စိုက်ပျိုးမြေပေါ်တွင် မီးရှို့ခြင်းနှင့် သိကောင်းစရာများ
စိုက်ပျိုးမြေကို ထွန်ယက်စိုက်ပျိုး- ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်းလုပ်ငန်းဟာ ရှေးယခင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာကတည်းက ရှိခဲ့ပါတယ်။ စိုက်ပျိုးမြေပေါ်မှာ မီးရှို့ခြင်းကြောင့် ကောင်းကျိုးရော ဆိုးကျိုးပါများစွာ ရှိပါတယ်။ ဒီနေရာမှာ နည်းနည်းလောက် ဆွေးနွေးတင်ပြချင်ပါတယ်။ ကျွန်တော်တို့အများစုသိတဲ့ ရိတ်သိမ်းခြွေလှေ့စက် (combined harvester) များဟာ မြေပြင်အထက် ၈-၁၀ လက်မကြား ဖြတ်တောက်ပြီး ကောက်ရိုးပြတ်များကို ချန်ထားခဲ့ပါတယ်။ လက်ဖြင့်ရိတ်သည်ဖြစ်စေ စက်ဖြင့်ရိတ်သည်ဖြစ်စေ ကောက်ရိုးပြတ်များဟာ အမြဲတမ်းကျန်ခဲ့စမြဲပါ။ ကောက်ရိုးပြတ်များဟာ အခြားသောလုပ်ငန်းတွေမှာ များစွာအသုံးဝင်တယ်ဆိုပေမယ့် အချို့သော အခြေအနေမျိုးမှာ ရိုးပြတ်များကို မီးရှို့ခြင်းကို လုပ်ဆောင်သင့်တဲ့ အခြေအနေတွေရှိပါတယ်။ ဥပမာ - စပါးခင်း ၊ နှမ်းခင်းတို့မှာ မှို (သို့ ) ဘတ်တီးရီးယားရောဂါပိုးဖြစ်စေ၊ သီးနှံဖျက်ပိုးများ ကျရောက်မှုပမာဏမှာ Threshold Level လို့ခေါ်တဲ့ ထိန်းချုပ်နှိမ်နင်းနှိမ်သော အခြေအနေတစ်ခုထက် ကျော်သွားခဲ့တယ်ဆိုပါတော့။ ဒီအခင်းကို ဘာဆေးဖြန်းဖြန်း ဆေးယဉ်သွားပြီဆိုတဲ့ အခြေအနေလို့ တစ်နည်းဆိုလိုခြင်း ဖြစ်ပါတယ်။ အဲ့အခြေအနေမှာတော့ သီးနှံဆုံးရှုံးမှုကို မငဲ့ညှာပဲ မီးရှို့ဖျက်ဆီးခြင်းအားဖြင့် နှိမ်နင်းသုတ်သင်ရပါတယ်။ ဒါမှသာ နောက်တစ်ရာသီ သီးနှံမှာ ဖျက်ပိုးကျရောက်မှု မရှိတော့မှာဖြစ်ပါတယ်။ အချို့သော တောင်သူများကတော့ ကောက်ရိုးကို ၎င်းတို့ပိုင်ဆိုင်သော လယ်၊ ယာများမှာ မီးရှို့ပြီး ပြာကို အော်ဂဲနစ် မြေဩဇာအဖြစ် အသုံးချပါတယ်။
ကောင်းကျိုးများ
(၁) မြေအောင်းပိုးမွှားများကို ၂ရာသီစာခန့်အထိ ကာကွယ်ဟန့်တားနိုင်ခြင်း
(၂) မီးရှို့ခြင်းမှ ရရှိလာသော ပြာကို ပြန်လည်အသုံးချနိုင်ခြင်း
(၃) မျိုးပွားအားကောင်းတဲ့ အင်းဆက်များကို ကိစ္စတုံးနှိမ်နင်းပြီးသားဖြစ်ခြင်း
(၄) မြေယာထွန်ယက်ခြင်းမှာ ပိုမိုကောင်းမွန်လာခြင်း စတဲ့ကောင်းကျိုးတွေရရှိနိုင်ပါတယ်။
ဆိုးကျိုးတွေကတော့
(၁) မြေကို အစိုဓာတ်ထိန်းပေးတဲ့ ရိုးပြတ်တွေမရှိတော့တဲ့အတွက် တိုက်စားဖို့ ပိုမိုလွယ်ကူသွားပါတယ်။
(၂) အကျိုးပြု မှိုနှင့် ဘတ်တီးရီးယားများ ကို မီးရှို့ခြင်းက သေစေနိုင်ပါတယ်။
(၃) ကာဗွန်ဒိုင်အောက်ဆိုဒ်များနှင့် မီးခိုးငွေ့များက ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးပူနွေးလာစေနိုင်ခြင်း စတဲ့ဆိုးကျိုးများပဲ ဖြစ်ပါတယ်။
ထို့ကြောင့် တောင်ယာလုပ်ငန်းများမှာ မြေကိုမီးရှို့လိုက်ပြီး နောက်တစ်ရာသီ၊ နှစ်ရာသီဝန်းကျင် စိုက် ပျိုးရေးကောင်းမွန်ပြီး နောက် ပိုင်းနှစ်များမှာ မြေဆီလွှာရဲ့ မြေဆီသြဇာ ကျဆင်းသွားရခြင်းဟာ အထက်ပါ အချက်များရဲ့ ဆိုးကျိုးများပဲဖြစ်ပါတယ်။ မီးဖုတ်ပြီးသားမြေဟာ စိုက်ပျိုးရေးမှာ ခဏတာပဲ နလန်ပြန်ထူနိုင်တယ်။ ဘာ့ကြောင့်လဲဆိုရင် မြေကြီးထဲမှာ အလိုအလျောက်ပါဝင်တဲ့ နိုက်ထရိုဂျင်ရယ် ဆာလဖာရယ်ဟာ အခဲငွေ့ပျံဖြစ်စဉ်နဲ့ ဆုံးရှံးသွားတယ်။
ကောက်ရိုးတွေကို ပုံထားခြင်းက နောက်သီးနှံအတွက် အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ရေငွေ့ပျံ ခြင်းနဲ့ အစိုပြန်ခြင်း၊ မြေတိုက်စားခြင်းကိုလည်း ကာကွယ်ပေးတဲ့အတွက် မီးရှို့ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။
မီးရှို့ခြင်းကြောင့် စိမ်းလန်းစိုပြည်တဲ့ အခြေအနေ/ ဖြစ်စဉ်တွေဟာ ရပ်တန့်သွားပါမယ်။ ဒါကြောင့် စာရေးသူအနေနဲ့ အကြံပြုလိုတာကတော့ ပိုးမနိုင်တဲ့အဆုံးမှသာ မီးရှို့ပါ။ အမှိုက်တော့ ရှင်းသွားပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေများတဲ့အတွက်ကြောင့် မြေမီးရှို့ခြင်းကို ကန့်သတ်လုပ်ဆောင်ကြရန်ကိုပဲ တိုက်တွန်းအကြံပြုလိုပါတယ်။ မြေဆီလွှာထိခိုက်မှုနှင့် စိုက်ပျိုးရေး ရေရှည်တည်တံ့ဖို့ တောင်သူတိုင်း လိုက်နာဆောင်ရွက်ကြစေလိုပါတယ်။
လေးစားလျှက်
ပြည့်ဖြိုးသော်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ပြည့်ဖြိုးသော်
အားလုံး