အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်တန်ကို ၁၇ သိန်းနီးပါးနဲ့ ၁၉ သိန်းကျော်ထိ တက်လာသည့် မတ်ပဲဈေးနှုန်းများ

တစ်တန်ကို ၁၇ သိန်းနီးပါးနဲ့ ၁၉ သိန်းကျော်ထိ တက်လာသည့် မတ်ပဲဈေးနှုန်းများ

Green Way
Green Way • 29/06/2022

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ အိန္ဒိယအဓိကပို့ကုန်တစ်ခုဖြစ်တဲ့ မတ်ပဲဈေးနှုန်းတွေဟာ ဆက်တိုက်တက်နေဆဲ ဖြစ်ပြီး အမျိုးအစားအလိုက် တစ်တန်ကို ကျပ် ၁၇ သိန်းနီးပါးနဲ့ ၁၉ သိန်းကျော် ဈေးတွေ ဖြစ်လာတာပါ။

မတ်ပဲ(FAQ/RC - 2022) က ဒီနေ့မှာ တစ်တန်ကို ၁၆၉၃၅၀၀ ဖြစ်လာပြီး မတ်ပဲ (SQ/RC - 2021) ကတော့ တစ်တန်ကို ၁၉၁၃၅၀၀ ကျပ် ထိ ဖြစ်လာတာပါ။

Indiatimes သတင်းတစ်ခုအရတော့ အိန္ဒိယမှာ မုတ်သုံနောက်ကျနေတာကြောင့် စပါး၊ ပဲတီစိမ်းနဲ့ မတ်ပဲစိုက်ပျိုးမှုတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး အချိန်မီမစိုက်ပျိုးနိုင်တာတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တကယ်လို့ စိုက်ပျိုးချိန်တွေမမီတော့ရင် လယ်သမားတွေဟာ ဟင်းသီးဟင်းရွက်တွေ၊ ပြောင်းတွေလိုမျိုးတွေကို ပြောင်းလဲစိုက်ပျိုးရနိုင်တယ်လို့ စိုက်ပျိုးရေးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားကြောင်းလည်း သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အိန္ဒိယမှာ မိုးနည်းနေတာကြောင့် စိုက်ပျိုးဧရိယာကျဆင်းမှုအဆိုးရွားဆုံးမှာ ဆန်စပါးဖြစ်ပြီး မတ်ပဲနှင့်ပဲစဥ်းငုံစိုက်ပျိုးမှုက ဒုတိယလိုက်နေတယ်လို့ ဆိုထားပါတယ်။ ၂၀၂၁ ဘဏ္ဍာနှစ်တုန်းက မတ်ပဲစိုက်ဧရိယာ ဟက်တာ ၁.၉၄ သိန်းရှိခဲ့ပေမယ့် ယခု ၂၀၂၂ ဘဏ္ဍာနှစ်မှာတော့ မတ်ပဲစိုက်ဧရိယာဟာ ဟက်တာ ၀. ၉၃ သိန်းသာရှိတယ်လို့ ဆိုထားလို့ နှစ်ဆကျော်ကျဆင်းသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်ပဲစိုက်ပျိုးထုတ်လုပ်ပြီး အိန္ဒိယသို့တင်ပို့နေတဲ့ ပါကစ္စတန်နိုင်ငံမှာလည်း ယခုနှစ်မှာ မတ်ပဲစိုက်ပျိုးထွက်ရှိမှု ကျဆင်းနေတယ်လို့လည်း ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါပေမဲ့ အခုလို ပဲလိုအပ်ချက်များပြားနေပေမယ့် အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ဈေးနှုန်းထိန်းညှိရန် မူဝါဒတစုံတရာ​ထုတ်ပြန်လာနိုင်တာကိုတော့ သတိချပ်ဖို့ လိုတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သတိပေးထားပါတယ်။

ဒီတစ်ပတ်မှာ အတက်ဘက်ကိုပြန်ရောက်လာတဲ့ ပဲစင်းငုံနီ (RC-2021) ဈေးနှုန်းဟာလည်း အတက်ဈေးနဲ့သာဆက်ရှိနေပြီး ဒီနေ့မှာတော့ တစ်တန်ကို ၁၄၄၇၅၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဒေါ်ခင်ဆွေဦး

ဒေါ်ခင်ဆွေဦး

လွန်ခဲ့သော ၄ နှစ် က

တဧကဘယ်လောက်ကြဲရမလဲ

You

ဆက်စပ်မေးခွန်းများ

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 0 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။