အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍနဲ့  အညာဒေသက ကိုသန်းလှိုင်

အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍနဲ့ အညာဒေသက ကိုသန်းလှိုင်

Green Way
Green Way • Greenovator • 23/06/2020

    ရာသီဥတုတွေဖောက်ပြန်လာပြီး မိုးတွေပုံမှန်မရတော့တာကို ပခုက္ကူက ကိုသန်းလှိုင်တစ်ယောက်ကတော့ တောင်ဂတုံးတွေကိုကြည့်ရင်း စဉ်းစားနေဖြစ်ခဲ့ပုံပါပဲ။ အစိမ်းရောင်လမ်းထဲက ၅ ရက်စာ မိုးလေဝသခန့်မှန်းချက်ထဲမှာလည်း မိုးရွာဖို့အလားအလာမမြင်နေသေးလို့ ဘယ်ချိန်မိုးရွာမလဲ သိလိုသိငြား အစိမ်းရောင်လမ်းကို ဆက်သွယ်လာခဲ့ပါတယ်။စိုက်ပျိုးရေးအကြောင်းတွေ ပြောဖြစ်ကြရင်းက သိခဲ့ရတာတွေကို အစိမ်းရောင်လမ်းပရိတ်သတ်တွေအတွက် မျှဝေလိုက်ရပါတယ်။

ခုအချိန်ကတော့ မိုးလည်းမရသေးတော့ ထန်းလက်တွေစုရင်း ထွင်ရင်း ထန်းလျက်ချက်ဖို့ လောင်စာတွေစုပါတယ်။ ယာမြေမှာလည်း ကန်သင်းဆည်ပြီးပါပြီ။ အဘိုးအဖွားတွေခတ်တုန်းကတော့ တောင်ပေါ်တက်ပြီး ထင်းတွေခုတ်ကြတယ်။ ခုတော့ ထင်းခုတ်စရာတောင်မရှိတော့ဘဲ တောင်ဂတုံးတွေဖြစ်နေပြီ။ ထန်းလက်တွေပဲ ပြန်သုံးနေပါတယ်။  ထန်းပင်အောက်မှာလည်း မြေဆွေးပုံတွေလုပ်ထားတယ်ဗျ

    ပခုက္ကူမြို့နယ်၊ စဘေအုပ်စု ၊ ကံဇောက်ရွာက တောင်သူ ကိုသန်းလှိုင်ကတော့ ကိုဗစ်ကာလအတွင်း သူလုပ်ဖြစ်ခဲ့တာလေးတွေကို အခုလိုသိခဲ့ရပါတယ်။

    အညာဒေရဲ့ တောင်သူ ကိုသန်းလှိုင်ကတော့ ထန်းတောထဲက ယာမြေတွေအတွက် စိုက်ပျိုးရာသီမရောက်ခင် အားလပ်ချိန်တွေမှာ ပြုပြင်နေခဲ့ပါတယ်။ ရောဂါကပ်ဆိုးကြီးဖြစ်နေပေမယ့် ရွာအပြင်ဘက် ယာတောနားမှာပဲ အိမ်ဆောက်ပြီးနေသူမို့ သူ့အတွက်ကတော့ ယာခင်းအတွက်ပဲ အာရုံစိုက်ဖြစ်ပါတယ်။ 

    မိုးကလဲ မရသေးတာမို့ ဆော့ဝဲထဲက ဆောင်းပါးတွေဖတ်ရင်း မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးတွေကိုပဲ အာရုံစိုက်နေပါတယ်။ 

    သူ့အနေနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတွေကြောင့် မြေဆီလွှာတွေပျက်စီးပြီး ရေတိုက်စားမှုတွေကိုကာကွယ်ဖို့ နည်းပညာတွေ လေ့လာနေခဲ့ပါတယ်။ ဒါကြောင့် အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍကို လေ့လာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

    အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍမှာ မြေဆွေးပုံပြုလုပ်နည်း ဆောင်းပါးတွေနဲ့ တခြားဆောင်းပါးပေါင်းများစွာကို လေ့လာဖြစ်နေပါတယ်။ နှမ်းရိုးတွေ နွားချီးတွေလည်းရှိနေတာမို့ ထန်းပင်အောက်မှာပဲ မြေဆွေးပုံတွေပြုလုပ်ဖြစ်တယ်။ ယာမြေတွေကို ကန်သင်းဆည်ရမယ်လို့လည်း ဖတ်ဖူးလို့ ခုကန်သင်းတွေလည်း ဆည်ထားတယ်လို့လည်းသိရပါတယ်။ သူယာကွက်အတွက် စနစ်တကျပြုပြင်နိုင်ဖို့ မိုးမရချိန်မှာ ဆော့ဝဲထဲကနေလေ့လာပြီး  ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေခဲ့ပါတယ်။ ဆော့ဝဲလေးတစ်ခုရဲ့ အကူအညီနဲ့ မြေဆီလွှာထိန်းသိမ်းရေးတွေလုပ်နိုင်တဲ့ ကိုသန်းလှိုင်အတွက် ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။