အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိုးသတ်ဆေးအညွှန်းစာတွင် ဘာတွေပါသလဲ?

ပိုးသတ်ဆေးအညွှန်းစာတွင် ဘာတွေပါသလဲ?

ပိုးသတ်ဆေးအညွှန်းစာတွင် ပိုးသတ်ဆေးအား စိုက်ခင်းတွင် အသုံးပြုနည်းကို ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ အသုံးပြုနိုင်သော ဖျက်ပိုးများ (ပေါင်း၊ အင်းဆက် သို့မဟုတ် ရောဂါများ) နှင့် မည်သည့်သီးနှံများအတွက် အသုံးပြုနိုင်သည်ကို ဖော်ပြထားပါသည်။ ပိုးသတ်ဆေးအညွှန်းစာတွင် ဖော်ပြထားသော ဖျက်ပိုးများအတွက်သာ ပိုးသတ်ဆေးကို အသုံးပြုရပါမည်။ ထိုသို့မဟုတ်ပါက  ပိုးသတ်ဆေးဖျန်းလိုက်သည့် သီးနှံ၊ ထိုသီးနှံကို စားသုံးသည့်သူများ သို့မဟုတ် ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။ 

ပိုးသတ်ဆေးအညွှန်းစာတွင် အောက်ပါတို့ကိုလည်း ဖော်ပြထားပါသည်။ 

    • အမြင့်ဆုံးပိုးသတ်ဆေးနှုန်းထား  

    • သီးနှံတစ်မျိုးစီတိုင်းတွင် အသုံးပြုနိုင်သည့် ဆေးစီရင်နိုင်မှုအကြိမ်

    • သက်ဆိုင်ပါက ပိုးသတ်ဆေးပက်ဖျန်းပြီး ရိတ်သိမ်း/ ခူးဆွတ်ရမည့် ကြားကာလ နှင့်

    • ပိုးသတ်ဆေးဖျော်ရည်အား ပြင်ဆင်ရာနှင့် ပက်ဖျန်းရာတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် ပိုးသတ်ဆေးပက်ဖျန်းသူ ဝတ်ဆင်ရမည့် တစ်ကိုယ်ရည်သုံး အကာအကွယ် ကိရိယာများ။ 

ထို့အပြင် ပိုးသတ်ဆေးအညွှန်းစာတွင် အောက်ပါအကြံဉာဏ်များကိုပေးထားပါသည်။ 

    • ပိုးသတ်ဆေးဖျော်စပ်ပုံနည်းလမ်း

    • ပိုးသတ်ဆေး ပက်ဖျန်းပုံနည်းလမ်း

    • ဆေးဖျန်းပုံးအား ဆေးပက်ဖျန်းပြီး ဆေကြောပုံ နည်းလမ်း

    • ပိုလျှံသော ပိုးသတ်ဆေးဖျော်ရည်များကို စွန့်ပစ်ပုံနည်းလမ်း 

    • ပိုးသတ်ဆေးဖိတ်စင်မှုကို စီမံခန့်ခွဲခြင်း နည်းလမ်းနှင့်

    • ပိုးသတ်ဆေးလွင့်မျောခြင်းနှင့် ညစ်ညမ်းစေနိုင်သည့်နေရာများကဲ့သို့သော အခြား ဖြစ်နိုင်ဖွယ်အန္တရာယ်များကို ကာကွယ်ခြင်းနည်းလမ်း အစရှိသည့်အချက်များ ပါဝင်ပါသည်။

ဒေါက်တာကိုကို

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။