ဘယ်လိုအခြေအနေမျိုးမှာ သခွားသီးတွေ ခါးသက်တာလဲ..?
သခွားပင်သည် Family-cucurbitaceae ဆိုသည့် ဗူး၊ ဖရုံ၊ သခွားမျိုးရင်းများအနက် ပါဝင်သည်။ သခွားပင်မှထုတ်သည့် Cucurbitacins ဆိုသည့် ဓာတ်ပစ္စည်းကြောင့် သခွားသီးများ၌ ခါးသက်သည့် အရသာဖြစ်ပေါ်ရခြင်း ဖြစ်သည်။
“ပုံမှန်အားဖြင့် Cucurbitacins တွေက အပင်ရဲ့ အရွက်တွေ၊ ပင်စည်တွေထဲမှာ ရှိနေရာက တဆင့် အသီးထဲရောက်သွားလို့ သခွားသီးတွေ ခါးရခြင်းဖြစ်ပါတယ်။ Cucurbitacins တွေဟာ cytotoxin ဖြစ်ပြီး အသီးအရွက်စားသတ္တဝါတွေရဲ့ရန်က ကာကွယ်ဖို့ ထုတ်တာဖြစ်ပါတယ်။ များများစားမိရင်တော့ လူတွေမှာ ဖျားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောသည်
ခါးသက်ရသည့် အဓိက အကြောင်းအရင်းများ…
(၁) ရာသီဥတု ပူလွန်းခြင်း
သခွားသီး ခါးသက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အပူချိန်များလွန်းခြင်းဖြစ်သည်။ ပူလွန်းသည့်အခါ သခွားပင်သည် အပူဒဏ်ကြောင့် အခါးဓာတ်ကို ထုတ်လေ့ရှိသည်။ အပူဒဏ်များများ ခံရလေလေ၊ အခါးဓာတ်ကို များများထုတ်လေ ဖြစ်သည်။
(၂) ရေပေးသွင်းသည့်ပမာဏ မမျှတခြင်း
သခွားပင် ရေပေးသွင်းသည့်အခါ ရေပမာဏ အနည်းအများ မမျှတခြင်းကြောင့် အပင်ရေငတ်ခြင်း၊ ရေဝပ်ခြင်းဖြစ်ပြီး သခွားပင်ဖိစီးမှု stress ဖြစ်၍ သခွားသီးများ ခါးသက်နိုင်သည်။
(၃) အပူချိန်ကွာဟချက် များလွန်းခြင်း
အပင်သက်တမ်းအတွင်း ရာသီဥတုပူလွန်းခြင်း၊ အေးလွန်းခြင်း၊ ရာသီဥတုပြင်းထန်ခြင်း တို့ကို ကြုံတွေ့ရလျှင်လည်း သခွားသီးများ ခါးသက်သည့်အရသာ ဖြစ်တတ်သည်။
(၄) မျိုးရိုးလိုက်ခြင်း
အချို့သခွားသီးမျိုးများအတွင်း အခါးဗီဇ (gene) ပင်ကိုယ်အတိုင်း ပါလာနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022