အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်စပါးစံချိန်စံညွှန်း မူကြမ်းရေးဆွဲမှုနောက်ဆုံးအဆင့်ရောက်ရှိ

ဆန်စပါးစံချိန်စံညွှန်း မူကြမ်းရေးဆွဲမှုနောက်ဆုံးအဆင့်ရောက်ရှိ

 

ဆန်စပါးစံချိန်စံညွှန်း မူကြမ်းရေးဆွဲနေမှုဟာနောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်ပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ နောက်ဆုံးအဆင့်မှုကြမ်းရေးဆွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက် ဒေသဆိုင်ရာပညာရှင်များ စိုက်ပျိုးရေးအဖွဲ့များနဲ့အတူ ကွင်းဆင်းကာတွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

 

“ တိုင်းနဲ့ပြည်နယ်အလိုက် နေရာလေးတွေကိုရွေးချယ်ပြီးတော့ အဲဒီမှာရှိတဲ့ supply chain မှာပါတဲ့လယ်သမားတွေ ၊ ကုန်သည် ၊စက်ပိုင်တွေ ၊ ဒေသဆိုင်ရာပညာရှင်တွေနဲ့ စိုက်ပျိုးရေး အဖွဲ့တွေသူတို့ တွေနဲ့သွားပြီးကွင်းဆင်းစစ်ဆေးဖို့ လုပ်ဆောင်တော့မယ်။ သူတို့တွေကို နောက်ဆုံးမူကြမ်းချပြတော့မယ်” ဆန်စပါးစံချိန်စံညွှန်းနောက်ဆုံးမူကြမ်းကို သက်ဆိုင်ရာဌာနဆိုင်ရာများကိုလည်း တင်ပြသွားမှာဖြစ်ပြီး စံချိန်စံညွှန်းကော်မတီကိုလည်း တင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ဆန်စပါးစံချိန်စံညွှန်းများ ၊အလေးအချိန် ၊အချိန်အတွယ်များကို နိုင်ငံတကာစံချိန်စံညွှန်း နဲ့ အညီ ပြောင်းလဲသတ်မှတ်နိုင်ရေး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုများ ၊ ကြိတ်ခွဲခြင်း ၊ ရောင်းခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ International Finance တို့မှပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။