အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အော်ဂဲနစ်လယ်ယာကိုဘာဖြစ်လို့သွားချင်ရတာလဲ

အော်ဂဲနစ်လယ်ယာကိုဘာဖြစ်လို့သွားချင်ရတာလဲ

Green Way
Green Way • Greenovator • 30/10/2018

(၂၀)ရာစုလယ်ကစပြီး ယနေ့အထိ တိုးတက်လာနေတဲ့လူဦးရေအတွက် အစားအစာဖူလုံနိုင်စေဖို့ သီးနှံရိက္ခာ စိုက်ပျိုး ထုတ်လုပ်သူများက အထွက်တိုးစေတဲ့ ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ အဆိပ်ငွေ့မှိုင်းတိုက်ဆေးတွေကို တွင် ကျယ်စွာ အသုံးပြုခဲ့တဲ့အတွက် ကမ္ဘာ့မြေထု၊ ရေထု၊ လေထုတွေမှာ ညစ်ညမ်းမှုမျိုးစုံနဲ့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်လာရတယ်။

အော်ဂဲနစ်လယ်ယာစိုက်ပျိုးမွေးမြူရေးတွေဟာ တုပဖန်တီးထားသော ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ၊ ကြီးထွား ဟော်မုန်းများ အသုံးမပြုသည့်အတွက် မြေထု၊ ရေထု၊ လေထုရဲ့သန့်ရှင်းရေးကို များစွာအကူအ ညီပေးပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်နဲ့ လူ၊ တိရစ္ဆာန်၊ အပင်သက်ရှိတို့နဲ့ ကျန်းမာရေးအထောက်အကူပြုသော နည်းလမ်းပါပဲ။

မိမိတို့လူသားများဟာ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ရှိသော အစားအစာများကို ရက်ပေါင်းတာရှည်စွာ စားသုံးနေကြ တယ်ဆိုတာ မည်သူမှ သတိထားမိမှာမဟုတ်ပါဘူး။ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်မြင့်မားနေသော အစားအစာ များကြောင့် လူတွေ  ရုတ်တရက်သေဆုံးနိုင်တယ်။ သို့မဟုတ် အဆိပ်သင့်နိုင်တယ်။ ဓာတ်ကြွင်းအာနိသင် အနည်း ငယ်ပင်လျှင် ကင်ဆာရောဂါဖြစ်စေနိုင်သည့်အကြောင်း ရှိပါတယ်။ အလွန်ကိုနည်းပါးသည့် ဓာတ်ကြွင်းအာနိသင် ထရီလျှံရဲ့အစိတ်အပိုင်း (Just a few parts per trillion-1,000,000,000,000) မျှပင်လျှင် ကလေးများရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ပျက်စီးနိုင်ပါသည်။ အော်ဂဲနစ်အစားအစာက ပိုးသတ်ဆေး၊ ဓာတုမြေဩဇာကင်းစင် သည့်အတွက် ဓာတ်ကြွင်း အာနိသင် ကင်းစင်ပါတယ်။

ဒါကြောင့်မို့ အော်ဂဲနစ်လယ်ယာ စိုက်ပျိုးသူများအဖို့ မိမိနှင့် မိမိတို့ရဲ့မိသားစုများအပြင်   စားသုံးသူများ အတွက်လည်း ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ဗီဇပြုပြင်သီးနှံများကို လုံးဝအသုံးမပြုဘဲ စိုက်ပျိုးစားသုံးနိုင်ကြရင်၊ ဓာတ်ကြွင်း အာနိသင်ကင်းစင်စေသည့်အတွက် ကျန်းမာရေးနဲ့ညီညွတ်စေသော နည်းလမ်းဖြစ်ပါတယ်။ ဓာတ်မြေဩဇာ အသုံးမပြု သည့်အတွက်လည်း အော်ဂဲနစ်သီးနှံက အာဟာရပြည့်ဝသည့်အပြင် ကောင်းမွန်သောအရသာကိုလည်း ပေးစွမ်းပါတယ်။

အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာရရှိရေးက အော်ဂဲနစ်ထောက်ခံချက်ပါသော အစားအစာကိုစားသုံးမှ ကျန်း မာရေးအာမခံချက်ကိုရရှိတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်စိုက်ပျိုးရာမှာ ရွေးချယ်နိုင်တဲ့အခွင့်အရေးတွေက အများအပြား ပါပဲ။ ကိုယ်တိုင်စိုက်ပျိုးစားသူများအဖို့ အော်ဂဲနစ်သဘောတရားကို သိသွားပြီးဆိုရင် အလွန်ကိုလွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။

အော်ဂဲနစ်စိုက်ပျိုးရေးကလူ၊ တိရစ္ဆာန်၊ အပင် သက်ရှိအားလုံး၊ သက်ရှိအချင်းချင်း၊ ဆက်နွယ်မှုရှိနေရမည့်အပြင်၊ သက်ရှိနဲ့ ၎င်းတို့၏ပတ်ဝန်းကျင်အားလုံးဟာ သဘာဝဂေဟအဖွဲ့အစည်း မပျက်ယွင်းအောင် ထိန်းသိမ်းထားနိုင်ရင်၊ အော်ဂဲနစ်လယ်ယာစနစ် စိုက်ပျိုးရေးကို ချီတက်နေတာပဲဖြစ်ပါတယ်။

အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ မြေယာအားလုံးကို အစိမ်းရောင်တွေနဲ့ တစ်နှစ်တာပတ်လုံး ဖုံးလွှမ်းထားစေတဲ့စနစ်ဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာပါတဲ့ လေပေါက်တွေဟာ လေထုမှကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးမယ်။ ပြီးတော့ လေထုထဲကို အောက်စီဂျင်လေသန့်တွေ ပြန်လည်ထုတ်ပေး တဲ့အတွက် လေထုသန့်ရှင်းသွားစေတယ်။

စိုက်ပျိုးသူတွေကလည်း ဓာတုပိုးသတ်ဆေးတွေကို အသုံးမပြုရသည့်အတွက် သူတို့ရဲ့ကျန်းမာရေးအတွက်လည်း လုံခြုံ စိတ်ချ သွားစေတယ်။ အော်ဂဲနစ်အစားအစာကို စားသုံးရသူများကလည်းပဲ လုံခြုံစိတ်ချရတဲ့အစားအစာကို စားသုံးရတာ ဖြစ်တဲ့အတွက် ကျန်းမာချမ်းသာမှုကိုရစေတယ်။

ဒါကြောင့် အော်ဂဲနစ်လယ်ယာများကို စိုက်ပျိုးရေးသဘာဝပတ်ဝန်းကျင်အတွက်ကော၊ စိုက်ပျိုးသူများအပြင် စားသုံးသူ များအတွက်ပါ သုံးပွင့်ဆိုင်အကျိုးပြုစေတဲ့ Win Win Win စနစ်မို့လို့ အော်ဂဲနစ်လယ်ယာကို သွားသင့်တာပေါ့နော်။

မင်းဝင်းထိန် (B.Ag)

အခြေခံအော်ဂဲနစ်လယ်ယာစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။