ဖျက်ပိုးလျော့ပါးစေရန် တွဲဖက်စိုက်ပျိုးသင့်သည့် ထောင်ချောက်သီးနှံပင်
အပင်ဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းရန် တောင်သူများသည် ပိုးသတ်ဆေးများသုံးခြင်းသာမက စိုက်နည်းပျိုးနည်းများကို ပြောင်းလဲခြင်း၊ ဇီဝနည်းဖြင့်နှိမ်နင်းခြင်း စသောနည်းလမ်းမျိုးစုံကို အသုံးပြုကြပါသည်။ ထိုနည်းစနစ်များထဲတွင် ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
ထောင်ချောက်သီးနှံဆိုသည်မှာ မိမိတို့ အဓိကစိုက်ပျိုးလိုသောသီးနှံတွင် ကျရောက်ဖျက်ဆီးသော ပိုးမွှားကျရောက်မှုမှသက်သာစေရန် ရည်ရွယ်၍စိုက်ပျိုးသော အပင်များဖြစ်ပါသည်။
သီးနှံတစ်ခုတွင် ထောက်ချောက်သီးနှံကို ထည့်သွင်းစိုက်ပျိုးပေးခြင်းသည် ပိုးကျရောက်မှုသက်သာစေရုံသာမက ဓာတုဆေးသုံးစွဲမှုကိုပါ လျော့နည်းစေပါသည်။ ဆိုးရွားစွာ ဖျက်ပိုးကျရောက်သောဒေသများတွင် ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းဖြင့် သီးနှံများ၏ပျက်စီးမှုကို သက်သာစေနိုင်ပါသည်။
သို့သော် ထောင်ချောက်သီးနှံစိုက်မည့် တောင်သူတစ်ဦးသည် ဖျက်ပိုး၏အလေ့အထ၊ ဘဝစက်ဝန်း၊ ပြောင်းရွေ့ပုံနှင့် ဖျက်ဆီးမှုလက္ခဏာများကိုပါ သိရန်လိုအပ်ပါသည်။ ဖျက်ပိုးသည် မည်သည့်အပင်အမျိုးအစားကိုနှစ်သက်သည် မနှစ်သက်သက်သည်ကိုလည်း သိရန်လိုပါသည်။
မိမိ အဓိကစိုက်ပျိုးမည့်သီးနှံ၏ သက်တမ်းကို သိရန်လည်းလိုပြီး အဓိကသီးနှံနှင့်ယှဥ်ကာ ထောင်ချောက်သီးနှံကို မည်သည့်အချိန်တွင်စိုက်ရမည်ကို သိရပါမည်။ ထောင်ချောက်သီးနှံ၏ သဘာဝနှင့် သက်တမ်းကိုပါ သိရမည့်အပြင် မိမိရွေးချယ်သော ထောင်ချောက်သီးနှံသည် ဖျက်ပိုးများကိုဆွဲဆောင်နိုင်မည့် သီးနှံပင်မျိုးဖြစ်ရန် လိုပါသည်။ ထို့ပြင် မိမိအဓိကစိုက်ပျိုးမည့်သီးနှံထက် ကြီးထွားမှုမြန်သောသီးနှံ ဖြစ်ရပါမည်။ ထောင်ချောက်သီးနှံကို မည်သည့်ပုံစံနှင့်စိုက်ရမည်ကို သိရပါမည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူများအတွက် ရွှေဒင်္ဂါးပန်းကို ထောင်ချောက်သီးနှံအဖြစ် ဘေးပတ်လည်တွင် စိုက်နိုင်ပါသည်။
ရွှေဒင်္ဂါးစိုက်ခြင်းသည် ဖျက်ပိုးကျရောက်မှုသက်သာစေရုံသာမက ရွှေဒင်္ဂါး၏အမြစ်များသည် နီမတုတ်များကိုပါ သေစေနိုင်သောကြောင့် စိုက်ခင်းများစွာတွင်ရွှေဒင်္ဂါးကိုစိုက်ကြပါသည်။ 
မုန်လာဥနီအတွက် ကြက်သွန်ဖြူ ကြက်သွန်နီကို ထောင်ချောက်သီးနှံအဖြစ် စိုက်ခင်းပတ်လည်တွင် စိုက်နိုင်ပါသည်။
ဂေါ်ဖီထုပ်အတွက်မူ မုန်ညှင်းစိမ်းနှင့် ကိုက်လန်ကို တန်းကြားညှပ်၍ စိုက်ရပါမည်။
ခရမ်းချဥ်တွင်မူ တရုတ်နံနံ၊ ပင်စိမ်းကဲ့သို့သောအပင်မျိုးကို တန်းကြားညှပ်စိုက်သင့်ပါသည်။
ဝါပင်များတွင်မူ ရုံးပတီပင်များကို စိုက်ခင်းဘေးပတ်လည်တွင် စိုက်နိုင်ပါသည်။
စိုက်ပျိုးရာတွင် ဘောင်ပတ်လည်တွင်သာမက တန်းညှပ်စိုက်ပျိုးခြင်း၊ ရောစိုက်ခြင်းများကိုပြုလုပ်မှသာ ပိုးကျရောက်မှု လျော့နည်းနိုင်မည်ဖြစ်ပါသည်။
ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းသည် ဖျက်ပိုးကျရောက်မှုကို လျော့ပါးစေနိုင်သော်လည်း လုံးဝ ဖျက်ပိုးမရှိအောင် ကာကွယ်နိုင်မည်တော့မဟုတ်ပါ။ သို့သော် ဓာတုဆေးသုံးစွဲမှုလျော့နည်းစေခြင်း၊ အကျိုးပြုမိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်ခြင်းနှင့် မိတ်ဆွေပိုးများအတွက် နေထိုင်စရာလက်ခံပင်ကို ဖန်တီးဖြစ်ပေါ်စေခြင်း၊ တစ်ခါတရံ ထောင်ချောက်သီးနှံများမှ အပိုဝင်ငွေရခြင်း စသောအကျိုးများရစေပါသည်။ သို့ရာတွင် ထောင်ချောက်သီးနှံသည် မိမိ အဓိကစိုက်ပျိုးသောသီးနှံနှင့်ယှဥ်ကာ အစာအာဟာရလုခြင်း၊ အပင်ရုံသည် လိုအပ်သည်ထက် ပိုမိုသိပ်သည်းခြင်းများဖြစ်လာပါက အပင်ကို လိုအပ်သလို မှုန်းပစ်ရပါမည်။ ထောင်ချောက်သီးနှံပင်တွင် ဖျက်ပိုးများ ကာလကြာရှည်စွာ ခိုအောင်းမနေရန် စစ်ဆေးပြီး ချေမှုန်းရပါမည်။ ထိုသို့ သတိမပြုမိပါက ထောင်ချောက်ပင်သည် ဖျက်ပိုးများ၏ လက်ခံပင်ဖြစ်သွားတတ်ပြီး နောက်ထပ်သီးနှံအဆက်ဆက်ထိပါ ဖျက်ပိုးပါသွားနိုင်ပါသည်။ 
ထောင်ချောက်သီးနှံစိုက်ခြင်းသည် သမားရိုးကျစိုက်ပျိုးခြင်းထက် အနည်းငယ်အလုပ်ရှုပ်သော်လည်း ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေခြင်း၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲရခြင်းမှ ကာကွယ်ပေးခြင်း၊ ထောင်ချောက်သီးနှံများသည် တစ်ခါတရံ မိသားစုစားရန် ဖူလုံသည့်အပြင် အပိုဝင်ငွေရစေခြင်းတို့ကြောင့် ဖျက်ပိုးကျရောက်မှုများသော ဒေသများတွင်မိမိတို့နှင့်ကိုက်ညီသော ထောင်ချောက်သီးနှံကို ရွေးချယ်စိုက်ပျိုးရန် အကြံပေးမိပါတော့သည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
တွဲဖက်စိုက်ပျိုးသင့်သော အပင်များ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022