပါးရပ်စ်နှင့် ပိုတက်ဆီယမ်ဓာတ်များကို မြေဆီလွှာမှ တွယ်ကပ်ထားခြင်းကိုလျော့နည်းစေခြင်း
- စိုစွတ်သော၊ အေးသောရာသီတွင်ပင် အပင်ပေါက်နှုန်းတိုးစေခြင်းတို့ဖြစ်ပါသည်။
အားနည်းချက်များ
- နိုက်ထရိုဂျင်နှင့် ကန့်ဓာတ်များအတွက် စီးရေစိမ့်ရေတို့နှင့် ရောပါပျောက်ဆုံးနိုင်မှု ပိုများခြင်း
- သီးနှံပင်များ၏ မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြေဩဇာများကို တစ်ကြိမ်ထက်ပို၍ ထည့်ပေးရန်လိုအပ်ခြင်း
- မြေဩဇာများသည် အာဟာရဓာတ်များ များစွာပါဝင်ပါက မျိုးစေ့များအားလောင်စေနိုင်သည့် အန္တရာယ်ရှိခြင်း
- နိုက်ထရိုဂျင် ပါဝင်မှုများလွန်းပါက မျိုးစေ့များအား အမိုနီးယား အဆိပ်သင့်မှု ဖြစ်စေနိုင်ခြင်းတို့ဖြစ်ပါသည်။
မျိုးစေ့နှင့်အတူရော၍ ထည့်သွင်းပေးသည့် မြေဩဇာများသည် အပင်ပေါက်များကို လောင်စေတတ်သဖြင့် မြေဩဇာနှုန်းထားကို အကန့်အသတ်ဖြင့် သုံးစွဲရန်ဖြစ်ပါသည်။
မြေဩဇာအလုံးအခဲများကို မျိုးစေ့နှင့်အတူရော၍ သုံးစွဲပါက အကန့်အသတ်ကို သိရှိထားရန်လိုအပ်ပါသည်။
မြေဆိုပါက တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် ကန့်မြေဩဇာတို့ကို အများဆုံးပေါင် ၃၀ (၁၃ ကီလိုဂရမ်ခန့်) အထိသုံးစွဲပါ။ (ဖော့စပါးရပ်စ် မြေဩဇာအတွက်မှာ အကန့်အသတ်မရှိပါ)
မြေခြောက်ပါက တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နှင့် ကန့်မြေဩဇာတို့ကို အများဆုံးပေါင် ၁၅ ပေါင် (၇ ကီလိုဂရမ်ခန့်) အထိသာ သုံးစွဲပါ။ (ဖော့စပါးရပ်စ် မြေဩဇာအတွက်မှာ အကန့်အသတ်မရှိပါ)
စိုက်ပျိုးရေးရာ အသုံးချသုတပဒေသာ ဒေါက်တာမောင်မာ (စိုက်ပျိုးရေး) ရေးသားထားသော ဆောင်းပါးကောင်းများထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026