စိုက်ခင်းထဲက မိတ်ဆွေးပိုးတွေကို ဘာကြောင့်ထိန်းသိမ်းသင့်သလဲ
စိုက်ခင်းထဲမှာ ဖျက်ပိုးရှိသလို မိတ်ဆွေပိုးတွေလည်း ရှိပါတယ်။ မိတ်ဆွေပိုးဆိုသည်မှာ တောင်သူဦးကြီးတို့၏ သီးနှံများကို လာရောက်စားသောက်ဖျက်ဆီးသော ဖျက်ပိုးများကို ကိုက်ဖျက်စားသောက် ကပ်ပါးပြုတတ်သော အင်းဆက်ဖြစ်၍ မိတ်ဆွေပိုးဟု ခေါ်ကြပါတယ်။ စိုက်ခင်းတွင် ဖျက်ပိုးနှင့် မိတ်ဆွေပိုး မျှချေအနေအထားတွင်ရှိပါက ပိုးသတ်ဆေးသုံးစွဲစရာမလိုဘဲ တောင်သူဦးကြီးတို့ စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေမှာ ဖြစ်ပါတယ်။
တောင်သူဦးကြီးများက စိုက်ခင်းထဲတွင် ပိုးတွေ့သည်နှင့်တပြိုင်နက် စိုးရိမ်လွန်ကာ ပိုးသတ်ဆေးများကို အလွန်အကျွံဖျန်းခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲမှုမရှိခြင်း၊ ပိုးသေစေရန် ဆေးနှုန်းထားကို မြှင့်၍သုံးစွဲခြင်း၊ ပိုးသတ်ဆေးများကို ရောစပ်သုံးစွဲခြင်း စသည့် နည်းစနစ်ဆိုးများကြောင့် ဖျက်ပိုးများသာမက အကျိုးပြုမိတ်ဆွေပိုးများပါ သေကြေပျက်စီးရသည်။ ထို့ပြင် ဖျက်ပိုးများသည် ရေရှည်တွင် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာပြီး ပိုးသတ်ဆေးများ ထပ်ခါထပ်ခါဖျန်းသော်လည်း ပိုးကျရောက်မှုမလျော့သွားဘဲ ထုတ်လုပ်မှုကုန်ကျစရိတ် တိုးလာစေပါသည်။ မိတ်ဆွေပိုးများ သေဆုံးသဖြင့် ဖျက်ပိုးများကို ကိုက်ဖျက်စားသောက်မည့် ရန်သူများမရှိသောကြောင့် ဖျက်ပိုးများ အရေအတွက်ပိုမိုများပြားလာနိုင်ပြီး အဆမတန်ပွားများလာပါသည်။ ပိုးသတ်ဆေးဖျန်းသောအခါ ဖျက်ပိုးများသည် အရွက်၊ မြေကြီး၊ သီးတောင့်များထဲတွင် ပုန်းအောင်းနေထိုင်ကြသောကြောင့် ပိုးသတ်ဆေးနှင့် ထိတွေ့မှုနည်းပါတယ်။ မိတ်ဆွေပိုးများမှာမူ ဖျက်ပိုးများကို ဖမ်းဆီးစားသောက်ရန် စိုက်ခင်းထဲတွင် သွားလာလှုပ်ရှားနေရသောကြောင့် ပိုးသတ်ဆေးနှင့် ပိုမိုထိတွေ့ရသဖြင့် မိတ်ဆွေပိုးများသည် ဖျက်ပိုးများထက် ပိုမိုသေဆုံးရပါတယ်။
ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ခင်းအတွင်း မိတ်ဆွေပိုးများ ပွားများလာအောင် ထိန်းသိမ်းပေးသင့်ပါတယ်။ တခြားနိုင်ငံများတွင် ဓာတ်ခွဲခန်းများမှ မိတ်ဆွေပိုးများကို ဝယ်ယူ၍ စိုက်ခင်းထဲသို့ လွှတ်ပေးခြင်းဖြင့် ဖျက်ပိုးနှင့် မိတ်ဆွေပိုး မျှခြေအနေအထားရှိအောင် ပြုလုပ်ပေးကြပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင်မူ ထို့ကဲ့သို့ ဇီဝနည်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုမ်နှင်းသောနည်းစနစ်မှာ အနည်းငယ်သာ ရှိသေးသောကြောင့် တောင်သူများအနေဖြင့် အပြင်မှ ဝယ်ယူ၍လွှတ်မည့်အစား စိုက်ခင်းအတွင်း သဘာဝအတိုင်းရှိနေသော မိတ်ဆွေပိုးများကို မလျော့ပါးသွားအောင် ထိန်းသိမ်းသင့်ပါသည်။
မိတ်ဆွေပိုးများကို ယေဘူယျအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါသည်။ ဖျက်ပိုးများကို တိုက်ရိုက်စားသောက်သော သားရဲကောင်များ(predator)နှင့် ဖျက်ပိုးများပေါ်တွင် ဥဥ၍ ကပ်ပါးပြုနေထိုင်စားသောက်သော ကပ်ပါးကောင်(parasite)တို့ဖြစ်ပါတယ်။
မိတ်ဆွေပိုးများကို ခွဲခြားလေ့လာသိရှိခြင်း
မိတ်ဆွေပိုးများသည် စိုက်ခင်းထဲတွင် သဘာဝအတိုင်းရှိနေသော်လည်း တောင်သူဦးကြီးများအနေဖြင့် သတိမပြုမိတတ်ကြပေ။ မိမိတို့ပတ်ဝန်းကျင်တွင်ရှိနေသော ပုဇဉ်း၊ လိပ်ခုံးကျိုင်း၊ ဇာတောင်ပိုး၊ အကျိုးပြု ဂျပိုးနက်များ၊ နှံကောင်၊ ပင့်ကူ၊ ကပ်ပါးနဂျီများသည် တောင်သူများအတွက် မိတ်ဆွေပိုးများဖြစ်ပြီး ဖျက်ပိုးများကို ကိုက်ဖျက်စားသောက် ကပ်ပါးပြုခြင်းဖြင့် ကူညီပေးနေပါတယ်။ လိပ်ခုံးကျိုင်း အရွယ်ရောက်ကောင်တစ်ကောင်သည် ၁ ရက်လျှင် ပျအကောင်ရေ ၅၀ အထိ စားသောက်နိုင်သောကြောင့် မိမိစိုက်ခင်းထဲတွင် လိပ်ခုံးကျိုင်းများစွာရှိနေပါက ပိုးသတ်ဆေးသုံးစွဲစရာမလိုဘဲ သဘာဝအတိုင်း ဖျက်ပိုးကို နှိမ်နှင်းပြီးသား ဖြစ်နေမည် ဖြစ်သည်။
မိမိတို့အတွက် အရေးကြီးလှသော မိတ်ဆွေပိုးများကို ထိန်းသိမ်းနိုင်ရန်
- ဓာတုပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချပါ။ ရွေးချယ်ပေါင်းသတ်ဆေးများကို အသုံးပြုပါ။
- တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေး စသော သဘာဝပိုးသတ်ဆေးများကို အစားထိုးသုံးစွဲပါ။
- မိတ်ဆွေပိုးများအတွက် အစားအစာနှင့် နေရာထိုင်ခင်း ထောက်ပံ့နိုင်ရန် သီးနှံအကြွင်းအကျန်များ ဖုံးအုပ်ပေးပါ။
- မိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်ရန် စိုက်ခင်းပတ်လည်တွင် နေကြာ၊ ရုံးပတီ၊ ချစ်တီးပန်း စသော ပန်းပွင့်သောအပင်များကို စိုက်ပျိုးပေးပါ။
- ပန်းပွင့်သောအပင်များနှင့် သီးညှပ်စိုက်ပျိုးပါ။
Reference
https://www.finegardening.com/article/attracting-beneficial-insects
https://www.sare.org/publications/manage-insects-on-your-farm/principles-of-ecologically-based-pest-management/strategies-to-enhance-beneficials/
http://www.thisland.illinois.edu/50ways/50ways_13.html
https://www.soiltechcorp.com/blog/how-to-protect-beneficial-insects/
https://www.tallahassee.com/story/life/home-garden/2020/09/17/simple-ways-conserve-beneficial-insects-healthy-gardens/5756517002/
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိတ်ဆွေပိုး
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကဗဟုသုတပေးတဲ့အတွက်ဂုဏ်ယူပါတယ်ဗျာ နောက်တစ်ခုတောင်းဆိုပါရစေဗျာ အကျိုးပြုပိုးမွှားနှင့်အကျိုးဖျတ်ပိုးမွှားများပိုပုံနဲ့အမည်သီးခြားခွဲပြပြီးဆောင်းပါးလေးရေးပေးပါလိုတောင်းဆိုပါရစေ
အေးပွင့်ဖြူ
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့တောင်သူဦးကြီးများအတွက် အသုံးဝင်တယ်ဆိုတဲ့အတွက် ဝမ်းသားမိပါတယ်ရှင့် နောက်ထပ်လည်း တောင်သူဦးကြီးများအတွက် အသုံးဝင်အကျိုးရှိစေသော ဆောင်းပါးများကို ဆက်လက်ရေးသားသွားပါမယ်ရှင့်
ဦးလင်း
လွန်ခဲ့သော ၅ နှစ် ကတောင်သူများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတပါဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 1 ခု
ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး
UTheinAung • ဖြေကြားချက် 1 ခု
စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု
မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ
sithuaung • ဖြေကြားချက် 1 ခု
စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်
မောင်မြတ်မင်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from အေးပွင့်ဖြူ
အားလုံး
စားနပ်ရိက္ခာဖူလုံဖို့ ဒေသမျိုးတွေ ထိန်းသိမ်းစို့
27/12/2021
သတိထားစားသုံးသင့်သော ပိုးသတ်ဆေးဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုး
07/12/2021
စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်
27/10/2021
မုန်ညှင်းမျိုးနွယ်ဝင်အပင်တွေမှာ ဆိုးရွားစွာကျရောက်တဲ့ သံချေးဖြူရောဂါ
21/10/2021
အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ
08/10/2021