အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် အင်းတောတောင်စုကျေးရွာက ကိုထွန်းထွန်းဝင်း

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် အင်းတောတောင်စုကျေးရွာက ကိုထွန်းထွန်းဝင်း

Green Way
Green Way • Greenovator • 04/08/2020

    စပျစ်တောင်သူဖြစ်တဲ့ ကိုထွန်းထွန်းဝင်းကတော့ သူ့ရဲ့စပျစ်ခြံကို ဓာတုတွေမသုံးချင်တော့တဲ့ တောင်သူတစ်ယောက်ပါ။ ဒီလိုနဲ့ နည်းပညာတွေလေ့လာရင်း အစိမ်းရောင်လမ်း (Green Way) ကိုတွေ့ခဲ့သူပါ။ 

    Green Way ထဲက  ဘိုကာရှိကိုလုပ်နည်းနဲ့ ကိုယ်တိုင်ပြုလုပ်ပြီး စပျစ်မှာသုံးပါတယ်တဲ့။ ငါးအမိုင်နိုလုပ်နည်းကိုလည်း အစိမ်းရောင်လမ်းကနေ လေ့လာနေသူပဲဖြစ်ပါတယ်။ 

ကျွန်တော် ဓာတုတွေမသုံးတော့ဘဲ သဘာဝနည်းတွေပြောင်းသုံးတဲ့အခါ သူက ဓာတုလို ချက်ချင်းတော့ အာနိသင်မပြပါဘူး။ အချိန်နည်းနည်းတော့စောင့်ရတယ်။ ခုနှစ်နဲ့ဆို ကျွန်တော်လုပ်တာ ၂ နှစ်ရှိပြီ။ ခုဆို တခြားခြံတွေကပါ ကျွန်တော့်အခင်းကိုကောင်းလို့ နည်းလမ်းတွေလာမေးကြပါတယ်။ ဘိုကာရှီနဲ့ ငါးအမိုင်နိုလုပ်နည်းတွေကိုတော့ Green Way ကနေလေ့လာခဲ့တာပါ။

    ကိုထွန်းထွန်းဝင်းကတော့ သူ့အတွေ့အကြုံတွေကို အခုလိုဝေမျှသွားပါတယ် စပျစ်သီးတွေကလည်း ရှယ်ပါပဲနော် ပုံမှာသာကြည့်ပါတော့။

    ကိုထွန်းထွန်းဝင်းလို အပြောင်းအလဲလုပ်နေတဲ့ သူတွေရှိရင်လည်း အတွေ့အကြုံလေးတွေမျှဝေပေးသွားကြပါအုံးနော်။

    အစိမ်းရောင်လမ်း အဖွဲ့သားတွေအနေနဲ့ ခုလိုလေးတွေပြန်ကြားရတာ အားဆေးတွေပါ ပရိတ်သတ်ကြီးရေ။

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။