အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးလေ၀သကဏ္ဍလမ်းညွှန်

မိုးလေ၀သကဏ္ဍလမ်းညွှန်

Green Way
Green Way • Greenovator • 26/07/2020

အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်

မိုးလေ၀သကဏ္ဍလမ်းညွှန်

အဆင့်(၁)  ပထမဦးစွာ အစိမ်းရောင်လမ်း (Green Way) ဖုန်းဆော့ဝဲလ်ကို ပလေးစတိုး (Play Store) မှ ဒေါင်းလုဒ် (Download) ရယူပါ။ သို့မဟုတ် အစိမ်းရောင်လမ်း (Green Way) ဆော့ဝဲလ်ရှိထားသော ဖုန်းမှ ဇာပြာ (Zapya) ဖြင့် ကူးယူပါ။ ဖုန်းအင်တာနက် (သို့မဟုတ်) ဝိုင်ဖိုင် ဖွင့်ထားရန် လိုအပ်ပါတယ်။

အဆင့်(၂)  မှတ်ပုံတင်ခြင်း လုပ်ငန်းကို လုပ်ဆောင်ပါ။

အဆင့် (၃) မှတ်ပုံတင်ခြင်းပြီးဆုံးပါက ပုံတွင် ပြထားသည့် အတိုင်း ပထမဆုံး ပင်မစာမျက်နှာ အပေါ်ဘက်တွင် “ယခုမိုးလေ၀သအခြေအနေ” ဟူ၍ ယနေ့၏ အပူချိန်၊ စိုထိုင်းဆ နှင့် ရာသီဥတု အခြေအနေကို တွေ့ရပါမည်။

အဆင့်(၄) ၎င်းအကွက်အား နှိပ်ကြည့်ပါက ပုံတွင်ပြထားသည့်အတိုင်း  “ယနေ့၊ မနက်ဖြန်၊ လာမည့်(၅) ရက်” ဟူ၍ မိုးလေ၀သ ခန့်မှန်းချက်များကို တွေ့ရပါမည်။ ထို့အပြင် နေ့ အပူချိန်နှင့် ညအပူချိန်ကိုလည်း ခွဲခြား၍ ဖော်ပြထားပြီး လေတိုက်နှုန်း၊ စိုထိုင်းဆ နှင့် မိုးရွာရန် ရာခိုင်နှုန်း  စသည့် အသေးစိတ် အချက်အလက်များကိုလည်း သိရှိနိုင်ပါသည်။ အောက်ဘက်တွင်  မိုးလေ၀သ သတင်း ဆောင်းပါးများကိုလည်း ကြည့်ရှုနိုင်ပါသည်။

အဆင့်(၆) “မနက်ဖြန်” ကိုနှိပ်ကြည့်ပါက မနက်ဖြန်အတွက် မိုးလေ၀သ အသေးစိတ်အချက်အလက်များနှင့် သတင်းများကို ကြည့်ရှုနိုင်ပါသည်။

အဆင့် (၇)  “လာမည့်(၅)ရက်”အား ကိုနှိပ်ကြည့်ပါကနောက်(၅)ရက်အတွက် မိုးလေ၀သ အချက်အလက်များကို သိရှိနိုင်မည် ဖြစ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။