တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
အယ်လ်နီညို ရာသီဥတုကြောင့် အိန္ဒိယနိုင်ငံတွင် မတ်ပဲ၊ ပဲစဉ်းငုံ အပါအဝင် ပဲမျိုးစုံ ဈေးမြင့်တက်လာသည်။ ထိုအခြေအနေက မြန်မာ့ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှု ရှိနေသည်။
ပြည်တွင်း ဈေးမာနေသည့် မတ်ပဲ
အိန္ဒိယနိုင်ငံတွင် မတ်ပဲဈေး မြင့်တက်မှုကို ကြုံတွေ့နေရသဖြင့် အစိုးရမှ ဈေးနှုန်းထိန်းရန် ကြိုးစားနေသည်။ အယ်လ်နီညို ရာသီဥတု၏ အကျိုးဆက် မုတ်သုံမိုး အားနည်းမှုကြောင့် အိန္ဒိယနိုင်ငံအတွင်း ပဲဈေးများ မြင့်တက်နေခြင်း ဖြစ်သည်။
လက်ရှိ အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၇၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၃၅ ဈေးဖွင့်သည်။
အိန္ဒိယဈေးကွက်တွင် မတ်ပဲဈေး အပြောင်းအလဲ၏ အကျိုးဆက်ကြောင့် မြန်မာ့ဈေးကွက်တွင်လည်း မတ်ပဲ ပြည်ပသို့ ရောင်းချသည့် FOB ဈေး အားပျော့ပြီး ပြည်တွင်းဈေး အနည်းငယ် လှုပ်လာသည်။
မတ်ပဲ ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၀/၈၈၀ မှ ၈၅၅/၈၆၅ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ ကလည်း တစ်တန်လျှင် ဒေါ်လာ ၉၃၀/၉၄၀ မှ ၉၁၅/၉၂၅ သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲမှာ ဈေးအနည်းငယ် လှုပ်နေပြီး မတ်ပဲ FAQ အမျိုးအစား တစ်တန်လျှင် ကျပ် ၃,၇၀၀,၀၀၀ ဝန်းကျင်မှ ၃,၇၇၁,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၉၆၀,၀၀၀ ကျော် (မူရင်း ၄,၉၆၀,၀၀၀ အား ဈေးနှုန်းအမှန် ညှိထားပါသည်) မှ ကျပ် ၄,၀၄၀,၀၀၀ ဝန်းကျင်သို့ ဈေးပြောင်းသွားသည်။
ပဲစဉ်းငုံဈေး ဆက်မာ
အိန္ဒိယနိုင်ငံတွင် မုတ်သုံအားနည်းမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသည်ဆိုသည့် သတင်းများကြောင့် ပဲစဉ်းငုံဈေး ဆက်တိုက် မာလာသည်။ ထို့အပြင် အာဖရိကနိုင်ငံများတွင်လည်း ပဲစဉ်းငုံ ထုတ်လုပ်နိုင်မှု အားပျော့သည်ဆိုသည့် သတင်းများနှင့် သယ်ယူပို့ဆောင်ရေး စရိတ် မြင့်မားလာမှုက အိန္ဒိယနိုင်ငံအတွင်း ပဲစဉ်းငုံဈေးကို တွန်းအား ဖြစ်လာစေသည်။
ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ FOB မှာ တစ်တန်လျှင် ဒေါ်လာ ၁,၀၂၅ ဈေးဖွင့်သည်။
အိန္ဒိယဈေးကွက်၏ အကျိုးဆက်ကြောင့် မြန်မာ့ဈေးကွက်တွင်လည်း ပဲစဉ်းငုံ ပြည်တွင်းဈေး လှုပ်နေသည်။ သို့သော် ပြည်ပသို့ ရောင်းချသည့် ပဲစဉ်းငုံ FOB ဈေး ငြိမ်နေသည်။
မြန်မာ့ဈေးကွက်တွင် ပဲစဉ်းငုံ FOB ဈေးမှာ ပဲစဉ်းငုံ (နီ) အဟောင်း တစ်တန်လျှင် ဒေါ်လာ ၉၅၀/၉၆၀၊ ပဲစဉ်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၈၀/၉၉၀ ဈေးဖွင့်သည်။
ပြည်တွင်းဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ တစ်တန်လျှင် ကျပ် ၄,၃၀၀,၀၀၀ ကျော်မှ ကျပ် ၄,၄၀၀,၀၀၀ ဝန်းကျင်သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ တစ်တန်လျှင် ကျပ် ၄,၁၈၀,၀၀၀ ဝန်းကျင် ဈေးဖွင့်သည်။

ပဲပုပ်ဈေး အေး
ယခုရက်သတ္တပတ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် ပဲပုပ်မှာ ပြည်တွင်းဈေး အနည်းငယ် အေးနေသည်။ မိုးပဲပုပ်အချို့ ဈေးကွက်ဝင်လာချိန် ဆီစက်များနှင့် လုပ်ငန်းသုံးရန် ဝယ်လိုအားမှာ ပုံမှန် အခြေအနေတွင် ရှိနေသည်။
ထို့ကြောင့် ရန်ကုန်ဈေးကွက်တွင် ပဲပုပ်ဈေး အားပျော့လာပြီး ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၆,၃၃၀/၆,၅၀၀ မှ ၆,၂၅၀/၆,၄၂၀ သို့ ဈေးပြောင်းသွားသည်။ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုးမှာ တစ်ပိဿာလျှင် ကျပ် ၆,၅၀၀/၆,၆၇၀ ဈေးဖွင့်သည်။
မန္တလေးဈေးကွက်တွင် ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၄,၉၄၀,၀၀၀ ကျော် ဈေးဖွင့်ပြီး ပဲပုပ် (ရှမ်း) တစ်တန်လျှင် ကျပ် ၄,၁၉၀,၀၀၀ ကျော်မှ ကျပ် ၄,၁၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ကျရိပ်သန်းလာသည့် ကြက်သွန်နီ
ပြည်တွင်း ကြက်သွန်နီဈေး စံချိန်တင် မြင့်တက်လာချိန် ကုန်သည်များ အစည်းအဝေး ပြုလုပ်ပြီးနောက် ကြက်သွန်နီဈေး ကျရိပ်သန်းလာသည်။
မိုးကြက်သွန်နီ အသစ် ဈေးကွက် စဝင်လုချိန်တွင် နွေကြက်သွန်အဟောင်းဈေး စံချိန်တင် မြင့်တက်ခဲ့သည်။ လက်ကျန် ကြက်သွန်နီ လျော့နည်းမှု၏ အကျိုးဆက်ကြောင့် ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည်။
သို့သော် အစည်းအဝေး ပြုလုပ်ပြီးနောက် ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်နီ အဝင် ပိဿာချိန် တစ်သိန်းကျော်သို့ တက်လာပြီး ပြည်တွင်းဈေးလည်း အနည်းငယ် လျော့နည်းသွားသည်။
ရန်ကုန် လက္ကားဈေးကွက်တွင် ကြက်သွန်နီဈေးမှာ ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၇,၀၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၇,၅၀၀၊ တောင်သာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ သို့ ဈေးပြောင်းသွားသည်။ ထို့အပြင် မိုးကြက်သွန်နီ အသစ်များလည်း ဈေးကွက် စဝင်လာနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဆရာသခွားပင်ကအသီးစသီးနေပါပီရှင့် အပင်ကဝါနေလို့ပါ ဘာဆေးလေးဖျန်းရမလဲ လမ်းညွှန်ပေးပါရှင့်
မအိအိထွန်း • ဖြေကြားချက် 1 ခု
နွားသေးအချဉ်ဖောက်ရည် ကို စပါးခင်းအတွက် ဘယ်အချိန်ထိဖျန်းရသလဲဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာ ဒီဆေးကပွင့်ထွေးအတွက်အရမ်းကောင်းတယ်ဆိုတာဟုတ်လား စျေးအရမ်းကြီးနေလို့ပါ တစ်ဧကစာကို၈သောင်းကျော်ပေးရပါတယ် အီမာမက်တင်နဲ့အင်ဒိုဇာကတ်အတွဲထက်ပိုကောင်းတာလားဆရာ
Saw Samson • ဖြေကြားချက် 1 ခု
ဒါဘာဖြစ်တာပါလဲခင်ဗျာ
U Chit Ye Linn Naing • ဖြေကြားချက် 1 ခု
ပင်ညှိုးရောဂါ မကျရောက်အောင် မြေပြင်ချိန်မှာဘာတွေလုပ်ဆောင်သင့်လဲဗျ။
ko paing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ခင်းအတွင်း နွားချေးအစိမ်း သုံးမိရင် ကြုံရမယ့် အန္တရာယ် ၃ မျိုး
20/11/2026
ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ
19/11/2026
အရည်အသွေးကောင်းပြီး အထွက်နှုန်းမြင့်သည့် သီးနှံစိုက်ခင်းများကို ရရှိစေသည့် ဇီဝမြေဩဇာဆိုသည်
19/11/2026
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ
18/11/2026
ဓာတ်မြေဩဇာ အသုံးပြုမှုကို လျှော့ချပေးနိုင်သော အထူးပြုပြင်ထားသည့် ဘက်တီးရီးယားများ
18/11/2026
More from AMIA
အားလုံး