မုန်လာဥမျိုးများကို လေ့လာခြင်း
ဈေးကွက်ထဲမှာ ယခုနောက်ပိုင်း မုန်လာဥဖြူ၊ မုန်လာဥနီ (radish)၊ Beetroot (သကြားမုံလာဥ ) နဲ့ Turnip (မုန်လာဥတစ်မျိုး ) ဆိုပြီး တွေ့လာရပါတယ်။ Turnip ကတော့ တွေ့ရနည်းနေပါသေးတယ်။
မုန်လာဥအနီမှာမှ Cherry small radish ဆိုတာလေးတွေပါ တွေ့လာရပါတယ်။ တစ်ခုချင်းစီကို အောက်မှာ လေ့လာလိုက်ရအောင်နော်။
မုန်လာဥဖြူ (white radish or Daikon)

မုန်လာဥဖြူကတော့ အားလုံးသိကြသလိုပဲ နေရာတိုင်းမှာရနေတဲ့ ဈေးထဲက မုန်လာဥဖြူပါပဲ။
ပြင်ဦးလွင်မှာတော့ နွေရာသီမှလွဲပြီး တခြားရာသီတွေစိုက်လို့ရပါတယ်။ အကောင်းဆုံးကတော့ ဆောင်းရာသီမှာ အစိုက်များပါတယ်။
သူရဲ့မူရင်းဒေသတော့ အာရှတောင်ပိုင်းနဲ့ အရှေ့အာရှနိုင်ငံတွေပဲဖြစ်ပါတယ်။ Japan ဘာသာစကားအရ big root လို့ဆိုလိုပါတယ်။ သူ့ကို white radish , Japanese radish , Chinese radish လို့ခေါ်ကြပါတယ်။ အရွက်ရော ဥရောပါ စားလို့ရပါတယ်။ သူမှာလဲ မျိုးများစွာရှိပါတယ်။
Watermelon radish

တရုတ်မုန်လာဥတစ်မျိုးပဲဖြစ်ပါတယ်။ ပုံစံကတော့ လုံးဝန်းပြီး ဘဲဥပုံသဏ္ဌာန်ပဲဖြစ်ပါတယ်။ အပြင်ပိုင်းက အစိမ်းနုရောင်လေးဖြစ်ပြီး အတွင်းကတော့ ပန်းရောင်အသားပဲ (ဖရဲသီးနဲ့ တူတာ ) ဖြစ်ပါတယ်။
Lobak or lopak

သူကလဲ အဖြူရောင်အခွံရှိပြီး ဥရဲ့ ထိပ်ပိုင်းအရွက်နားက အစိမ်းရောင်လေးဖြစ်နေပါတယ်။။
Mu

ကိုရီးယားမုံလာဥတစ်မျိုးဖြစ်ပြီး သူက နည်းနည်းအလုံးတုတ်ကာ ထိပ်ပိုင်းအစိမ်းရောင်ဖြစ်ပြီး ပုတိုတိုလေးဖြစ်ပါတယ်။ Lobak နဲ့ Mu နှစ်မျိုးလုံးဟာ Daikon ထက်ပိုပြီး စပ်ရှရှ အရသာပိုပါတယ်။
စိုက်ပျိုးနည်းစနစ်ကတော့ ပြင်ဦးလွင်ဒေသအနေနဲ့ ပြောရပါက သူတို့လိုအပ်တဲ့ စိုက်မယ့်မြေအကျယ်ကို စက်နဲ့ မြေမွအောင်ထယ်ပြီး အစေ့များကို ပင်ကြားတန်းကြားမထားပဲ ကြဲပတ်စိုက်ပျိုးကြပါတယ်။
ပျိုးတဲ့အခါ အပင်သားခွဲရခြင်းနည်းအောင် မျိုးစေ့ပါးပါးနဲ့ သေချာအောင် ကြဲပက်စိုက်ကြပါတယ်။
အရေးကြီးဆုံးကတော့ ယူရီးယားအလွန်အကျွံမထည့်ဖို့နဲ့ မြေမွဖို့ အရေးကြီးပါတယ်။ ကြဲပက်သည်မှ မျိုးပေါ် မူတည်ပြီး ရက်ပေါင်း ၄၀-၇၀ အတွင်း ဥနှုတ်နိုင်ပါပြီ။ မနက်ခင်းစောစောနဲ့ ညနေခင်းများတွင် အပင်များနှုတ်ကြပါတယ်။
ဈေးကွက်သို့တင်ပို့ခြင်းအနေနဲ့ကတော့
ရေးဆေးပြီး အပင်အပါဝင် ၅ ဥ တစ်တွဲဈေးနဲ့ ရောင်းကြသလို၊ ပွဲစားမှ ခင်းပြတ်ဝယ်ကြတာတွေလည်းရှိပါတယ်။
ဈေးကောင်းပါက တစ်တွဲလျှင် ၁၂၀ - ၁၅၀ ကျပ်အထိရရှိကြပါတယ်။ အစီး ၁၀၀ တစ်လိပ်ဆိုပြီး ပီနံအိတ်နဲ့လိပ်ပီး နေရာအသီးသီးကို တင်ပို့ရောင်းချကြပါတယ်။ ဒီဆောင်းရာသီကတော့ မုံလာဥ အစိုက်များဆုံး ရာသီပဲဖြစ်ပါတယ်။
ရှမ်းပြည်ဘက်တွေမှာတော့ မုန်လာဥကို မုန်လာဥချဉ်အဖြစ်စားသလို မုန်လာဥချဉ်ဟင်းကလည်း တကယ် လူတိုင်းကြိုက်နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးပဲဖြစ်ပါတယ်။ နောက်ထပ် စားသုံးတဲ့ပုံစံလေးတွေရှိရင်လဲ ပြောပေးပါနော်။
Reference from
Self experience
www.britannica.com/plant/turnip
https://www.thespruceeats.com/chinese-white-radish-daikon-694717
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မြတ်စုဝေ
အားလုံး