အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဉ် သီး တွေရော၊ အာလူး တွေပါ သီးတဲ့ TomTato အပင်

ခရမ်းချဉ် သီး တွေရော၊ အာလူး တွေပါ သီးတဲ့ TomTato အပင်

Green Way
Green Way • Greenovator • 16/01/2016

ခရမ်းချဉ် သီး တွေရော၊ အာလူး တွေပါ သီးတဲ့ TomTato အပင်ကို UK က သစ်သီး ၀လံ ပန်းမာန် ကုမ္ပဏီ တစ်ခုက ကိုင်း ကူးစက် တဲ့နည်းနဲ့ ဖန်တီး လိုက် ပြီး တစ်ပင်ကို £14.99 ( US$24 ) နဲ့ဝယ်ယူ ရရှိနိုင် ပါပြီ။

မြေနေရာ ကျဉ်းကျဉ်း လေးမှာ ဥယျာဉ် ခြံ စိုက်ဖို့ ဆန်းသစ် ပြောင်းလဲ မှုတွေ အမြောက် အမြား လုပ်ခဲ့ ကြ တာကို ကျွန်တော် တို့ တွေ့ခ ဲ့ကြ ပြီး ပါပြီ။ ကားဘီးပုံစံ စိုက်ပျိုးရေး ကိရိယာ၊ အထူး ပြင်ဆင် ထားတဲ့ သစ်စေ့ တွေ စိုက် လို့ ရတဲ့ ဖျာခင်းနဲ့ ဟင်းသီး ဟင်းရွက် ပင်တွေ ကို အိမ်ပြတင်း ပေါက် မှာ ဒေါင်လိုက် ဆင့်စီ စိုက်ပျိုးနည်း တွေ အပါအဝင် ပေါ့။ TomTato ကတော့ ကိုယ်ပိုင် အမျိုး အစား ထဲမှာ ပါပြီး ခရမ်း ချဉ် သီး တွေရော၊ အာလူး တွေပါ တစ်ပြိုင်နက် တည်း ထုတ်လုပ် ပေးတဲ့ အပင် တစ်ပင် ဖြစ်ပါ တယ်။

UK သစ်သီး ၀လံ ပန်းမာန် ကုမ္ပဏီ Thompson and Morgan က ဖန်တီး လိုက်တဲ့ ဒီ TomTato ဟာဇီဝ နည်း ပညာ တစ်ခု ဖြစ် တဲ့ genetic engineering ရဲ့ရလဒ် တစ်ခု မဟုတ် ပါဘူး။ ချယ်ရီ ခရမ်းချဉ် ပင် ( cherry tomato plant ) ရဲ့အပေါ်ပိုင်း နဲ့ အာလူး ဖြူပင် ( white potato plant ) ရဲ့အောက်ပိုင်း ကို ပင်စည် ကနေ ကိုင်းကူး ဆက် ထား ရုံလေး ပဲ ဖြစ် ပါတယ်။ ဒီလို မျိုးစပ် ပင် တွေ ကို ဟိုး အရင် ဖန်တီး တုန်းက ရ ရှိလာတဲ့ ခရမ်းချဉ် သီး ရဲ့ အရသာ ဟာ စိတ် ကျေနပ် ဖွယ် မဖြစ်ခဲ့ ပါဘူး။ အခု တော့ ကုမ္ပဏီ ရဲ့ ပြောစကား အရ ဆိုရင်ဒီ TomTato သီးတွေ ဟာ စျေးထဲ က ခရမ်းချဉ် သီး အများစု ထက် သကြား ပါဝင်မှု နှုန်း မြင့်မား ပြီး အရသာ အရှိဆုံး ခရမ်းချဉ် သီး တွေမှာ သာ ရှိတတ် တဲ့ အချိုး အစား မှန်တဲ့ အချဉ် ဓာတ် ကိုလည်း ပိုင်ဆိုင် ထားပါ သေးတယ်။ အာလူး တွေ ကလည်း ဘယ်လိုပဲ လုပ် စားစား စားလို့ကောင်း ပါတယ်တဲ့။

ဒီ TomTato တွေကို အရွယ် ရောက် ပြီးသား အပင်တွေ အဖြစ်နဲ့ ဝယ်ယူ လို့ ရပြီး တစ်ရာသီ ပဲ ခံမှာ ဖြစ်ပါတယ်။ အစေ့ ပုံစံ နဲ့တော့ မရ ပါဘူး။ အ စီရင် ခံစာ အရတော့ အပင် တစ်ပင် ဟာ ခရမ်းချဉ်သီး အလုံး ၅၀၀ လောက် နဲ့ အာလူး ၂ ကီလို ( ၄.၄ ပေါင် ) ထိ ထုတ်ပေး နိုင် တယ် လို့ ဆိုပါ တယ်။ ဒါဟာ ခရမ်းချဉ် နဲ့ အာလူး ကို စီးပွား ဖြစ် မျိုး စပ် တာ ပထမဆုံး အကြိမ် ပဲလို့ Thompson and Morgan က ဆိုပါတယ်။ BBC ရဲ့ အစီရင် ခံစာ တစ်ခု အရ တော့ ဒီ တစ်ပတ် ထဲမှာပဲ နောက် ထပ် ဒီလိုအပင် တစ်ပင်ကို New Zealand မှာရနိုင် တော့မှာပါ။ ဒီအပင် ကိုတော့ မယုံနိုင်ဖွယ် ထူးခြားတဲ့ စားစရာ တွေနဲ့ လုပ်ထား တာ ဖြစ်ပြီး Potato Tom လို့ အမည် ရပါတယ်။ သင်ဟာ TomTato ပင် တစ်ပင် လောက် အပိုင်ဝယ် ချင် နေပြီး UK မှာ နေတာ ဆိုရင် တော့ တစ်ပင်ကို £14.99 ( US$24 ) နဲ့ အခု ချက်ချင်း မှာ လို့ ရပါပြီ။ လာမယ့် မေလ လောက် ထိ အိမ်တိုင်ရာ ရောက် ပို့ပေး ဖို့ စီစဉ် ထား ပါတယ် တဲ့။

REF: Myanmar Youth Media Club

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။