ရေဝပ်တဲ့မြေမှာ ဘာအပင်တွေစိုက်သင့်သလဲ
ရေဝပ်မြေဆိုတာကတော့ မြေကြီးကအစိုဓာတ်အရမ်းများပြီး လိုအပ်တဲ့ပမာဏထက် ရေတွေပြည့်ဝနေတာကို ဆိုလိုတာပါ။ တချို့မြေတွေမှာဆိုရင် မိုးရာသီမှာသာရေဝပ်တာမျိုးမဟုတ်ပဲ တစ်နှစ်ပတ်လုံးရေဝပ်နေတတ်ပါတယ်။ ဒီလိုမြေတွေမှာဆိုရင် အောက်ဆီဂျင်မလုံလောက်တာမို့ သီးနှံအများစုစိုက်လို့ မရနိုင်ပါဘူး။ ရေအစိုဓာတ်မြင့်မားတာမို့ အကျိုးပြုအဏုဇီဝပိုးမွှားတွေကင်းမဲ့ခြင်း၊ အမြစ်ပုပ်ခြင်းများ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ရေဝပ်တဲ့မြေ တစ်နည်းအားဖြင့် အစိုဓာတ်များတဲ့မြေတွေမှာ စိုက်လို့ရတဲ့အပင်တချို့လည်းရှိပါသေးတယ်။
ရေအစိုဓာတ်မြင့်မားတဲ့ မြေတွေမှာ စိုက်လို့ရတဲ့အပင်တွေကတော့
(၁) ကညွတ်
ကညွတ်က အစိုဓာတ်မြင့်မားတဲ့မြေတွေကိုခံနိုင်ရည်ရှိပြီး ယာယီရေဝပ်တဲ့မြေတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် တစ်နှစ်ပတ်လုံးရေဝပ်တဲ့မြေတွေဆိုရင်တော့ မြေကိုအနည်းငယ်ပြုပြင်ပြီးမှ စိုက်ပျိုးရပါမယ်။
(၂) ပိန်းဥ
ပိန်းဥပင်ကို တချို့က ရေထဲမှာ စိုက်ကြတာမို့ ရေဝပ်တဲ့ဒဏ်ကို ခံနိုင်ရည်အရှိဆုံးအပင်တွေထဲပါဝင်ပါတယ်။ ဈေးကွက်လဲ အသင့်အတင့်ရှိတာမို့ မိမိတို့မြေက တစ်နှစ်ပတ်လုံးရေဝပ်တဲ့မြေဆိုရင်တော့ ပိန်းဥသာ စိုက်ထားလိုက်ပါ။
(၃)သစ်တော်သီးပင်
သစ်တော်သီးပင်က အစိုဓာတ်မြင့်မားတဲ့မြေတွေမှာ ကောင်းစွာဖြစ်ထွန်းကြပြီး သူ့ရဲ့အသီးကလည်းရေဓာတ်မြင့်မားစွာပါဝင်ပါတယ်။ အမြစ်ဖွဲ့စည်းတဲ့အချိန်မှာလည်း ရေအစိုဓာတ်အများကြီး လိုအပ်တာမို့ ရေဝပ်တဲ့မြေမှာ စိုက်ပျိုးနိုင်ပါတယ်။
(၄)စတော်ဘယ်ရီပင်
စတော်ဘယ်ရီပင်ကလည်း အစိုဓာတ်ကြိုက်တဲ့ အပင်တွေထဲမှာပါဝင်ပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ရေနဲ့ မြေမဲ့စိုက်ပျိုးကြတာတွေရှိလို့ ရေဝပ်တဲ့မြေမှာလည်း ဂရုစိုက်ပြီး စိုက်ပျိုးမယ်ဆိုရင်ဖြစ်ထွန်းနိုင်ပါတယ်။
(၅)မာလကာပင်
မာလကာပင်တွေကိုလည်း ရေဝပ်တဲ့မြေမှာ စိုက်ပျိုးနိုင်ပါတယ်။ တချို့ကတော့ ရေဝပ်တဲ့မြေမှာ အိုးလေးတွေ စနစ်တကျနဲ့စိုက်ကြပါတယ်။ အဲ့လိုစိုက်နိုင်ရင်တော့ ပိုပြီးကောင်းပါတယ်ဗျ။
(၆)အုန်းပင်
တချို့သူတွေက အုန်းပင်တွေကို စပါးကန်သင်းဘောင်တွေပေါ်မှာစိုက်ကြသလို၊ ပင်လယ်ကမ်းခြေတွေပေါ်မှာလည်း အုန်းပင်တွေ ရှင်သန်နိုင်တာကို ကြည့်ခြင်းအားဖြင့် ရေဝပ်ဒဏ်၊ ရေလွှမ်းဒဏ်ကို ခံနိုင်ရည်ရှိတာသိသာစေပါတယ်။
(၇)သံပုရာပင်
ယာယီရေဝပ်တဲ့မြေတွေမှာတော့ သံပုရာပင်တွေကို စိုက်လို့ရပေမယ့် တစ်နှစ်ပတ်လုံးရေဝပ်မြေဆိုရင်တော့ ပြုပြင်ပြီးမှ စိုက်သင့်ပါတယ်။
ရေဝပ်ခြင်း/ရေလွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အပင်နှင့် မြေဆီလွှာတို့အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုသည် အပင်မျိုး၊ ကြီးထွားမှုအဆင့်၊ ရေဝပ်ကာလကြာချိန်တို့အပေါ် များစွာမူတည်နေပြီး ပျက်စီးမှုအတိုင်းအတာကလည်း ကွာခြားနိုင်ပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ အပင်တွေကလည်း ရေဝပ်ဒဏ်ကို လုံးဝခံနိုင်ပြီး အထွက်ကောင်းသည်ဟုမဆိုပါ။ အခြားအပင်တွေထက်စာရင် ရေဝပ်တဲ့မြေမှာ ဒီအပင်တွေစိုက်လို့ရကြောင်းဖော်ပြခြင်းဖြစ်ပါတယ်။
ရေဝပ်တဲ့မြေတွေကို ပြုပြင်လို့ရမယ့် နည်းလမ်းတွေကိုလည်း နောက်ဆောင်းပါးတစ်ပုဒ်မှာ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်ဗျ။
ကိုးကား
https://www.gardeningknowhow.com/edible/fruits/fegen/fruit-trees-in-wet-conditions.htm
https://morningchores.com/plants-for-wet-soil/
စိုက်ရေး ပျိုးရေး ဗဟုသုတပေး (facebook page)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ညီ
လွန်ခဲ့သော ၅ နှစ် ကဒူရင်စိုက်လိုအစဥ်းပြေမလားအကို
KO THET HTUT OO
လွန်ခဲ့သော ၅ နှစ် ကနဂါးမောက်စိုက်ဖို့ရောအဆင်ပြေနိုင်မလားဗျ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....