မြေဖုံးခြင်း(Mulching) အမျိုးအစားများ
နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီမှာပဲ အပင်စိုက်စိုက် မြေဖုံးခြင်းက လုပ်ပေးဖို့လိုအပ်ပါတယ်ဗျ။ အပင်စိုက်ပြီဆိုတာနဲ့ မြေဖုံးခြင်းလုပ်ပေးဖို့က ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါ။ အခြေခံအားဖြင့်တော့ မြေဖုံးခြင်းကို နှစ်မျိုးခွဲခြားထားကာ ဩဂဲနစ်ဖုံးအုပ်ခြင်း(Organic Mulch) နဲ့ အင်ဩဂဲနစ်ဖုံးအုပ်ခြင်း (Inorganic Mulch) ဆိုပြီး ဖြစ်ပါတယ်ဗျ။
Organic Mulch ဆိုတာကတော့ အပင်တွေရဲ့ ပျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကနေ ရလာတာများပြီး သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အများကြီးအထောက်အကူပြုလို့ အသုံးများကြပါတယ်။ ၎င်းအမျိုးအစားတွေကတော့
- အပင်၏ အခေါက်စများ
- မီးဖိုချောင် စွန့်ပစ်ပစ္စည်းများ(အသီးခွံ၊ ကြက်ဥခွံ၊ ဟင်းရွက်အတိုအစများ)
- ထင်းရှူးရွက်ခြောက်များ
- ကောက်ရိုးများ
- ရွက်ခြောက်များ
- တိရစ္ဆာန်အညစ်အကြေးများ
- ကိုကိုးအခွံများ(Cocoa chips)
- လွှစာမှုန့်များ
- သတင်းစာများ(သို့)ချပ်စက္ကူများ
- မြက်ခြောက်များ စသည့်အရာတွေကို အပင်တွေရဲ့ ဘေးပတ်ပတ်လည်မှာ မြေဖုံးခြင်းအဖြစ် အသုံးပြုကြပါတယ်။

၎င်းအရာတွေကို မြေဖုံးခြင်းမှာသုံးရင် ရလာမယ့်အကျိုးကျေးဇူးတွေကတော့ အပင်ရဲ့ အမြစ်တွေကို နွေရာသီမှာအေးစေကာ နေပူလောင်ခြင်းမှ ကင်းလွတ်စေ၍ ဆောင်းရာသီမှာဆိုရင် အမြစ်တွေကို နွေးစေပါတယ်။ Organic Mulch တွေကို အပင်တွေရဲ့ပတ်လည်မှာ (၂-၃) လက်မလောက်ဖုံးပေးခြင်းက ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်ပေးပါတယ်။ မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ရေငွေ့ပျံမှုကို လျော့ချပေးပါတယ်ဗျ။ မိုးရာသီမှာဆိုရင် မြေကြီးတိုက်စားခံရမှုကိုသက်သာစေပြီး အပင်အတွက် မြေသြဇာတွေ မိုးရေနဲ့ပါသွားခြင်းကိုလည်း လျော့ကျစေပါတယ်။ မြေကြီးအစိုဓာတ်ကိုထိန်းပေးလို့ မြေတွင်းရှိ အဏုဇီဝများ ပိုမိုနိုးကြားလာစေပြီး မြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပါတယ်။ မြေကြီးထဲမှာ ပြိုကွဲနိုင်တာကြောင့် မြေဆီမြေသြဇာကောင်းစေပြီး အပင်တွေကို ပိုပြီးဖြစ်ထွန်းစေပါတယ်။ ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရနိုင်သလို ကောင်းကျိုးတွေများတာကြောင့် မြေဖုံးခြင်းကို လုပ်စေချင်ပါတယ်ဗျ။
Inorganic Mulch ဆိုတာက မြေကြီးထဲမှာ မပြိုကွဲနိုင်တဲ့ အရာတွေဖြစ်ပြီး ၎င်းအမျိုးအစားတွေကတော့
- ကျောက်တုံးစများ
- ကျောက်စရစ်ခဲများ
- ဖန်စများ
- ရော်ဘာစများ

Inorganic Mulch တွေကို အများအားဖြင့်တော့ မြေယာအလှဆင်ခြင်း (landscape) ပိုင်းမှာ သုံးကြတာများပြီး ပန်းခြံတွေမှာ အလှအဖြစ်သုံးကြပါတယ်။

တချို့သော အိမ်တွင်းအလှစိုက်ပင်တွေမှာလည်း သုံးလေ့ရှိကြပါတယ်။ လေဝင်လေထွက်လည်း အရမ်းမကောင်းလို့ အပင်တွေအတွက် သိပ်မသင့်တော်ပါဘူး။ မြေကြီးထဲမှာမပြိုကွဲနိုင်လို့ မြေကြီးကို အထောက်အကူမပြုသလို အပင်တွေအတွက်လည်း အများကြီးအကျိုးမပြုလို့ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းမှာတော့ အသုံးနည်းကြပါတယ်ဗျ။ ဒီလောက်ဆိုရင်တော့ မြေဖုံးခြင်းအမျိုးအစားတွေနဲ့ ၎င်းတို့ရဲ့ကောင်းကျိုးတွေကိုသိရှိပြီး အသုံးချကြမယ်လို့မျှော်လင့်ပါတယ်ဗျ။
ထွန်းရာဇာ
Ref; https://www.gardeningknowhow.com/garden-how-to/mulch/choosing-garden-mulch.htm
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
shwe yamin
လွန်ခဲ့သော ၃ နှစ် ကမြေဖုံးခြင်း အားနည်းချက်
U Than Zaw Oo
လွန်ခဲ့သော ၅ နှစ် ကငရုတ်ပင်ခြေကို လွှစာပုံထားပါတယ် တစ်ချို့က ခြစွဲမယ်လို့ပြောနေပါတယ် ဖယ်ပြစ်ရင်ကောင်းမလား ဆရာတို့
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ထွန်းရာဇာ
အားလုံး