စပါးသီးနှံအတွက် အာဟာရစီမံခန့်ခွဲမှုတွေအကြောင်း ကောင်းကောင်းသိခဲ့ပြီဖြစ်တဲ့ ကိုဖြိုးဝေစိုး
Play store မှာ ထောက်ကြည့်လိုက်တာ ပညာရှင် အမေးအဖြေကဏ္ဍဆိုတော့ အာ...သဘောကျလိုက်တာဆိုပြီး သုံးဖြစ်တာ ၁၀ ရက် ၁၅ ရက်လောက်ကြာတော့ ဖုန်းဝင်လာတာပဲ အဆင်ပြေလား မေးတယ်။ အာ.. ပြေတယ် ဗဟုသုတရတယ်ပေါ့
ဒီလိုနဲ့ အစိမ်းရောင်လမ်းကို စသိခဲ့တဲ့ ကိုဖြိုးဝေစိုးကတော့ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပေါင်းတည်မြို့ မြောက်ကုန်းကြီးရွာက တောင်သူလူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။
စပါး၊ နှမ်း၊ တိုင်ထောင်ပဲ၊ ခရမ်း စသည်ဖြင့် လယ်သီးနှံ ယာသီးနှံကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ အစိမ်းရောင်လမ်းကိုသုံးဖြစ်တဲ့နောက်ပိုင်း အပင်အာဟာရနဲ့ပတ်သက်ပြီး သိလာရတယ်။
စပါးဓာတ်မြေသြဇာ ကျွေးခြင်းဆိုတဲ့ ပို့စ်လေးတစ်ခုတွေ့တယ် သူရေးထားတာက NPK ကို ဘယ်လိုနည်းနဲ့ကျွေးရမလဲပေါ့။ ခါတိုင်းဆို ဒီလိုပဲကျွေးလိုက်တာပေါ့။ ဆောင်းပါးလေးဖတ်ပြီး ဒီထဲက နည်းလမ်းတွေအတိုင်း ခွဲကျွေးဖြစ်ပါတယ်။ အပင်အာဟာရနဲ့ပတ်သက်တာတွေ တော်တော်များများသိလာရတယ်
ကျွန်တော် နည်းပညာ စိုက်ပျိုးဗဟုသုတ၊ ကျန်းမာရေး အကုန်ကြည့်ဖြစ်ပါတယ်။ ယင်ဖြူမကျရောက်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် သူက ရေပြင်းအားနဲ့ထိုးရင် ယင်ဖြူတွေသက်သာတယ်ဆိုတော့ ကျွန်တော်က ဘက်ထရီဆေးဖြန်းပုံးနဲ့ ရေထည့်ပြီး အပင်ကိုထိုးပေးတာ မဆိုးဘူး။ အဲတာလေးလည်း ကောင်းပါတယ်…
ဆောင်းပါးတွေကို လက်တွေ့ကျကျသုံးဖြစ်နေတဲ့ ကိုဖြိုးဝေစိုးက အမေးအဖြေမှာလည်း တက်ကြွတဲ့ ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။ လေ့လာရင်း မျှဝေရင်းနဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်နေတဲ့ တောင်သူလူငယ်တစ်ယောက်ပါ။ ခုလို တောင်သူလူငယ်တွေပေါ်ထွန်းလာမှုကို အစိမ်းရောင်လမ်းက ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
Win Ko Thu
လွန်ခဲ့သော ၄ လ ကကျေးဇူးပါ
u san naing
လွန်ခဲ့သော ၆ နှစ် ကကျနော် စပါး တခါမှ မစိုက်ဖူးပါ ခများ ယခု မှ စိုက်တာ ဧရာပဒေသာ မျိုးစပါး ဖြစ်ပါသယ် အခု ရက် ၅၀ ရှိပါသည် အရပ်က ၄ ပေ၅ပေ ရှိနေပြီ လဲ နိုင်သလား မလဲအောင်ဘာဆက်လုပ် မှာလဲ ပြောပြပေး ပါအုံး ခများ
အမည်မသိ
လွန်ခဲ့သော ၆ နှစ် ကဘယ်လိုကျွေးရလဲဗျ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026